တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် Private လေယာဉ်များဖြင့် ပြည့်နှက်နေပြီး အခြားခရီးစဉ်များကို ဖျက်သိမ်းကာ
လေဆိပ်တဝိုက်တွင် လုံခြုံး၂ဆတိုး မြှင့်ထားရသည်။နန်းတက်ပွဲမကျင်းပမီ ၁ရက်အလိုတည်းကပင် နိုင်ငံတကာမှ အကြီးအကဲများသည် ဆိုးလ်မြို့
အတွင်းသို့ တဖွဲဖွဲဝင်ရောက်လျက်ရှိပြီး လေဆိပ်
အပြင်ဘက်တွင် သတင်းရရန်စောင့်နေသော
သတင်းများ၏ လူအုပ်သည်လည်း အများအပြားပင်။အကြောင်းမှာ Japan နှင့် China တို့သည်
အိမ်ရှေ့စံမဟုတ်သည့် ဒုတိယထီးနန်းဆက်ခံသူများ တက်ရောက်မည်ဖြစ်သည့် သတင်းကြောင့်ဖြစ်သည်။Japan သည်အိမ်ရှေ့စံမင်းသားနှင့် သူ၏
ကြင်ယာတော်ကိုသာ ပွဲထုတ်လေ့ရှိသော်လည်း
ယခုအခါတွင်တော့ ဒုတိယထီးနန်းဆက်ခံသူကို
ပွဲထုတ်မည်ဖြစ်၍ နိုင်ငံတကာမှသတင်းသမားများသည် သတင်းရယူရန် အလုအယက်။China သည် အိမ်ရှေ့စံနှင့် ဒုတိယထီးနန်းဆက်ခံသူအား တရားဝင်ကြေငြာထားပြီးသား ဖြစ်သော်လည်း
အိမ်ရှေ့စံမပါပဲ ဒုတိယထီးနန်းဆက်ခံသူ တစ်ယောက်တည်းသာ ပွဲတက်လာသည်က
ထူးဆန်းနေသည်။ကိုရီးယားရိုးရာ ပုံစံအတိုင်းဆောက်လုပ်ထားသည့်
Cheong Wa Daeတစ်နည်းအားဖြင့် အိမ်ပြာတော်
သည် သာမာန်နေ့တွေထက်ပင် အလုပ်ရှုပ်နေကာ
ဧည့်သည်တော်များ၏ နေရာထိုင်ခင်းနှင့် တည်းခိုရန်စီစဉ်ပေးရသည့် အတွက်ပါ အလုပ်ရှုပ်နေသည်။ဒီနေ့အဖို့တော့ အိမ်ရှေ့စံမင်းသမီး ဆိုသည့်
ဂုဏ်ပုဒ်အောက်မှာသာ ရှိသေးသည့် မင်းသမီး
Bae Joohyunသည် အိပ်ခန်းထဲရှိ TV အား
ဖွင့်ထား၍ Live ပြသနေသည့် လေဆိပ်မှအခြေအနေအား ကြည့်နေကာ တဖက်မှာလည်း
ညွှန်ကြားစရာရှိသည်များကို ညွှန်ကြားနေသည်။သူမ၏နံဘေးတွင် ရပ်နေသူသည် ဆယ်စုနှစ်တစ်ခု
စာလောက်သူမဘေးတွင် သက်တော်စောင့်အဖြစ်
ရှိလာပေးသည့် Kang Seulgi ပင်ဖြစ်သည်။"China မှ ဒုတိယထီးနန်းဆက်ခံသူ မင်းသား
Zhan Hao"
ဆိုသည့် ခေါင်းစဉ်ကြီးနှင့် ကြေငြာလာသော
သတင်းကြေငြာသူ၏ စကားအဆုံးတွင်
လေဆိပ်အပြင်ဘက်သို့ ထွက်လာသော
မင်းသားလေးသည် Joohyun နှင့်စတွေ့ခဲ့သည့် အချိန်ကထက် အများကြီးရင့်ကျက်လာပုံရသည်။
YOU ARE READING
Eve Psyche And The Eigma's Wife
FanfictionEigma falling in love with her crown Princess