Jennifer နှင့်အတူ Jayကပါ လိုက်ပြန်လာသော်လည်း Jennifer အားသံရုံးသို့ ပို့ဆောင်
ပြီးသည့် နောက်တွင် ထပ်ပြီးအပြင်ထွက်သွား ပြန်၍
သံရုံးတွင် ကျန်ခဲ့သည်မှာ Jennifer တို့အုပ်စုပင်။အခန်းထဲတွင် အနားယူမည်ဟု တွေ့လိုက်သော်လည်း
ခေါင်းထဲဝင်လာသည်မှာ အရင်ရေစိမ်ချင်သည် ဖြစ်၍
အစေခံတစ်ချို့ကို ရေချိုးခန်းထဲတွင် ရေစပ်ခိုင်းထားလိုက်သည်။အစေခံများ ထွက်သွားပြီး နောက်တွင်
dressing-gown အားဝတ်ထားသော Jennifer သည် ဖုန်းကို လက်မှကိုင်လျက် ရေချိုးခန်းထဲသို့
ဝင်ကာ တံခါးအား လော့ခ်ချလိုက်သည်။ dressing-gownအား ချွတ်၍ ဖုန်းကိုဘေးရှိ
ခုံပေါ်သို့ တင်လိုက်ကာ bathtub ထဲသို့ဝင်ပြီး
လှဲချလိုက်သည်။ရေစိမ်နေသော Jennifer ၏ အတွေးများသည်
ရောက်တတ်ရာကို တွေးနေကြပြီး ထိုထဲတွင်
Jennifer ၏ Kura နှင့်ပြန်တွေ့လျှင် လုပ်ချင်သည့်အရာများပါသည့်List ပါ ပါဝင်သည်။ပွဲထဲတွင် ရုတ်တရက် Kura ၏ကိုယ်သင်းနံ့ကို
ရမိပြီး ဘယ်လိုလုပ် ကိုရီးယားမှာ ရှိနိုင်မှာလဲဆိုပြီး တွေးမိသော်လည်း စိတ်ထဲမတင်မကျ
ဖြစ်နေသည်။Jennifer သည် ခုံပေါ်တွင် တင်ထားသော
ဖုန်းကိုလှမ်းယူလိုက်ကာ မှိတ်ထားသည့်
ဟေဇယ်ရောင် မျက်ဝန်းများကိုပါ ဖွင့်လိုက်သည်။Gallery ထဲတွင် သီးသန့် album ဖြင့် သိမ်းဆည်းထားမိသည့် ဂျပန်မှာရှိနေသည့် အတောအတွင်း
Kura နှင့် ပတ်သက်သမျှပုံတွေကို ကြည့်နေမိသည်။ထီးနန်းဆက်ခံပြီး တိုင်းပြည်အတွက်သာ ဘဝကို
ရင်းနှီးမြုပ်နှံထားရသည့် Jennifer ၏ဘဝထဲတွင်
Sakura ဆိုသည့် အမျိုးသမီးသည် Oasis
ရပ်ဝန်းငယ်ပင်။ပုံတွေကို ကြည့်နေရင်း Kura အား စစတွေ့ချင်းက
မသိအောင် လှမ်းရိုက်မိထားသည့် ပုံအရောက်တွင်
Jennifer သည် စိတ်လိုလက်ရ ပြုံးလိုက်မိပြီး
Screen ထက်ရှိ Kuraပုံအား လက်ချောင်းများဖြင့် ပွတ်သပ်နေမိသည်။ရေချိုးခန်းထဲရှိ ထွန်းထားသော အမွှေးနံ့ပါသည့်
ဖယောင်းတိုင်များမှ အနံ့များထက်ပင် Kuraနှင့်ပတ်သက်လျှင် ဟော်မုန်းမထိန်းချုပ်နိုင်သော Jennifer ၏ ပြင်းရှရှ သစ်ဆွေးအနံ့က လွှမ်းမိုး
သွားသည်။
YOU ARE READING
Eve Psyche And The Eigma's Wife
FanfictionEigma falling in love with her crown Princess