Ep 7 ( Warning )

2.3K 106 3
                                    

" မောင့်Tae "

တစ်ဖက်လှည့်အိပ်နေသူအား Jungkookလက်ဆွဲအိမ်ကို စားပွဲပေါ်အသာချ၍ လှမ်းခေါ်လိုက်သည်။
ပြန်ဖြေသံမကြားရသည်မို့ အိပ်နေသည်မှန်းသိလိုက်သည်။ ထို့ကြောင့် ဆက်မခေါ်တော့ပဲ ခြေလှမ်းခပ်ဖွဖွသာနင်း၍ ရေချိုးခန်းထဲဝင်လာလိုက်သည်။
ဒီနေ့ညက dinnerရှိသည်မို့ Jugkookသွားရပေဦးမည်။ dinnerကလဲ တခြားသူတွေနဲ့မဟုတ် ကိုယ့်ဂိုဏ်းကလူတွေနဲ့တင်သာ။ အရင်နေ့က ပို့လိုက်သည့်ပစ္စည်း ေအာင်အောင်မြင်မြင်ရောက်ရှိသွား၍ ထိုပွဲကိုလုပ်လိုက်ခြင်း​ဖြစ်သည်။ ကိုယ့်အတွက်ဆို အသက်ပါပေးပြီး ကာကွယ်ပေးကြသူတွေကို ကိုယ့်ဘက်ကလဲ တာဝန်ကျေချင်သည်။
သူတို့အတွက် ဦးနှောက်ထဲမှာ Jungkookက ဆရာကောင်းအနေနှင့်သာ မှတ်သားခိုင်းလေသည်။

ရေချိုးပြီး bathrobeတစ်ထည်ဝတ်၍ တဘက်တစ်ထည်ဖြင့်ခေါင်းသုတ်ရင်း ရေချိုးခန်းထဲမှထွက်လာခဲ့သည်။ Jungkookရေချိုးပြီးသည်အထိကို မနိုးသေးသူအား dinnerမခေါ်သွားရန်သာ ဆုံးဖြတ်လိုက်သည်။ Taeက တအားအအိပ်မက်တာ။

အကျင်္ီဝတ်၍ အောက်ထပ်ဆင်းလာတော့ Eunwooကလဲ သူ့အခန်းထဲကထွက်လာလေသည်။ ဒီတစ်ခါEuwooကြောင့်ပစ္စည်းက ပို့ဆောင်တာအောင်မြင်သွားသည်ဆိုလဲမမှားပါ။ မအားသည့်ကြားက Eunwooလိုက်သွားခဲ့လို့သာ ရှောရှောရွှီရွှီရောက်သွားသည်။ ဒီပွဲရဲ့mainကတော့ သူပြီးရင်Eunwooပေါ့။

" Jungkook "

ဆင်ဝင်အောက်တွင်ရပ်ထားသည့်ကားစီ လမ်းလျှောက်လာရင်း ​​​ ​ဘေးရှိ Eunwooအခေါ်ကြောင့် မေးဆတ်ပြလိုက်သည်။

" မင်းယောကျာင်္းကို ထားခဲ့မလို့လား "

' မင်းယောကျာင်္း 'ဆိုသည့်အသုံးအနှုန်းကြောင့် Jungkook ပြုံးယောင်သမ်းသွားသည်။ အခုလို အခေါ်ခံရတာ ဘယ်လောက်နားဝင်ချိုလိုက်လဲ။ Taeကသာခေါ်ရင် နားဝင်ချိုသည်ထပ်ပင် နားထဲပျားရည်လောင်းသလို ပို၍ပင်ချိုမြနေလေမှာ အသေအချာပင်။

" အင်း အိပ်နေတာနဲ့ မနှိုးခဲ့လိုက်တော့တာ "

" အဟွန်း! မင်းလဲသူနဲ့ကျမှ အချိုးတွေတော်တော်ပြောင်းလဲသွားသလိုပဲ "

𝑰 𝑵𝒆𝒆𝒅 𝒀𝒐𝒖 𝑰𝒏 𝑴𝒚 𝑳𝒊𝒇𝒆Where stories live. Discover now