" boss! bossအခန်းထဲ လူတစ်ယောက်ဝင်သွားပါတယ်တဲ့။ တစ်ခါမှလဲမမြင်ဘူးသလို ကြိုချိန်းထားတာမျိုးလဲမရှိပဲနဲ့ပါနဲ့။ "
ဘေးရှိ manager၏ တိုးညှင်းစွာ ပြောလာသည့် စကားကြောင့် Yoongi မျက်မှောင်ကြုံ့လိုက်သည်။
ဘယ်လိုလူကများ သူ့အခန်းထဲ လက်လွတ်စပယ်ဝင်ရဲရတာလဲ။
အစည်းအဝေးက မပြတ်သေးပေလို့ သွားလို့ကလဲမဖြစ်ပြန်။" အင်း အစည်းအဝေးအမြန်ဖျက်လိုက်မယ် "
Yoongiထံ အကြည့်ပို့ထားကြသည့်ရှယ်ရာရှင်ကြီးတွေဘက်ကို Yoongiလှည့်ကာ အသာပြုံးပြလိုက်သည်။
" ဘာမှမဟုတ်ပါဘူးဗျ ဒီတိုင်း အနှောင့်အယှက်အသေးစားလေးပါ။ ဆိုတော့ စောဏကprojectလေး ပြန်ဆက်ကျမလား "
" Mr Minက ဘယ်လိုလုပ်ချင်လဲဗျ ကျွန်တော်တို့ဘက်ကMr Minကို အပြည့်အဝယုံကြည်ထားတာမို့ အဆင်ပြေမယ်ထင်ရင် လုပ်သာလုပ်ပါ "
" ဟုတ်ကဲ့။ အခုလို ကျွန်တော့်ကို ယုံကြည်ပေးကြတာ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘက်ကလဲ လူကြီးမင်းတို့ကို စိတ်မပျက်စေရပါဘူးလို့ အာမခံပါတယ် "
" ဟုတ်ပါပြီ! "
" ဒီလိုဆို projectကအဆင်ပြေပြီဆိုတော့ အစည်းအဝေးပြီးပါပြီဗျ "
" ဟုတ်ပြီ ဒါဆို uncleတို့ ပြန်တော့မယ် လိုတာရှိရင် ပြောနော်Mr Min "
" ဟုတ်ကဲ့ပါဗျ "
ရှယ်ရှာရှင်တွေတစ်ယောက်ပြီးတစ်ယောက်ထပြန်သွားသည်နှင့် Yoongiလဲ ထရပ်ကာ အခန်းအမြန်ပြန်ရသည်။
Yoongiနောက်ကလဲmanagerကလဲ တောက်လျှောက်ပါလာသည်။" ငါ့စာအုပ်တွေပြန်ချထားလိုက်! "
အခန်းထဲရောက်သည်နှင့် Yoongiစာအုပ်စင်ရှိ စာအုပ်များကို ထိကိုင်နေသူအား အော်လိုက်သည်။
ထိုမှသာ Yoongiရှိရာဘက်လှည့်ကာ သူ့အားပြုံးပြလာသည်။" Min Yoongiဆိုသူလား "
" ဘာကိစ္စ "
အမယ်။
ပြောပုံဆိုပုံကိုက အထက်စီးဆန်ဆန်ပါ့လား။ ထင်ထားတာထပ်ပိုပြီး ချေတတ်တော့ Park Jiminတို့ ပိုစိတ်ညစ်သွားရလေသည်။
သို့ပေမဲ့လဲ မျက်နှာကိုပြုံးပြုံးလေးသာ နေလိုက်သည်။
YOU ARE READING
𝑰 𝑵𝒆𝒆𝒅 𝒀𝒐𝒖 𝑰𝒏 𝑴𝒚 𝑳𝒊𝒇𝒆
Fanfictionမောင့်ဘဝမှာ မောင့်Taeကိုပဲ လိုအပ်တာမို့ မောင့်ဘဝထဲ ပြန်လာပေးပါ ။ မောင်မင်းမရှိလို့ ရူးတော့မလိုပဲ မောင့်Taeရယ်။