Arc_2{Chapter 2}

33 5 0
                                    

ရုံးခန်းထဲတွင် အလုပ်များကို လက်စသတ်နေသော
Jennifer သည် ညနေ flight ဖြင့် Korea သို့
သွားရမည်ဖြစ်ပြီး အခြားနိုင်ငံများကို လေဆိပ်တွင် တွေ့ရသော်လည်း ဗြိတိန်ကိုမတွေ့ရခြင်းမှာ
Jennifer ကိုယ်တိုင်က Lia အား အချိန်ဇယားကို ကွက်တိဆွဲခိုင်းထားပြီး နန်းတက်ပွဲလုပ်မည့်နေ့မှ
လာမည်ဖြစ်ကြောင်းကို နန်းတော်မှတဆင့် အကြောင်းကြား ခိုင်းထားသည်။

'ဒေါက် ဒေါက်'

"Princess လေဆိပ်ကို အခုသွားမှ အချိန်မှီ
ရောက်မှာပါ"

"အင်း...ထွက်လာခဲ့မယ်"

Jennifer သည် မျက်စိရှေ့ရှိ ပြန်စစ်ရဦးမည့်
စာရင်းဖိုင်တွဲ ၂တွဲအား Lia သို့ပေးလိုက်ပြီး
သူမပါအပြင်သို့ လိုက်ထွက်လာလိုက်သည်။

‌‌အဆောက်အအုံရှေ့တွင် ရပ်ထားသော ရှေ့ပြေး
ပွိုင့်ကားများအကြားတွင် ရပ်ကားထား‌သော
jaguar i-pace r-dynamic s ev400
ကားပေါ်သို့ တက်သွားလိုက်ပြီး လေဆိပ်သို့
ထွက်လာ လိုက်ကြသည်။

သက်တော်စောင့်များ ပါဝင်သည့် ပွိုင့်ကားများသည်
Jennifer ရှိနေသည့် ကားကို‌လေးဖက်လေးတန်မှ
ဝန်းရံလျက်ရှိသည်။အချက်ပေးမီးများကို
မဖွင့်ထားသော်လည်း နန်းတော်မှ တဆင့်ရဲဌာနများကို
အကြောင်းကြားထားမှုကြောင့် မြို့ထဲရှိ Jennifer တို့ကားတန်းဖြတ်မည့် နေရာများတွင် လမ်းကြောင်းများပိတ်ဆို့ထားသည်။

လေဆိပ်ရောက်လျှင်ပဲ Huening Bahiyyihနှင့် Lia တို့ခြံရံထားလျက် private flight ရှိရာသို့
သက်တော်စောင့်များ ဝန်းရံလျက်သွားနေသော
လမ်းတလျှောက်တွင် Crown Princess Jennifer အား အလေးပြုထားကြသည့် လေဆိပ်ဝန်ထမ်းများကို တွေ့ရသည်။

Jennifer ၏ flight သည် အန္တရာယ်ကင်းစွာဖြင့်
ဝေဟင်ထဲရောက်သွားပြီဆိုမှ လေဆိပ်တာဝန်ခံများ သက်ပြင်းချနိုင်ကြသည်။

______________________________

ကိုရီးယား စံတော်ချိန် မနက်အစောပိုင်းဖြင့်
ရောက်လာသော Jennifer တို့အား ကိုရီးယားနန်းတော်ရှိ တာဝန်ခံအချို့က တိတ်တဆိတ်ဖြင့်
တည်းခိုရမည့် သံရုံးသို့လိုက်ပို့ကြသည်။

သံရုံးသို့ရောက်ချိန်တွင် မတွေ့ရတာကြာပြီဖြစ်သော
Korea ဆိုင်ရာ British သံအမတ်၏ သားတစ်
ဖြစ်လည်း Jennifer ၏သူငယ်ချင်း ဖြစ်သူ Jay Park သည် သံရုံးအဝင်ဝတွင် ထွက်ကြိုနေပြီး
အနားယူရမည့် အခန်းသို့ လိုက်ပြပေးသည်။

Eve Psyche And The Eigma's WifeWhere stories live. Discover now