" မောင့်Tae ထတော့လေဗျာ မနက်9နာရီတောင်ရှိပြီ "
ဘေးနားမှTaehyungနာမည်အား တဇာဇာခေ်ရင်းနှိုူနေပေမဲ့ Taeမထဖြစ်သေးပါ။ သူထပ်အိပ်ချင်သေးသည်။
" မောင့်Tae ထတော့လို့ ဒီနေ့မောင်တို့ လက်ထပ်ရတော့မယ်လေ "
ထိုစကားကြောင့် Taehyung၏ အိပ်ချင်နေသည့်မျက်လုံးတို့ပါ ပြူးလာရသည်။ Taehyung ငုတ်ထုတ်ထ ထိုင်လိုက်တော့ Jungkookက ဘေးကနေပြုံးပြုံးကြီး ကြည့်နေသည်။ ဘာလဲ
သူကလက်ထပ်ရတော့မှာလား ဘာလို့လဲ။" ဘာလို့ငါ့ကလက်ထပ်ရမှာလဲ "
" အင်း....မောင့်Taeက ဘာလို့လက်ထပ်ရမှာလဲဆိုတော့ မောင်ကမောင့်Taeကိုချစ်လို့လက်ထပ်ရတော့မှာ "
" ငါမချစ်ဘူးလေ မင်းကို "
" ဟိုး...ဟိုးး...အပြောမစောရဘူးလေ မောင့်Taeရာ။ အခုမချစ်သေးပေမဲ့ နောက်ကျချစ်ရင် ချစ်သွားမှာတော့ ဒီလို တစ်သပ်မတ်တည်းပြောလို့ ဘယ်ရမလဲ "
" ရတယ် ငါ့အတွက်ရတယ်။ ငါကမင်းကို ဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး "
" ဟားဟား ဒီစကားကို မောင်မှတ်ထားလိုက်ပြီ တစ်နေ့ မောင့်Tae မောင့်ကိုချစ်လာတဲ့နေ့ မောင်အစပြန်ဖော်ပြမယ်။ အဲ့ကျရင် မောင့်Taeရှက်နေမဲ့ ရုပ်လေးကို မောင်တွေးကြည့်ရုံနဲ့တောင် အူယားနေပြီ "
" အရူးလိုလုပ်မနေစမ်းနဲ့ Jeon Jungkook!! ဖယ်! ငါရေချိုးတော့မယ် "
" Morning kissလေး မပေးတော့ဘူးလား "
နှုတ်ခမ်းလေးထော်ကာ အနမ်းတောင်းလာသူသည် ချစ်ဖို့ကောင်းသည်ဆိုတာတော့ ဝန်ခံရပေမည်။
သို့ပေမဲ့ ရုပ်ကမချိုမချဥ်ဖြစ်နေတာကိုတော့ ကြည့်မရတာမှန်သည်။" မင်းကငါ့ရည်းစားလား kissပေးရအောင် "
" မောင့်Taeရည်းစားမဟုတ်ပေမဲ့ မောင့်Taeယောကျာင်္းဖြစ်တော့မှာလေ ဟားဟား "
* ဘုန်း ဘုန်း *
မျက်နှညပြောင်ဆက်ဆက်လုပ်နေသည့်သူ ရင်ဘက်အား တဘုန်းဘုန်းထုရိုက်လိုက်မှ ရယ်ကျဲကျဲဖြင့် ငြိမ်ကျသွားသည်။
ဒါတောင် မျက်နှာပိုးက သေသေးတာမဟုတ်ဘူး။
YOU ARE READING
𝑰 𝑵𝒆𝒆𝒅 𝒀𝒐𝒖 𝑰𝒏 𝑴𝒚 𝑳𝒊𝒇𝒆
Fanfictionမောင့်ဘဝမှာ မောင့်Taeကိုပဲ လိုအပ်တာမို့ မောင့်ဘဝထဲ ပြန်လာပေးပါ ။ မောင်မင်းမရှိလို့ ရူးတော့မလိုပဲ မောင့်Taeရယ်။