'ကလင် ကလင်'
ညစာစားပွဲအတွက် မှာယူထားသော ပန်းများကို
အလှဆင်နေစဉ် တံခါးမှခေါင်းလောင်းသံကြား၍
Sakura တစ်ယောက် ဝယ်သူကို ကြိုဆိုရန်
ပြင်လိုက်သော်လည်း တခါတည်းနဲ့ အနံ့ကိုမှတ်မိ
နိုင်တဲ့အထိ ထူးခြားသည့် ဟော်မုန်းအနံ့ကို
ပိုင်ဆိုင်ထားသူကြောင့် မနေ့ကလာသွားသည့်
ဝယ်သူဖြစ်မည်ဟု တွေးလိုက်မိသည်။"Sakura chan"
"ကြိုဆိုပါတယ် ဘယ်ပန်းကိုများ အလိုရှိပါသလဲရှင့်"
"Sakura ဆိုတဲ့ ပန်းကို"
"ရှင်"
"Sakura ပန်းနဲ့ စည်းလို့ရမလားလို့ မေးတာပါ"
"အာ... Sakura ဆိုရင် လောလောဆယ်တော့ ပန်းခြောက်ပဲရဦးမယ် သူ့ရာသီမဟုတ်သေးတော့လေ"
"နှမြောစရာပဲပေါ့ ဒါဆို Sakura ကို ဘယ်အချိန်လောက်မှရနိုင်မှာလဲ ပန်းကိုပြောတာနော်"
စကားကို ရှင်းအောင်မပြောသည့် အပြင် လာစနေပုံ
ရသည့် အမျိုးသမီးကြောင့် Alpha ပီပီ
Sakura သည်ဒေါသထွက်သည့် ဟော်မုန်းတို့ကို ထုတ်လွှတ်မိမတတ်။"ဆောင်းဦးနဲ့ နွေဦးမှာ ပွင့်တာပါ"
သူမ၏ စနောက်မှုကို ဒေါသထွက်သွားပုံရသော Sakura ကြောင့် Jennifer သည် ခိုးရယ်
မိလိုက်သည်။"ပန်းခြောက်နဲ့ပဲ စည်းလိုက်ပါ"
"ဟုတ် ခနစောင့်ပေးပါနော်"
ဆိုင်အတွင်းဘက်ရှိ ပန်းခြောက်များထားရာနေရာသို့သွားကာ Sakura ပန်းခြောက်တို့အား ထုတ်ယူ
လိုက်ပြီး အရှေ့ဘက်သို့ ပြန်လာလိုက်သည်။ပန်းစည်းခြင်း အလုပ်ပေါ်တွင် အာရုံစိုက်ထားသည့်
Sakura သည် Jennifer ၏မျက်လုံးတွင် သိပ်ကို
ဆွဲဆောင်မှုကောင်းနေတာကို Sakura ကိုယ်တိုင်တောင်သိမည်မဟုတ်။"ဧည့်သည် ပန်းစည်းရပါပြီ"
"ဧည့်သည် ဆိုတာကြီးက သူစိမ်းမဆန်လွန်းဘူးလား"
"ဧည့်သည်မလို့ ဧည့်သည်လို့ ခေါ်တာပါ ဧည့်သည်"
မကြိုက်ဘူးပြောကာမှ ဧည့်သည်ဆိုသည့် စကားလုံးအား ထပ်ကာရွတ်သွားသော အနှီမိန်းကလေးသည်
Jennifer သည် Eigma တစ်ယောက်ဆိုတာ
မသိသေးပုံ။
YOU ARE READING
Eve Psyche And The Eigma's Wife
FanfictionEigma falling in love with her crown Princess