Arc_1 စတင်တွေ့ဆုံခြင်း

88 7 1
                                    

"Princess ဒီနေ့ နေ့လည်၃နာရီမှာ ရေနံကုန်သည်တွေနဲ့ အစည်းအဝေးရှိပါတယ်"

"အင်း အသင့်ပြင်ထားလိုက်လိုက်"

Laptop အား အကြည့်မပျက်‌ကာ တပ်ထားသည့်
မျက်မှန်ကို ဟန်ပါပါ ပင့်တင်ရင်း ပြောလာသူသည်
British Throne အားဆက်ခံသူ Jennifer
Huh Windsor ဖြစ်သည်။

အတွင်းရေးမှူး ထွက်သွားပြီး ခနအကြာတွင်
တပ်ထားသည့် မျက်မှန်ကိုချွတ်ကာ မျက်ရိုးကြောအား လက်ဖြင့်နှိပ်နှယ်မိသည်။

သူမ၏ဖခမည်းတော် ဘုရင်ကြီးသည် ဒီတခါကိစ္စကို မင်းသမီးက ဖြေရှင်းပေးပါဟု ဆိုလာသဖြင့်
ရေနံကိစ္စကို ဖြေရှင်းရဦးမည်မလို့ ခေါင်းတောင်
ကိုက်လာသလိုပင်။

အစည်းအဝေးအတွက် ပြင်ဆင်ရမည့်ဖိုင်များအား
အချောသတ်ရင်း နာရီကို ကြည့်မိတော့ ၃နာရီ
ထိုးလုနီးပါးပင်ဖြစ်နေသည်။

'ဒေါက် ဒေါက်'

"Princess အစည်းအဝေးစရမယ့် အချိန်ရောက်
ပါပြီ"

"ကောင်းပြီ "

အစည်းအဝေး အခန်းထဲသို့ ယူသွားရမည့် ဖိုင်များကိုသယ်ရင်း အခန်းအပြင် ထွက်လာလိုက်သည်။
ဖိုင်သယ်လာသည့် သူမကိုမြင်တော့ အတွင်းရေးမှူး
Lia သည် သူမလက်ထဲရှိ ဖိုင်များကို လက်လွှဲယူရင်း

"Korea ဘက်က Sung ကုမ္ပဏီကနေ အကြောင်းကြားလာပါတယ် ဒီတစ်ခေါက် ကိစ္စမှာ မင်းသမီးသာ ကူညီပေးရင် ကျေးဇူးဆပ်ပါ့မယ်တဲ့"

"မကူညီလို့မှ မရတာ ခမည်းတော် ကိုယ်တိုင်က
လက်လွှဲထားတဲ့ ကိစ္စကြီးကို"

"ပင်ပန်းသွားပါပြီ မင်းသမီး"

"မလိုဘူး မလိုဘူး ၂ပတ်စာ အချိန်ဇယားထဲမှာ
အရေးမကြီးတာတွေ ရှိရင်ဖျက်ထားလိုက်"

"မဟုတ်မှ ထပ်ပြီးခိုးထွက်ဦးမလို့လား မင်းသမီး"

"ဟေး ခိုးထွက်တယ်လို့ မသုံးနဲ့ ခနအနားယူတယ်လို့သုံး ငါကအသက်ပြည့်ပြီးတဲ့အပြင် Eigma
တစ်ယောက်ဆိုတာပါ မမေ့လိုက်နဲ့"

"ရှားပါးမျိုးနွယ်မလို့ ပိုစိတ်ပူရတာပါ မင်းသမီး"

"ငါ့ကိုယ်ငါ ဂရုစိုက်နိုင်ပါတယ် အခုက Karina ပညာတော်သင်က ပြန်ရောက်ပြီပြောလို့ Kazuha
ဆီမှာ လာတွေ့ဆိုလို့ ဂျပန်ခနသွားမလို့ပါ Liaရောလိုက်မလား"

Eve Psyche And The Eigma's WifeWhere stories live. Discover now