Arc_3{Chapter 3}

25 2 0
                                    

다른 곳을 보았지만
တစ်ခြားနေရာကို မင်းကြည့်နေပင်မယ့်

바람처럼 이 먼지처럼
လေညှင်းတွေလို ဖုန်မှုန့်တွေလိုမျိုး

잡히지가 않아
ဖမ်းဆုပ်မထားနိုင်ဘူး

보이지않
မြင်လည်းမမြင်ရဘူး

Remember love you I love you
သတိရနေပေးပါ ငါမင်းကိုချစ်တယ်ဆိုတာကို
ငါမင်းကိုချစ်တယ်

_________________________________

သန်းခေါင်ကျော်ချိန်တွင် အိမ်ရှေ့စံအဆောင်တော်၌
အိပ်စက်နေသည့် ကြင်ယာတော်သည် ဘေးရှိနေရာလွတ်အား စမ်းမိ၍ နိုးလာမိသည်။

"အရှင့်သား အိပ်မပျော်ဘူးလား"

အပေါ်ထပ်ကို ခြုံ၍ဝရန်တာဘက်တွင် ဆေးလိပ်
ထွက်သောက်နေသော အိမ်ရှေ့စံသည် ကြင်ယာတော်နိုးလာသည်ကို မြင်တာနှင့် လက်ထဲရှိ ဆေးလိပ်အား မီးငြိမ်းလိုက်ပြီ ဖြစ်သည်။

"နိုးသွားတာလား ကြင်ယာတော်"

"ကျွန်မက အဆင်ပြေပါတယ် အိမ်ရှေ့စံသာ
စိတ်ညစ်စရာကိစ္စတွေ ရှိနေပုံပဲ"

"အင်း...ဒီလိုပဲပေါ့"

"စိတ်မရှိရင် အတူတူသောက်ကြမလား အိမ်ရှေ့စံ"

"ကြင်ယာတော် သဘောပါပဲ ဒါနဲ့ ၂ယောက်တည်း
ရှိချိန်ဆို Keitaroလို့ပဲခေါ်ပါ"

"ဟုတ်ကဲ့ပါ Keitaro"

"နန်းတော်ထဲမှာနေရတာ အဆင်ပြေရဲ့လား"

"ငြီးငြူပြလို့မှမရတာ ကျွန်မကိုယ်တိုင်က ဒီလမ်းကို‌ရွေးချယ်ခဲ့တာပဲကို  ပြီးတော့ Keitaro အပေါ်လည်း အားနာစရာတွေချည်း လုပ်မိနေတာ"

ကြင်ယာတော်၏ စကားအဆုံးတွင် အိမ်ရှေ့စံသည် သောက်လက်စ ဝိုင်ခွက်ကို စားပွဲပေါ်တွင်
တင်လိုက်ကာ ကြင်ယာတော်ရှေ့တွင် ဒူးထောက်
ထိုင်လျက် ကြင်ယာတော်၏လက်နှစ်ဖက်ကို
ဆုတ်ကိုင်၍ နွေးထွေးစေလိုက်ကာ

"ဘာတွေပဲ ဖြစ်လာပါစေ ကြင်ယာတော်ရဲ့နောက်မှာ ကိုယ်ရှိနေမယ်ဆိုတာ မှတ်ထားပေး"

ဝမ်းနည်းသွားပုံရသော ကြင်ယာ‌တော်သည်
အိမ်ရှေ့စံရင်ခွင်ထဲတိုးဝင်ကာ ကလေးတစ်‌ယောက်လို စတင်ငိုကြွေးနေလေသည်။

လမင်းကြီးသည် အိမ်ရှေ့စံတို့အား အလင်းပေးနေ
သယောင်...                                                                         ဘေးရှိဝိုင်ခွက်များသည်လည်း အေးစက်နေလျက်...                                                                       

______________________________________

Jennifer သည် နန်းတက်ပွဲအတွက် အလုပ်ရှုပ်နေသော်လည်း Sakura ၏သတင်းများကိုလည်း အဆက်မပြတ် နားစွင့်လျက်ရှိသည်။

Korea ကိုသွားမည့် ကိစ္စတွင်လည်း Jennifer မှာ တားပိုင်ခွင့်မရှိသည့်အတွက် လူယုံနဲ့သာ
လွှတ်ထားရ၏။

နန်းတက်ပွဲနီးနေပြီဖြစ်၍ Buckingham နန်းတော်ထဲတွင်လာနေရသဖြင့် Jennifer ငယ်စဉ်ကအသုံးပြုခဲ့ဖူးသော အခန်းကိုသာ ပြန်ပြင်ဆင်ပေးထားသော မယ်တော်ကြောင့် ထိုအခန်းကိုသာ အသုံးပြုနေ
ရသည်။

'ဒေါက် ဒေါက်'

အနားယူချိန်ဖြစ်၍ အစေခံအကုန်လုံးကို ပြန်လွှတ်ထားသောကြောင့် Jennifer အခန်းတံခါးကို လာခေါက်မည့် သူမှာအတွင်းရေးမှူး Lia ကလွဲ၍ ကျန်သူမရှိနိုင်။

လဲထားပြီးသော ညအိပ်ဝတ်စုံအပေါ်သို့ အပေါ်ထပ်ရုံခြုံလိုက်ကာ အခန်းတံခါးကို သွားဖွင့်လိုက်သည်။

"Princess "

အရိုအသေ ပြုလာသော Lia ကို‌ အခန်းထဲသို့
ဝင်စေလိုက်သည်။

"ဘာပြဿနာ ရှိလို့လဲ"

"ဘာမှတော့ ထွေထူးမရှိပါဘူး မင်းသမီး
အဆင်ပြေမပြေ လာကြည့်တာပါ"

"အခု ငါအကောင်းတိုင်းပဲလေ"

စကားအဆုံးတွင် ကိုယ်ကို တပတ်လှည့်ပြလိုက်သော Jennifer ကြောင့် Lia သည်ခေါင်းငြိမ့်ပြကာ အရိုအသေပေးပြီး ပြန်ထွက်သွားသည်။

'တင်မ်'
Lia ပြန်ထွက်သွားပြီး နောက်တွင်ဖုန်းထဲသို့
မတ်ဆေ့ခ်ျ ဝင်လာသဖြင့် ဖွင့်ကြည့်လိုက်ရာ Sakura နောက်သို့ လွှတ်ထားသည့် လူယုံဖြစ်သဖြင့် စာပြန်ရန်ပြင်လိုက်တော့သည်။

'Korea အထိပါ လိုက်သွားရမလား'

'အဆင်ပြေတယ်ဆို အဲ့လိုလုပ်ပေးမလား'

'မင်းသမီးရဲ့ တိုက်ရိုက်အမိန့်ပဲကို အဆင်မပြေစရာ အကြောင်းမရှိပါဘူး'

'ကောင်းပြီ Korea အထိလိုက်သွား 24hr Sakura နားမှာ နေပေးပါ'

'ကောင်းပါပြီ မင်းသမီး'

အဆုံးသတ်သွားသော conversation ကို
ပိတ်လိုက်ကာ အိပ်ရာဝင်ဖို့ ပြင်ရတော့သည်။

'အိပ်မက်ထဲကို အလည်လာပေးပါ Sakura '

______________________________________

ပျော်ရွှင်စရာ နှစ်သစ်ကူးဖြစ်ပါစေ🤍

You've reached the end of published parts.

⏰ Last updated: Apr 13 ⏰

Add this story to your Library to get notified about new parts!

Eve Psyche And The Eigma's WifeWhere stories live. Discover now