Arc_3 ကံကြမ္မာက ကျိန်စာလား

26 5 1
                                    

"မင်းဘယ်လို လုပ်လိုက်တာလဲ ဟမ်
ဂျပန်နိုင်ငံကို ဘယ်လိုမျက်နှာပြရတော့မှာလဲလို့"

"တောင်းပန်ပါတယ် ခမည်းတော်"

Buckingham နန်းတော်ရှိ ညီလာခံခန်းမတွင်
George သည် သူ၏သမီးတော်ကြောင့် သွေးတိုး
နေရသည်နှယ် ဇက်ပိုးကိုဖိထားလျက်ရှိသည်။

"တောင်းပန်စာပို့ထားပင်မယ့် အကြောင်းမပြန်
သေးဘူး"

"လူကိုယ်တိုင် သွားတွေ့ပြီး တောင်းပန်လိုက်ပါ့မယ်"

"အကျိူးမရှိဘူး ဂျပန်မှာက သမီးမိန်းကလေးတွေက ထီးနန်းဆက်ခံခွင့်မရှိတဲ့အပြင် ဘုရင်ဆီကမျက်နှာသာပေးမှုပါ ရတာမဟုတ်ဘူး
မင်းသမီး Sakura က သူ့အစ်ကိုအိမ်ရှေ့စံ
ထက်တောင် ပိုပြီးအရေးပေးခံရတဲ့ အကြောင်းပြချက်က Alpha အဖြစ်မွေးလာလို့ပဲ ပြီးတော့
Jennifer မင်းကိုယ်တိုင် သူ့ရဲ့အရေးပါမှုကို
ဖျက်စီးပစ်လိုက်တာ ဂျပန်ကဘယ်လိုကိုင်တွယ်မလဲ
မသိပင်မယ့် အကောင်းဘက်သွားမှာမဟုတ်ဘူး"

Jennifer သည် Sakura ၏ဘဝအမှန်ကို
ယခုမှသိရတာဖြစ်ပြီး သူမ၏ဖခင်ပြောသည့်
စကားများကိုသာ နားထဲတဝဲလည်လည်ဖြစ်နေသည်။

တစ်ဆက်တည်းတွင် Sakura ဘက်မှ စတင်ခဲ့သည့်အဖြစ်မှန်ကို မည်သူ့ကိုမှ ပြောပြမှာမဟုတ်ပဲ
သူမသေသိအထိ ရင်ထဲတွင်သာ ထားရှိသွားမည်ဖြစ်ပြီး
Sakura ၏ဂုဏ်သိက္ခာအတွက် Jennifer ကပဲတာဝန်ယူမည်ဟု တေးထားလိုက်သည်။

"ဒါနဲ့ တစ်ခုလောက် မေးလို့ရမလား ခမည်းတော်"

"မေးကြည့်လေ"

"Eigma...သူပေါ်လာခဲ့တယ် ၂ခါတောင်
လူကအသိစိတ် လုံးဝပျောက်သွားတယ်"

"အင်း...မင်းရဲ့ Eigma ကရော လူလုံးထွက်ပြရဲ့လား"

"မပြဘူး မပြပဲနဲ့လုံးဝ စိတ်ကိုထိန်းချုပ်‌ပစ်သွားတာ"

"ဆေးတွေ သောက်ရဲ့လား"

"သောက်တယ်"

"အဲ့တာဆို fate ကြောင့်ပဲဖြစ်မှာ"

"Fate?"

"ငါတို့လို Dominant Alpha တွေက mate ကို
ရှာတွေ့ရုံနဲ့ တစ်သားတည်း ဖြစ်သွားပင်မယ့် Eigma တွေကတော့ Fate ကိုရှာမှဖြစ်မယ်"

Eve Psyche And The Eigma's WifeWhere stories live. Discover now