Ep 12

1.6K 111 0
                                    

" မောင့်Tae မောင်ကစိတ်ရှည်တဲ့သူမဟုတ်ဘူးနော် လာဆို အခုလာလိုက် "

" ဟင့်အင်း မလာဘူးလို့ "

" လာခဲ့....မောင့်Tae မောင်စိတ်မတိုချင်ဘူးနော် "

" ရား ငါလဲစိတ်မတိုချင်ဘူးနော် မလာဘူးဆို မလာဘူးပဲ "

ပြေးရန် အသင့်အနေအထားဖြင့် ဖြစ်နေသော Taeမှာ တကယ်အူယားစရာကောင်းလှသည်။ Jungkookလိုက်ရင် ခဏလေးနဲ့ဖမ်းမိမှာဖြစ်ပေမဲ့ သူ့Taeလေးစိတ်ချမ်းသာအောင် မမိအောင်သာ လိုက်ဖမ်းပေးလိုက်သည်။ ဒါကို မဟုတ်ကြီးထင်နေတဲ့Taeက အတင်းကိုပြေးတာ အခု ခြံထဲတောင်ရောက်နေပြီ။ Jungkookကတော့ အိမ်တံခါးဝမှာတင် ရှိနေသေးတာ။

" ကဲ ေမာင့်Tae...မနက်စာစားတာ နောက်ကျနေမယ် လာစားတော့ "

" ဟင့်အင်း မင်းကအတင်းထိုင်ခိုင်းမှာ "

" ဟမ်

" မင်းပေါင်ပေါ်လို့ပြောတာ "

" မထိုင်ခိုင်းတော့ဘူး ဟုတ်ပြီလား လာ မနက်စာလာစားတော့ "

" တကယ်လား ကတိ "

" ကတိဗျာ ကတိ ကတိ..လာခဲ့တော့ "

" အင်း "

Taeက သူ့ကိုရှောင်ကာ ထမင်းစားခန်းထဲ အတင်းပြေးတော့သည်။ Jungkook အသာပြုံးကာ Taeနောက်လိုက်သွားသည်။
.
.
.
" မောင့်Tae မောင့်ကို ရေလေးယူပေးပါ့လား "

Jungkookဟာ Taeအား တမင်ရေယူခိုင်းလိုက်တာပင်။ ထမင်းစားရင်း ရေမသောက်တတ်တာ Jungkookငယ်ငယ်လေးထဲက အကျင့်။ သို့ပေမဲ့ သူလုိချင်တာရဖို့အရေး သောက်သောက်မသောက်သောက် Taeရေယူပေးဖို့က အရေးကြီးသည်။

" ကိုယ့်ဟာကိုယ်သွားယူလေ "

ဆက်ခနဲငြင်းဆန်လာသည့် အဖြေကိုသိသည်မို့ Jungkook ချောင်းတစ်ချက်ဆိုးလိုက်ကာ လည်ပင်းကိုအသာကိုင်လိုက်သည်။

" မောင် လည်နင်နေလို့ "

" မင်းဟာမင်း လည်နင်နင် ဘာနင်နင် ငါ့စောက်ကြောင်းမဟုတ်ဘူး "

" မောင့်Tae မောင်...မောင် တကယ်လည်နင်နေတာ အဟွတ် အဟွတ် "

စကားလေးထစ်ပြောကာ ချောင်းလေးတစ်ချက်ဆိုးလိုက်တော့ မာနကြီးသူပီပီ လှည့်တောင်မကြည့်ခဲ့ပါ။

𝑰 𝑵𝒆𝒆𝒅 𝒀𝒐𝒖 𝑰𝒏 𝑴𝒚 𝑳𝒊𝒇𝒆Where stories live. Discover now