Arc_1{chapter 3}

31 5 0
                                    

ပိတ်ရက်ဖြစ်သည့်အတွက် Minjeong ပါ
ဆိုင်ထဲတွင်ဝိုင်းကူနေသည်။

'တီ တီ တီ'

"Hello"

"hello Kura Chan ဒီနေ့အားတယ်မလား"

"အင်း အားပါတယ် ဘာလို့လဲ မသိဘူး"

"နာရီဝက်နေရင် လာခေါ်မယ် ရောက်ခါနီးပြီ"

"ခန ဘယ်သွားဦးမှာလဲ"

"Osaka Castle လေ Kura နဲ့အတူ သွားချင်လို့
ဒါပဲနော် ကားမောင်နေလို့"

'တူ တူ တူ'

Sakura ဘက်မှ သဘောတူညီချက်တောင် မစောင့်ပဲ ဖုန်းချသွားသော Yunjin သည် သူမနဲ့သိသည့် အချိန်အတွင်း ပို၍ရဲတင်းလာသည်မှာ အမှန်ပင်။

Osaka တွင် ခနတဖြုတ်သာ လာနေလေ့ရှိပြီး
Minjeong အိမ်နှင့် ဆိုင်ကလွဲရင် Dotonbori လောက်သာ သွားတတ်သည့် သူမသည် Yunjin ရဲ့ကျေးဇူးနှင့်ပင် Osaka ခရိုင်တခုလုံး အနှံ့ရောက်ဖူးနေတော့မည်။

ထိုသည်မှာ ပြဿနာမဟုတ်သေး Osaka Castle သည် ဂျပန်နိုင်၏ နာမည်အကြီးဆုံး Castle ၃ခုထဲမှ အပါအဝင်ဖြစ်ကာ ဂျပန်ဘုရင်၏လက်အောက်တွင်
ရှိသောကြောင့် ထိုမှဝန်ထမ်းအချို့သည် သူမကို
သိလောက်မည်ဖြစ်၍ ရုပ်ဖျက်ဖို့ အကြံအိုက်နေစဉ်

"Unnie အဲ့တယောက်ကို အလိုလိုက်တုန်းပဲလား"

Minjeong သည် လှည်းလျက်စ တံမြက်စည်းကို ဘေးချ၍ သူမအား စူးစမ်းသလိုကြည့်ကာ မေးလာသည်။

"အလိုလိုက်တာ မဟုတ်ပါဘူး"

"ဘာကို အလိုမလိုက်ရမှာလဲ Unnie အသိစိတ်
ဝင်ဦးနော် နောက်လ Korea ကနန်း‌တက်ပွဲမှာ Unnie ကိုပွဲထုတ်တော့မယ်ဆိုတာကို သတိရဦး"

Minjeong သတိပေးသည်မှာလည်း မမှား။
တိုကျိူရှိ နန်းတော်သို့ မပြန်ရသေးသည်မှာ
Yunjin နှင့် မတွေ့ခင်အချိန်ကတည်းက
စရေတွက်လျှင် ၁လလောက်ပင်ရှိတော့မည်။

ဒီအချိန်ထိ မယ်တော်က ပြန်မခေါ်သေးသည်မှာလည်း ထူးဆန်းသည်ဟု စဉ်းစားမိသော်လည်း Yunjin နှင့် တွေ့သည့် အချိန်တွင်တော့ ထိုစိုးရိမ်စိတ်များသည်
ဘယ်ဆီရောက်မှန်း မသိတော့သည့် အထိ
Yunjin ၏လွှမ်းမိုးမှုသည် သူမအပေါ် အတော့်ကို သက်ရောက်နေသည်။

Eve Psyche And The Eigma's WifeWhere stories live. Discover now