Taehyung ဘယ်လောက်ကြာသည်အထိ အိပ်လိုက်လဲမသိ နေ့လည်11ထိုးမှနိုးသည်။ ခြောက်ခါစမျက်ရည်တို့နှင့် နာကျင်နေသည့်ခန္ဓာကိုယ်အောက်ပိုင်းတို့ကို လျစ်လျူရှု၍ ကိုယ့်အခန်းကိုယ် ရောက်အောင်ပြန်ကာ အားတင်းရင်း ရေချိုးခန်းထဲဝင်လာခဲ့သည်။ ရေပါတစ်ခါတည်းချိုးခဲ့လိုက်ပြီး ပေါ့ပါးမည့် pajamas အပြာဝမ်းဆက်လေးဝတ်၍ ဝရံတာဘက်ထွက်ကာ လေညှင်းခံလိုက်သည်။
သူအခုချိန်မှာဘာမှမတွေးလဲမတွေးချင်။ သူ့စိတ်တွေကို ခဏတာလွှတ်ထားချင်သည်။
နွေဦးကုန် မိုးစရောက်သည့်ရာသီဥတုမလို့ နေလို့ကောင်းသည်။ တိုက်ခက်လာသည့်လေညှင်းလေးက ရင်ထဲထိတအေးအေး။
" ဂွီ... "
လေညှင်းခံလို့ကောင်းတုန်း ထမည်လာလည့်ဗိုက်ထဲကအသံကြောင့် Taehyung ဘာမှမစားရသေးမှန်း အမှတ်ရလိုက်သည်။ ဟုတ်သားပဲ မနေ့ညထဲကသူဘာမှမစားရသေးတာ။ အောက်ဆင်းညစာပြင်ဆင်နေတုန်းရောက်လာသည့်Jungkookကြောင့် ပါညစာမစားခဲ့ရပါ။ ထို့တူ အခုအနက်ရောက်တော့လဲ မကြည်လင်သည့်စိတ်ကြောင့် တဖန်ပြန်အိပ်လိုက်၍ ဗိုက်ကဟာနေတာ။
အောက်ဆင်းရင်Jungkookကိုလဲ တွေ့မှာဆိုး၍ ဆင်းလဲမဆင်းချင်။ သို့ပေမဲ့ အောက်မဆင်းပြန်ရင်လဲ ငတ်ရုံပဲရှိတော့သည်။
ထို့ကြောင့် အောက်ဆင်းရန်သာဆုံးဖြတ်လိုက်သည်။ Jungkookကိုလဲ မတွေ့အောင်ရှောင်ရမယ်ပေါ့။
ထိုစဥ်...
" ဒေါက်...ဒေါက်.. "
ထွက်ပေါ်လာသည့်တံခါးခေါက်သံနှစ်ချက်ကြောင့် ဘယ်သူလဲခန့်မှန်းစရာမလို Jungkookမှန်း တန်းသိရသည်။
ဘာလို့ဆို Jungkookဟာဒီအခန်းထဲ ဘယ်သူ့မှအဝင်ခံသည်မဟုတ်။ Jungkookဒီအခန်းထဲရှိနေတုန်း သူ့Bgတစ်ယောက်ကပြောစရာရှိလို့တံခါးခေါက်ရင်လဲ ဒီအခန်းထဲအဝင်မခံ။ သူကသာအပြင်ထွက်ပြီး ပြောသည်။ ဒီအခန်းထဲကို သူနှင့်Taehyungသာ ဝင်ရသည်။အခုလိုသူ့အခန်းသူတံခါးခေါက်သည်ကလဲ Taehyung ရှိနေသည်မှန်းသိလို့။
Taehyung တံခါးအားဖွင့်မပေးပဲ တံခါးနားသာကပ်ကာ အသံပေးလိုက်သည်။" ဘာလဲ "
ခပ်ပြတ်ပြတ်ထွက်လာသည့်စကားနောက်တွင် Jungkook၏စကားကြောင့် Taehyung ပြုံးမိသွားသည်။
YOU ARE READING
𝑰 𝑵𝒆𝒆𝒅 𝒀𝒐𝒖 𝑰𝒏 𝑴𝒚 𝑳𝒊𝒇𝒆
Fanfictionမောင့်ဘဝမှာ မောင့်Taeကိုပဲ လိုအပ်တာမို့ မောင့်ဘဝထဲ ပြန်လာပေးပါ ။ မောင်မင်းမရှိလို့ ရူးတော့မလိုပဲ မောင့်Taeရယ်။