" Kim Taehyung! ! "
နာမည်အပြည့်အစုံ ခေါ်တာရှားသည်မို့ Taehyung ပြူးသွားရသည်။ အခု Jungkookက သူ့ကိုပြန်စိတ်တိုနေတာလား။ ဖြတ်ရိုက်လိုက်ရ။ သူကပဲစိတ်တိုရတယ် ရှိသေး။
" ဘာလဲ..ဘာလဲ "
Taehyung ဘောက်ဆတ်ဆတ်ဖြင့်သာ ပြန်ပြောလိုက်သည်။
" မောင်ကပဲ တောင်းပန်တာမို့ လိုက်ခဲ့ပါ မောင့်Taeရယ် "
Taehyung စီလျှောက်လာကာ တောင်းပန်စကားဆိုသည်။ စောစောကတင် အော်ကြီးဟစ်ကျယ်ခေါ်ပြီး အခုကျ တောင်းတောင်းပန်ပန်ပင် အပြင်လိုက်ခဲ့ခိုင်းနေလေသည်။
Taehyung ကြောင်သွားရကာ Jungkookက မှုံ့ပေပေကြည့်သည်။" လိုက်ခဲ့နော်..လိုက်ခဲ့ပါ "
ကလေးတစ်ယောက် မုန့်ပူဆာသလို သူနှင့်လိုက်ခဲ့ရန် ခေါ်နေသည်။ Taehyung တစ်ချက် စဥ်းစားလိုက်သည်။ သူလဲ အပြင်မထွက်ရတာ ကြာပြီမလား။ လိုက်သွားလိုက်ရင် ကောင်မလား။ လိုက်သွားလို့ ဘာမှမဖြစ်ဘူး ထင်တာပဲ
" အဲ့လောက် မလိုဘူး။ လိုက်ခဲ့မယ်..."
" တကယ်နော်..အဲ့တာဆို အခန်းမှာ မောင့်Bgပြင်ပေး Han Joonပြင်ပေးထားတဲ့ ဝတ်စုံရှိတယ် ဝတ်လာခဲ့နော် "
" ဒီတိုင်း..အိမ်နေရင်းပုံစံနှင့် လိုက်လို့မရဘူးလား "
" မရဘူး..သွား လဲခဲ့ "
Taehyung မှုန်ကုပ်ကုပ်နှင့်သာ အပေါ်တက်ခဲ့လိုက်သည်။ အခုတလော သူ့ကိုယ်သူ သတိထားမိလာတာရှိတယ်။ Jungkookတောင်းဆိုတာ မှန်သမျှ သူ့ဘက်က လိုက်ရောပေးနေမိတာကိုပဲ။ အနှေးနဲ့ အမြန်သာ ကွာချင်ကွာမယ်။ သူJungkook ဆန္ဒမှန်သမျှ လိုက်လျောပေးနေတာ။ ဘာလို့ရယ်မှန်း မသိပေမဲ့ သူJungkookအပေါ် အလိုလိုက်မိသလို ဖြစ်နေတာ။
.
.
.
" ဘယ်သွားနေတာလဲ "" ရောက်ရင်သိမှာပေါ့ "
" ဘယ်တော့ရောက်မှာလဲ "
သူတို့အခုကားစီးလာတာ 15မိနစ်ကျော်လေပြီ။ ဘယ်စီသွားမှန်းလဲမသိပါပဲ လိုက်လာရတာ။
" မဟုတ်မှ!! "
အံ့သြတကြီးဖြင့် ပါးစပ်လေးဟကာ မေးဟန်ရှိလာသည့်သူကြောင့် ဘာပေါက်တီးပေါက်ရှာတွေ တွေးနေလဲ Jungkookရိပ်မိပါသည်။ အတွေးလွန်တတ်တဲ့သူဆိုတာ သိသည်မို့ Jungkookမပြောလျှင် ဆက်ပြီးမဟုတ်တာတွေဖြေတော့မှာ သိသည်။
YOU ARE READING
𝑰 𝑵𝒆𝒆𝒅 𝒀𝒐𝒖 𝑰𝒏 𝑴𝒚 𝑳𝒊𝒇𝒆
Fanfictionမောင့်ဘဝမှာ မောင့်Taeကိုပဲ လိုအပ်တာမို့ မောင့်ဘဝထဲ ပြန်လာပေးပါ ။ မောင်မင်းမရှိလို့ ရူးတော့မလိုပဲ မောင့်Taeရယ်။