Arc_2{Chapter 4}

34 5 0
                                    

Jennifer ၏ခေါင်းထဲတွင် အတွေးပေါင်းများစွာ ပေါ်လာကာ Sakura အားစိုက်ကြည့်နေမိသလို
ဖြစ်ပြီး သူမ၏သစ်ဆွေးနံ့ ဟော်မုန်းများလည်း
ထွက်လာသဖြင့် ဘေးရှိ Lia က ဟော်မုန်းများ
ထိန်းရန်ပြောလာသည်။

"မင်းသမီး ဟော်မုန်းကို သတိထားပေးပါ
ဟော်မုန်းထုတ်တာက ရန်စမိတာနဲ့အတူတူပါပဲ"

Lia၏စကားကို အရေးမစိုက်စွာ ခုံမှထသွားသော Jennifer ကြောင့် Liaသည် ချက်ချင်းပင်
နောက်ကလိုက်ရသည်။

Jennifer သည် သူမကြည့်နေမိဆဲမှာပင် လက်ထဲရှိဝိုင်ခွက်အား သောက်ချလိုက်ကာ ယိုင်သွားသော Sakura ကြောင့် ဝိုင်းမှထလာကာ အပေါ်ထပ်ရှိ Sakura တို့ရပ်နေသည့် နေရာသို့ သွားမိသည်။

Sakura သည် Yunjin ကြည့်နေသည်ကို
စိတ်ရောက်နေ၍ လက်ထဲရှိ ဝိုင်ခွက်အား သောက်ချ
မိလိုက်သည်။

"Sakura!!"

Joohyun ၏စိုးရိမ်တကြီး အော်သံကိုကြားလိုက်ပြီး နောက်တွင် Sakura ၏အမြင်အာရုံများ ဝေဝါး
လာကာ လေထုထဲတွင် ဆာကူရာပန်းဆာကေး
အနံ့လည်း သင်းပျံ့လာသည်။

Joohyun သည် Sakura ၏ဟော်မုန်းအနံ့ကို
ရမိတာကြောင့် ဆေးခတ်ထားမှန်း သိလိုက်ရသည်။
Joohyun ကတော့ Mate ရှိပြီးဖြစ်၍ Sakura ၏ဟော်မုန်းအနံ့ကို ခံနိုင်သော်လည်း ပွဲတွင်းရှိ တခြားOmega များကတော့ ခံနိုင်မည်မဟုတ်။

Sakura သည် မိမိကိုယ်တွင်းမှ ပူလောင်မှုကိုခံစားလိုက်ရပြီး ဆံပင်များကို သပ်တင်မိလိုက်ပြီး
ဂါဝန်ကြီးကို ချွတ်ပစ်ချင်စိတ် ပေါက်လာရသည်။

ဟော်မုန်းများကို အဆက်မပြတ်ထုတ်လွှတ်ကာ
Alphaများ၏ Rut ကာလကို ရောက်သွားသလို
ဖြစ်နေပြီး မျက်လုံးကိုတောင် မဖွင့်နိုင်တော့သော Sakura ကို အဝေးမှအခြေအနေ ကြည့်နေသော Kazuha ကလာတွဲရသည်။

Kazuha သည် Dominant Alpha
ဖြစ်သောကြောင့် Sakura ၏ဟော်မုန်းများကို
ခံစားမိသော်လည်း ဘာမှမဖြစ်။

Minjeong ကတော့ Sakura ၏ Alpha ဟော်မုန်းများအောက်တွင် မတ်တပ်ပင်
မရပ်နိုင်တော့၍ အဝေးမှာသာ နေခဲ့ရသည်။

လေထုထဲတွင် ဆာကူရာပန်းဆာကေးနံ့ Alpha ဟော်မုန်းကို ခံစားလိုက်ရသော ပွဲအတွင်းမှ လူအချို့သည် Sakura တို့ထံ အကြည့်ရောက်လာ
ကြသည်။

Eve Psyche And The Eigma's WifeWhere stories live. Discover now