Arc_3{Chapter 2}

27 8 0
                                    

"Sakura! Sakura ခနစောင့်ပါဦး"

Sakura သည် သွားလက်စ ခြေလှမ်းများကို ရပ်တန့်လျက် သူမအားခေါ်သော သူထံလှည့်ကြည့်မိသည်။

"ဘာဖြစ်လို့လဲ မရီးတော်"

"Sakura နဲ့လိုက်ခဲ့မယ်"

"မမိုက်မဲပါနဲ့ မရီးတော်က အိမ်ရှေ့စံရဲ့ ကြင်ယာတော် ဖြစ်နေပါပြီ အရင်လို ကျွန်တော်မျိုးမရဲ့ စာပြပေးတဲ့သူမဟုတ်တော့ပါဘူး"

"ဒါပင်မယ့် Sakura "

"ခွင့်ပြုပါဦး မရီးတော်"

လွှတ်ချခဲ့သော လက်တစုံနှင့်အတူ လေညှင်းလေးတွေက တီးတိုးစွာ ပြောကြလိမ့်မည်။ မပိုင်ဆိုင်ရလည်း
ဖြစ်ပါတယ်တဲ့။ အစတည်းက မထားသင့်သော မေတ္တာသည် အသွားပဲရှိပြီး အပြန်ရှိမည် မဟုတ်ကြောင်း
သိထားခဲ့သော်လည်း သူမအားကျောခိုင်းသွားသော
Sakura ၏ကျောပြင်သည် အလွမ်းဓာတ်ခံနှင့်
ပြည့်စေသည်။

လျှောက်လမ်းတွင် ရပ်နေသော ကြင်ယာတော်ထံသို့
အင်္ကျီတစ်စုံ လွှမ်းခြုံပေးလာသူမှာ အိမ်ရှေ့စံဖြစ်ပြီး
ဘယ်အချိန်ကတည်းက ကျနေမှန်းမသိသော
မျက်ရည်စများကို ဖြေးညှင်းစွာ သုတ်ပေးလာသည်။

"အိမ်ရှေ့စံကို အားနာလွန်းလို့ အားနာလွန်းလို့
ဘယ်လိုလုပ်ရမလဲ"

"ဘာမှမဖြစ်ဘူး ဒီတိုင်းကိုယ်တို့က တွေ့ဆုံတဲ့အချိန်မှားယွင်းခဲ့ရုံပါပဲ"

ရှိုက်သံများဖြင့် ငိုလာသော ကြင်ယာတော်ကို
အိမ်ရှေ့စံသည် ရင်ခွင်ထဲထည့်၍ နှစ်သိမ့်ပေးနေသော
မြင်ကွင်းသည် အပြင်လူအမြင်တွင် ကြည်နူးစရာကောင်းနေသော်လည်း ကာယံကံရှင် ၂ယောက်အဖို့တော့ ကြည်နူးစရာမဟုတ်ခဲ့ပေ။

_______________________________

계절이 초록을 바스러뜨리듯
ရာသီဟာ စိမ်းစိုနေမှုကို နင်းခြေပစ်လိုက်သလို

사랑은 탐욕이 되어 스스로를 지워버렸고
အချစ်ဟာ လောဘတပ်မက်မှုကို ဖြစ်လာစေပြီး

이기심은 너마저 지워
တစ်ကိုယ်ကောင်းဆန်မှုတွေက ကိုယ့်ကိုယ်ကိုယ်တောင်ဖျောက်ဖျက်‌ခဲ့မိတယ်

심해와 같은 폐허에 나를 가뒀다
နက်နဲလွန်းတဲ့ အသူရာချောက်တွေလို
ဖျက်စီးမှုတွေကြားထဲ ကိုယ့်ကိုယ်ကိုယ်
ပိတ်လှောင်ထားခဲ့မိတယ်

Eve Psyche And The Eigma's WifeWhere stories live. Discover now