Ep 5

2K 119 1
                                    

ဒီနေ့ဆို Taehyung ဒီအိမ်တော်ကြီးကိုရောက်တာ ၁ပတ်ပြည့်တော့မည်။
Jungkookကအဖေ့စီကို ခေါ်သွားပေးမယ်ပြောပေမဲ့ မခုချိန်မှာ သူမတွေ့ချင်ဆုံးကအဖေပင်။
ဘယ်လိုများ သူများလက်ထဲကို ငွေတစ်ခုထဲအတွက်နဲ့ လက်လွတ်စပယ် ထည့်ပေးရက်နိုင်ရတာလဲ။
သူ့သားအရင်းမဟုတ်လို့ အခုလိုလုပ်ရပ်ကို လုပ်နိုင်တာလား Taehyung မစဥ်းစားတတ်တော့။
အခုချိန်မှာ အတွေးလဲမများချင်ဘူး။ ဘာမှလဲမတွေးချင်ဘူး။
မဟုတ်ရင် စိတ်ပင်ပန်းရသူမှာ Taehyung ကိုယ်တိုင်ပင်။

အပြင်ဘက်မှာ တဖွဲဖွဲကျနေသည့် မိုးစက်တိ​ု့ကိုကြည့်ရင်း Taehyung အတွေးလွန်နေမိသည်။
Jungkookကတော့ ရေချိုးနေသည်။ အရင်၁ပတ်က Companyမသွားလိုက်ရသည်မို့ ဒီတစ်ပတ်တော့သွားရမည်ဟုပြောသည်။
Company မသွားသည့်ရက်ကများတော့ အလုပ်တွေများနေသည်ထင်ပါရဲ့။

" မောင့်Tae မောင့်ကိုNecktie လာစည်းပေးပါဦး "

Jungkookအပြောကြောင့် Taehyungပြတင်းပေါက်နားမှ ထရပ်ကာ Jungkookစီလျှောက်လှမ်းလိုက်သည်။
Jungkookလက်ထဲကNecktieကို လက်လွှဲယူကာ လည်ပင်းတွင်အကျအန စည်းပေးလိုက်သည်။

ပြွတ်စ်

ရုတ်တရက် ခေါင်းငုံ့ကာ Taehyungနားစီ တိုးလာသူကို တွန်းဖယ်ရန်လုပ်စဥ် နှုတ်ခမ်း၌ နူးညံ့စွာ အနမ်းတစ်ပွင့် ရောက်လာခဲ့သည်။
Taehyung Jungkookအား တွန်းဖယ်ကာ သူနှင့်ဝေးဝေး ရပ်လိုက်သည်။

" အပြုအမူဆင်ခြင်ပါ။ မင်းနဲ့ငါက တရားဝင်ယူပြီးသား ဆိုပေမဲ့ ငါ့ကိုအဲ့လိုမျိုးတွေ လာမလုပ်ဖို့ တောင်းဆိုချင်တယ် "

Taehyung စကားကြောင့် Jungkookက ပြုံးကာ ရှေ့သို့ခြေလှမ်းတွေတိုးလာသည်။
Taehyung နောက်သို့ တစ်လှမ်းချင်းဆုပ်တိုက်ရာ နောက်တွင် နံရံသာရှိတော့သည်။
ထိုအခါ Jungkookက Taehyung ဘေးဘက်ရှိ နံရံတွင် လက်နှစ်ဖက်လုံးထောက်ကာ Taehyung ကိုအုပ်မိုးထားသည်။
Jungkookအရပ်က သူ့ထက်ခေါင်းတစ်လုံးလောက်ပိုရှည်သည်မို့ မော့သာကြည့်နေရသည်။

" ဖယ်စမ်း Jeon Jungkook မင်းကိုစောဏကတင်ပြောပြီးပြီမလား အပြုအမူဆင်ခြင်....."

ပြွတ်စ် ပြွတ်စ်

စကားသည်ပင်မဆုံးလိုက်ပါ နှုတ်ခမ်းထက် ထပ်မံရောက်လာသည့်အနမ်းတွေ။
ယခုအနမ်းကတော့ စောဏကအနမ်းထပ် ပိုကြမ်းတမ်းလာသလိုပင်။
Taehyung လက်နှစ်ဖက်နှင့် Jungkookရင်ဘက်ကို တဘုန်းဘုန်းထုကာ လွှတ်ပေးဖို့ပြောပေမဲ့ ကျောက်တုံးအလားမာလွန်းသည့်Jungkookရင်ဘက်က တစ်ချက်တောင်ရွေ့မသွားခဲ့ပါ။

𝑰 𝑵𝒆𝒆𝒅 𝒀𝒐𝒖 𝑰𝒏 𝑴𝒚 𝑳𝒊𝒇𝒆Where stories live. Discover now