' ဒေါက် ဒေါက် '
နှစ်ဆင့်ဆက်တိုက် ထွက်ပေါ်လာသည့်တံခါးခေါက် သံပြီး အခန်းတံခါးမှာပွင့်လာသည်။
" Mommy! "
" ohh! Mile! "
" ကျွန်တော့်အချစ်နဲ့ မိတ်ဆက်ပေးမလို့ "
Jungkookနောက်မှာ ပုန်းကွယ်နေသည့်Taeအား ရှေ့သို့ဆွဲလာ၍ အခန်းထဲဝင်လာသည်။ စိတ်လှုပ်ရှားနေ ဟန်ရှိသည့်Taeက နှုတ်ခမ်းလေးကိုခပ်ဖွဖွကိုက်ထားကာ လက်သီးလေးဆုပ်ထားသည်။ Jungkookက သူရှိတယ် ဘာမှမဖြစ်ဘူး ဆိုသည့် အမူအရာနှင့် Taeလက်တစ်ဖက်ကို ဆုပ်ကိုင်၍ နှစ်သိမ့်ပေးနေရသည်။
အခန်း၏ ဆိုဖာမှာဝင်ထိုင်တော့ Daddyကပါ သူတို့အိပ်ခန်းထဲက ထွက်လာသည်။ Mommyရော Daddyရော Jungkookတို့မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။ Taeက ကိုယ်လေးကျုံ့ထားကာ Jungkookနှင့် နီးနိုင်သမျှ နီးအောင်ကပ်ထားသည်။
အေးပေါ့လေ...အိမ်ထောက်ဘက်ရဲ့ မိဘတွေကို ပထမဆုံးတွေ့ရမှာ ဆိုတော့လဲ သူ့အနေနဲ့ ကြောက်မှာပေါ့။
" Daddy..Mommy ဒါ ကျွန်တော့်Tae "
" ကလေးက ချစ်စရာလေးပါ့လားကွယ်.."
Mommyက ထိုသို့ပြောပြီး Taeဘေးတွင် ဝင်ထိုင်လာသည်။ Mommy၏ ရုတ်တရက်ဆန်ဆန်အပြုအမူကြောင့် ဘယ်သူမှပင် တားချိန်မရလိုက်။
" သားနာမည် ဘယ်လိုခေါ်လဲ ဟင် "
Mommyက Taeနှင့်အရမ်းကပ်နေသည်မို့ Jungkook အလိုမကျစွာ မျက်မှောင်ကုတ်လိုက်သည်။ သူ့Taeအနား Mommyလာစရာ မလိုဘူးလေ! အဝေးကနေမေးလဲ ရနေတာကို ။
" Mommy! ဟိုဘက်ကထိုင်မေးတော့ ဘာဖြစ်လို့တုန်း "
Jungkookက Daddyဘေးနားကို လက်ညှိုးညွှန်ပြတော့ Mommyက ပတ်ခနဲ ပြန်ပြောသည်။
" ငါက သားနဲ့ရင်းနှီးချင်လို့ပါဟယ်..သားက အခု ငါတို့ကိုကြောက်နေတဲ့ပုံပဲ "
တကယ်လည်း Taeက Mommyတို့ကိုကြောက်နေသည်။ ကိုယ်ကို အတက်နိုင်ဆုံး ကျုံ့ထားပြီး Jungkookဘေး ရသလောက်ကပ်နေသည်။ အရင်လိုဆို အနားတောင်အကပ်ခံတာမဟုတ်။ အခုတော့ ကိုယ့်ရင်ခွင်ထဲ ရောက်မတက် ကပ်နေတာ။ သည်လိုဆိုတော့လည်း Jungkookမှာ သဘောအကျကြီး ကျရပြန်သည်။
YOU ARE READING
𝑰 𝑵𝒆𝒆𝒅 𝒀𝒐𝒖 𝑰𝒏 𝑴𝒚 𝑳𝒊𝒇𝒆
Fanfictionမောင့်ဘဝမှာ မောင့်Taeကိုပဲ လိုအပ်တာမို့ မောင့်ဘဝထဲ ပြန်လာပေးပါ ။ မောင်မင်းမရှိလို့ ရူးတော့မလိုပဲ မောင့်Taeရယ်။