နေရောင်ခြည်နုနုက မျက်နှာပေါ်ကျရောက်လာသည့်အခါ ရှုံ့တွသွားသည့် မျက်နှာလေးက ဘေးကကြည့်နေတဲ့Jungkookအဖို့ လွန်စွာချစ်ဖို့ကောင်းနေသည်ဟု ထင်မိသည်။ ချစ်တဲ့မျက်စိနှင့်ကြည့်ရင်တော့ ထိုလူ့ရဲ့အရာရာက လူတိုင်းထပ် သာလွန်နေသည်မှာ မဆန်းဘူးမလား။
ဒီနေ့တွင် စောစောနိုးနေသည့်Jungkookက မျက်လုံးနှစ်လုံးပွင့်သည်နှင့် ဘေးမှာအိပ်စပ်နေတဲ့ သူ့Taeကို တစိမ့်စိမ့်ကြည့်နေသည်မှာ အခုချိန်ထိ။
မျက်နှာတောင်မသစ်ရသေးပဲ သူ့Taeကိုသာ ပြုံးပြုံးလေးဖြင့် ကြည့်နေခဲ့တာ။ Taeက သူ့အတွက် တစ်စိမ့်စိမ့်ကြည့်နေရလေ အချစ်တွေတိုးလေ။ ဒီက မောင့်Taeလေးကို မောင်ချစ်လွန်းလို့ ဘယ်သူမှမမြင်အောင် အာခံတွင်းနဲ့သာထည့်ထားလိုက်ချင်တော့တယ်။
" အင်း.. "
မျက်နှာရှုံ့ကာ ညည်းငြူရင်း မျက်လုံးတို့ခပ်ဖြည်းဖြည်းပွင့်ဟလာသည့်အခါ အပြင်ဘက်ရှိ နေရောင်က စူးခနဲဝင်ရောက်လာသည်မို့ မျက်လုံးပြန်ပိတ်ကာ လက်ကလေးကာလိုက်သည်။
လက်ကာပြီး သိပ်မကြာ အလင်းရောင်ဟာမရှိတော့သည်ဟန်မို့ လက်ကိုဖယ်ကာ မျက်လုံးက ခပ်ကျင်းကျင်းပွင့်လာသည်။ ထထိုင်လိုက်ရာ ဆစ်ခနဲဖြစ်သွားသည့် ခါးေအာက်ပိုင်းကြောင့် မလှုပ်ပဲ ငြိမ်ငြိမ်လေးသာ ခဏနေလိုက်သည်။
" အရမ်းနာနေလား မောင့်Tae "
ဘေးနားရှိအသံကြောင့် Taehyung မျက်လုံးကိုပြူးကျယ်စွာ ဖွင့်လိုက်သည်။ ဒီကောင် ဘာလာလုပ်နေတာလဲ။
အာ...ဟုတ်သားပဲ မနေ့ညက Jungkookနဲ့ Taehyung အတူအိပ်ဖြစ်ခဲ့သည်ပဲ။" အရမ်းနာနေရင် ေမာင်ဆရာဝန်ခေါ်ပေးမယ်လေ "
" မလိုဘူး! "
ခပ်ပြတ်ပြတ်ထွက်လာသည့် စကားသံကြောင့် သ့ူTaeစိတ်ဆိုးနေပြီမှန်းသိလိုက်သည်။ စိတ်ဆိုးသင့်တာပဲလေ...အလိုမတူပဲ ဖြစ်ခဲ့ရသည့်ကိစ္စမလား
" မောင်တောင်းပန်ပါတယ်၊ မောင်မရည်ရွယ်ခဲ့ပါဘူး မောင်ပြောခဲ့သားပဲ အခန်းထဲဝင်မလာပါနဲ့ဆို မောင့်Taeက.. "
" ငါ့အမှားလို့ ပြောချင်တာလား "
" မဟုတ်ဘူး! မဟုတ်ပါဘူး! မောင့်Taeအမှားလို့ မောင်ပြောချင်တာ မဟုတ်ပါဘူး။ ဒီကိစ္စက မောင့်အမှားပါ။ မောင်သာ Eunwooမယုံခဲ့မိရင် ဒီလိုဖြစ်စရာမလိုဘူး "
YOU ARE READING
𝑰 𝑵𝒆𝒆𝒅 𝒀𝒐𝒖 𝑰𝒏 𝑴𝒚 𝑳𝒊𝒇𝒆
Fanfictionမောင့်ဘဝမှာ မောင့်Taeကိုပဲ လိုအပ်တာမို့ မောင့်ဘဝထဲ ပြန်လာပေးပါ ။ မောင်မင်းမရှိလို့ ရူးတော့မလိုပဲ မောင့်Taeရယ်။