Arc_1{chapter 4}

31 5 0
                                    

London Heathrow Airport တွင်
အသွားတုန်းက တခါသာ မြင်လိုက်ရသည့်
Huening Bahiyyihသည် သက်တောင်စောင့်
များဖြင့် လာကြိုနေသည်။

Osaka airport တွင် business class နဲ့သာ
ပြန်မည်ဟု Sakura ကိုပြောထားပြီး တကယ်တမ်းတွင်တော့ Private လေယာဉ်နှင့်ပင် ပြန်လာရသည်။

ရောက်ရောက်ချင်း Bahiyyih သည် Jennifer လက်ထဲရှိ Luggage အားလက်လွှဲယူကာ
အသင့်ပြင်ထားသည့် တော်ဝင်မိသားစုများသာ
စီးနှင်းသည့်ကားတံခါးကို ဖွင့်ပေးလာသည်။

"Buckingham ကိုအရင်မောင်း ခမည်းတော်
ရှိတယ်မလား"

အနောက်ခန်းတွင် ထိုင်သော Jennifer ၏ဘေးတွင် Bahiyyih ကပါဝင်ထိုင်ပြီး

"ဟုတ် ရှိပါတယ် အရှင်က မင်းသမီး ပြန်အလာကိုစောင့်နေတာပါ"

"အင်း...Liaကို ပြန်ရောက်တဲ့အကြောင်း
လှမ်းအကြောင်းကြားပြီးပြီလား"

"ဟုတ် အကြောင်းကြားပြီးသားပါ"

"အဲ့တာဆို လုပ်ဖို့ကျန်သေးတဲ့ Schedule
စာရင်းတွေကို ပို့ခိုင်းထားလိုက်"

"ဟုတ် မင်းသမီး"

ရှေ့ပြေး Point car များနှင့်အတူ တော်ဝင်မိသားစုများသာစီးနှင်းသည့် ကားသည် London မြို့ထဲတွင်
တာဝန်ကျနေသည့် Traffic police များကို အလုပ်ရှုပ်သွားစေဖို့ လုံလောက်စေသည်။

မီးပွိုင့်များတွင် ကားများအား အရေပေါ် ပိတ်ဆို့
ထားပြီး Jennifer စီးနှင်းသည့် ကားတန်းဖြတ်သွား ချိန်တွင်တော့ တာဝန်ကျ Traffic police များသည် သတိအနေထားဖြင့် အလေးပြုလာကြသည်။

Jennifer စီးနှင်းလာသည့် ယာဉ်တန်းသည်
Buckingham နန်းတော်သို့ ဆိုက်ရောက်လာပြီး
Jennifer သည်ကားပေါ်မှ ပြေးဆင်းလာကာ သူမ၏ဖခင် George Huh Windsor ရှိမည့် အဆောင်ကိုသာ ပြေးသွားလိုက်သည်။

George Huh Windsor ရှိနေလောက်မည့် အဆောင်သည် သေချာပေါက် သူ၏ကြင်ယာတော်မိဖုရား Elizabeth Swan Windsor ရှိနေသည့် အဆောင်တော်ပင် ဖြစ်သည်။

အဆောင်တော်အတွင်း Jennifer ဝင်သွားသည့်အချိန်တွင် သူမ၏ဖခင်သည် မိခင်ဖြစ်သူနှင့်အတူ Tea time ကို ဖြတ်သန်းနေတာကို တွေ့လိုက်ရသည်။

"ပြန်ရောက်ပါပြီ အရှင်"

"ဘယ်လိုလဲ ပျော်ခဲ့ရဲ့လား"

Eve Psyche And The Eigma's WifeWhere stories live. Discover now