ဆာကေးနံ့နှင့် သစ်ဆွေးနံ့ ဟော်မုန်းများ ရောယှက်
နေသော အခန်းထဲတွင် အချစ်ခရီးရှည်ကို ဆက်လှမ်း
နေကြသော လူ၂ဦးသည် အချိန်နာရီများကိုလည်း မေ့လျော့လျက်ရှိနေသည်။ယာယီအမှတ်အသား ပေးပြီးသွားသော်လည်း
ဆေးရှိန်မပျယ်သေးသော Sakura သည်
အသိစိတ်ကပ်မနေခဲ့။ဟိုတယ်အောက်ထပ်ရှိ Bahiyyihတို့ သက်တော်စောင့် အုပ်စုသည် Reception အနီးရှိ
ဧည့်ထိုင်ရာ ခုံများတွင် ထိုင်နေကြပြီး ယခုလိုအခြေ
အနေကြီးမှ ကျော်လွန်ချင်နေကြသည့် ပုံပင်။ဟိုတယ်တခုလုံးကို lock down ချထားပြီး
ဝန်ထမ်းများအား ရှင်းထုတ်ထား၍ ဟိုတယ်တစ်ခုလုံးတွင် ကျန်ခဲ့သည်မှာ အပေါ်ထပ်ရှိ VVIP room တွင်မိုးမမြင် လေမမြင်အချစ်စမ်းနေကြသည့် အတွဲနှင့်
သူမတို့ပဲရှိနေသည်။ခုံပေါ်တွင် ထိုင်နေသောBahiyyihသည်
လက်ထဲတွင် သေနတ်ကိုကိုင်ကာ ဆော့ကစားလျက်
ရှိသည်။Lia ကတော့ အချိန်နှင့် တပြေးညီ ဗြိတိန်နန်းတော်သို့သတင်းပို့ခြင်းကို ဆောင်ရွက်နေရသည်။
'တီ_တီ_တီ'
Reception ရှိ ဖုန်းထံသို့ ခေါ်ဆိုမှုဝင်လာချိန်တွင်
ပျင်းရိနေကြသော လူအုပ်ကြီးသည် မျက်စိကျယ်လာကြပြီး အသံထွက်ရာနေရာကို ကျီးကန်းတောင်းမှောက် သေနတ်တကားကားဖြင့် လိုက်ရှာနေကြသည်။ပေါင်ပေါ်ရှိ Tablet အားဘေးသို့ချကာ
Reception ရှိ မြည်နေသော ဖုန်းကိုသွားကိုင်
လိုက်မှပဲ Lia ထံသို့ အကြည့်များ စုပြုံပြီးရောက်လာကြသည်။"Hello "
ဟုတ်၊ဟုတ်ကဲ့ ကလွဲပြီး စကားအပိုပြန်မဖြေသော
Lia ကြောင့် စောင့်နေကြသော လူအုပ်ကြီးသည်
ဖုန်းခေါ်ဆိုလာသူမှာ သူတို့၏အိမ်ရှေ့စံမင်းသမီး
ဖြစ်မည်မှန်းရိပ်မိလိုက်ကြသည်။သူတို့အများစုမှာ Delta များဖြစ်သော်လည်း ဟော်မုန်းဒဏ် မသက်ရောက်နိုင်သည့်တိုင်
အိမ်ရှေ့စံမင်းသမီး၏ အလျင်လိုမှုနှင့်
လက်ထဲရှိမိန်းကလေးအား ပွေ့ချီထားမှုတို့ကြောင့်
မပြောလည်းပဲ မည်သို့မည်ပုံအခြေအနေ ရှိမည်ကို
ရိပ်မိလိုက်ကြသည်။
YOU ARE READING
Eve Psyche And The Eigma's Wife
FanfictionEigma falling in love with her crown Princess