Ep 11

1.4K 105 7
                                    

" Mile! "

အော်ခေါ်သံကြောင့် Jungkook မနက်စာပြင်နေရင်းမှ လှည့်ကြည့်လာသည်။ Mile။ Mileဆိုတာက Jungkook၏ American နာမည်။ အပြည့်အစုံက Jeon Mile။ ထိုနာမည်ကိုသိသူဟာ Daddy Mommyနဲ့ Eunwooတို့သာသိသည်။ ထိုနာမည်ကိုခေါ်လာတော့ Jungkook Daddyနဲ့Mommyလားဆိုပြီး လှည့်ကြည့်လိုရာ တွေ့လိုက်ရတာက Luggage ဆွဲလာတဲ့ သူနှစ်ယောက်။ တစ်နည်းအားဖြင့် Jungkook၏ Daddyနဲ့Mommy။

" Daddy! Mommy! ဘယ်လိုလုပ်ရောက်လာကြတာလဲ ကြိုမပြောဘူးဗျာ လာကြိုရအောင် "

Jungkook ကိုရီးယားစကားနှင့်သာ ပြောလိုက်သည်။ Daddyက Mommy၏ ကျေးဇူးကြောင့် ကိုရီးယားစကားကို အတော်ကြီးမဟုတ်တောင် ထမင်းစားရေသောက် ပြောနိုင်သည်။

" Mommyတို့က သားကိုလွမ်းလို့လာတွေ့တာ။ သားကလာမတွေ့တော့ Mommyတို့ကပဲ လာတွေ့ရတာပေါ့ "

" ဟားဟား ကျွန်တော်လဲ အလုပ်ကြောင့် မအားတာနဲ့ "

" အလုပ်ကြောင့် မအားတာ ဟုတ်ရဲ့လား။ ကောင်လေးတစ်ယောက်ကြောင့် မအားတာမလား "

Jungkookက Daddy၏စကားကြောင့် အရှက်ပြေ ဂုတ်ပိုးကိုပွတ်ကာ အသာရယ်လိုက်သည်။ အနေသာဝေးတာ ဒီမှာJungkook ဘယ်နေ့ဘာဖြစ်တယ်က မစသိသည်။ အကုန်ပြောရရင် Jungkook ထမင်းစားလားမစားလားကိုတောင် Daddyတို့က သိသည်။

" မိတ်ဆက်ပေးရဦးမလား "

" နေပါစေ။ Mommyတို့လဲ ဒီမှာနေဦးမှာပဲ။ ကြုံမှာပေါ့ "

" ဟုတ်ပြီ! Mommyတို့ ဧည့်သည်ခန်းမှာနေမလား။ Hotelမှာပဲ နေမလား။ "

" Mommyတို့ ဒီမှာပဲနေလိုက်မယ်။ သားနဲ့ မတွေ့ရတာ တော်တော်လေးကြာတော့ ဒီမှာနေရင်းပဲ အလွမ်းဖြေလိုက်မယ် "

" ဟားဟား ဟုတ်ပါပြီ ကျွန်တော် ဧည့်သည်ခန်းကို ရှင်းခိုင်းလိုက်ဦးမယ် "

" အဲ့လိုဆို Mommyတို့ အပြင်ခဏထွက်ကြည့်လိုက်ဦးမယ် "

" ခရီးအပန်းဘူးလား မိန်းမရယ်! "

အဖေက ဝင်ပြောတော့ အမေက ခပ်မြူးမြူးဖြင့်

" သားမျ​က်နှာလေးမြင်လိုက်ရတော့ ပင်ပန်းတာတွေပျောက်သွားပြီ။ ရှင်မလိုက်ချင်ဘူးလား မလိုက်ချင်ရင်နေခဲ့။ ကျွန်မဘာသူ သွားမယ် "

𝑰 𝑵𝒆𝒆𝒅 𝒀𝒐𝒖 𝑰𝒏 𝑴𝒚 𝑳𝒊𝒇𝒆Where stories live. Discover now