" Jungkook "
စာကြည့်ခန်းထဲထိ ရောက်လာသည့် Eunwooကြောင့် Jungkook စာဖတ်ရင်း မေးငေါ့ပြလိုက်သည်။
" မင်းယောင်္ကျားက အလုပ်လုပ်ချင်လို့တဲ့ ငါ့ကိုစောဏက လာရင်ဖွင့်နေတယ် "
Eunwooအပြောကြောင့် Jungkookစာအုပ်ပိတ်ချကာ Eunwooဘက် လှည့်လိုက်သည်။
Taeက အလုပ်လုပ်ဖို့အတွက် တအားတွေ စိတ်အားထက်သန်နေသည်ပဲ။" ဘယ်လိုတွေ ပြောသွားလဲ "
အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပဲ ပြောလာသည့် Jungkookဘေးတွင် Eunwooဝင်ထိုင်လိုက်သည်။ မျက်နှာလေးကတော့ မသာမယာပင်။ ဒီလင်လင်နှစ်ယောက်ကြား ဗျာအများရဆုံးသူက သူပဲမလား။
" ငါကအလုပ်လုပ်ချင်တာကို Jungkookက ပေးမလုပ်ဘူးတဲ့၊ ငါ့ကိုချစ်တယ်သာပြောနေတာ ငါဖြစ်ချင်တာကို သူက ကန့်ကွက်နေတာ။ အကြောင်းပြချက်က သူ့အပေါ်မှာ ငါက အကြွေးရှိနေလို့ဆိုတဲ့ အကြောင်းပြချက်ပဲ ဖြစ်မှာ။ ငါကန့်ကွက်မခံချင်ဘူး၊ အချုပ်ချယ်မခံချင်ဘူး။ သူအကြွေးကို ငါရအောင်ဆပ်မှာ။ သူ့အကြွေးကိုရအောင်ဆပ်ဖို့အတွက် ငါအလုပ်လုပ်မှရမယ်။ ငါအလုပ်လုပ်ချင်တယ်Eunwoo။ Jungkookကို ပြောပေးမလား တဲ့ ။ "
Eunwooက တစ်လုံးမကျန်ပြောပြရင်း Jungkookကတော့ တွေးစစဖြင့်။
" မင်းတို့လင်လင်တွေ ပြဿနာမဖြစ်ကြပါနဲ့လား။ ပြဿနာဖြစ်တိုင်း ငါကပဲ နားပူခံနေရတယ် "
Eunwoo ပြောတာလဲ ဟုတ်သည်။ သူနဲ့Taeနဲ့ ပြဿနာဖြစ်တိုင်း Eunwooကကြီး ခေါင်းခံနေရတာ။
" ငါကမဖြစ်ချင်ပါဘူး။ ဒါပေမဲ့ သူကငါမကြိုက်တာတွေကြီး တောင်းဆိုးနေတာကို။ သူ့ကိုအလုပ်မလုပ်စေချင်တာလဲ Taeက နုနုနယ်နယ်လေးမလား။ မတော်တစ်ခုခုဖြစ်သွားမှ။ ပြီးတော့ Taeက မိန်းကလေးရှုံးအောင်လှတော့ စိတ်မချရဘူးကွာ။ "
Jungkookပြောလို့ ပြောတာမဟုတ်။ Taeက တကယ့်အလှလေးပင်။ မိန်းကလေးတွေတင်သာမက ယောင်္ကျားလေးတွေပါ ဝိုင်းကြိုက်ခံရသည့် အလှပဂေးလေး။ အလုပ်ထဲကလူတွေ ဝိုင်းကြည့်နေရင် ဒီလူ သဝန်တိုလွန်းလို့ ခက်ရချည်ရဲ့။
" မင်းဟာမင်းသာ ရအောင်ပြောတော့။ ငါတော့ နားပူတာပဲသိတယ် "
" ငါ့Taeကို မင်းက နားပူတယ်ပြောတာလား! "
YOU ARE READING
𝑰 𝑵𝒆𝒆𝒅 𝒀𝒐𝒖 𝑰𝒏 𝑴𝒚 𝑳𝒊𝒇𝒆
Fanfictionမောင့်ဘဝမှာ မောင့်Taeကိုပဲ လိုအပ်တာမို့ မောင့်ဘဝထဲ ပြန်လာပေးပါ ။ မောင်မင်းမရှိလို့ ရူးတော့မလိုပဲ မောင့်Taeရယ်။