မိုး

2K 28 0
                                    

အိပ်ယာထလို့ကုတင်ဘေးလိုက်ကာကိုဖွငိ့လိုက်သောကြောင့် မိုးတွေအုံ့နေတာကိုတွေ့ရသည်။
သေချာပါတယ် ဒီလိုနေမျိုးဆို နွေးဘယ်မှမထွက်တော့။ နွေးအိမ်ထဲမှာပဲအောင်းပြီး စာဖတ်မည်။ TVကြည့်မည်။ စာရေးမည်။
အခုလည်း သူlaptop နဲ့မှတ်စုစာအုပ်ကိုထုတ်ပြီး စိတ်ကူးတည့်ရာ စရေးတော့သည်။
"မိုးတွေအုံ့တိုင်း ဆွေလေတိုင်း
မိုးစက်အေးမြ တခဏကို
တသမိန်းမော နေလေရော့"
စာရေးပြီရတဲ့အခါ ပြတင်းပေါက်ကိုကြည့်ရင်း လက်ဖက်ရည်ခွက်ကအနွေးဓာတ်ကိုကိုင်နေသည်။
စိတ်တွေက ဆယ်စုနှစ်တွေကိုဖြတ်ကျော်သွားခဲ့သည်။
၂၀၀၂ ခုနှစ်၊ ၈လပိုင်း
ဆယ်တန်းစာမေးပွဲအောင်တဲ့အခါ ပြင်ဦးလွင်ကိုသွားလည်မယ်ဆိုတဲ့ကတိကို ဖေဖေကတည်ခဲ့ပါတယ်။
မေမေကတော့ပြောတာပေါ့။
"ဒီအချိန်ဘာမှလည်းရှိတာမဟုတ်ဖူးကွယ် ပြီးတော့မေမြို့က မိုးကလည်းများသေးတယ် ရန်ကုန်ကနေဆိုအဝေးကြီးသွားရတာ"
"အော် မေကြီးရယ် သမီးကိုကတိပေးထားတာပဲ"
"ဟုတ်တယ်မေကြီးရဲ့ သားလည်းရောက်ဖူးချင်တယ် သားလည်းနောက်နှစ်ဆိုရင် field ထဲဆင်းပြီး အလုပ်တွေလုပ်ရတော့မှာ အဲ့တော့ နန္ဒာတို့ကိုလည်းခေါ်ခဲ့မယ်လေနော်"
ကိုကိုကအဲ့တုန်းက civil နောက်ဆုံးနှစ်ကျောင်းသား။ နန္ဒာဆိုတာမေမေတို့လည်းသဘောတူထားတဲ့ သူ့ကောင်မလေးငယ်သူငယ်ချင်းပေါ့။ ၂ယောက်စလုံးနောက်နှစ်ဘွဲ့ရ အလုပ်ဝင်ရတော့မှာမို့ မေမေ့ကိုပူဆာနေကြတာပါ။ အဲ့တုန်းကပြင်ဦးလွင်ဆိုတာ အခုလိုမနီးဘူးလေ။ လေယာဉ်စီးဖို့ဆိုတာလည်းအဲ့တုန်းက အခုလိုမများသေးဘူး။ ဖေဖေကတော့သူ့construction အလုပ်တွေ၊ အိမ်ခြံမြေဟိုတယ်အလုပ်တွေ နားတဲ့မိုးတွင်းကို အားတုန်းသွားချင်တယ်။ မေမေကတော့ မိုးတွင်းခရီးထွက်ရမှာကိုပျင်းသည်။
မေမေ့အကြောင်းသိဖေဖေက
"ကိုကိုစဉ်းစားနေတာသိလားမေကြီး အဲ့ဘက်မှာတခါတည်းအိမ်လေးခြံလေးကြည့်မလားလို့ အခုဆိုအဲ့ဘက်ကစီမံကိန်းတွေလုပ်နေတာ လားရှိုးဘက်လည်းဆက်နေတော့ နောက်ဆိုမြေစျေးတက်နိုင်တယ်။ တခါတည်းကြည့်ရအောင် မိုးတွင်းကစျေးကျကာလဆိုတော့"
"ကဲပါ အဲ့ဒါဆိုလည်း သွားကြတာပေါ့"
သူတို့မိသားစု တပျော်တပါးကြီးခရီးထွက်လာကြသည်။ နန္ဒာတို့မိသားစုနဲ့ သူတို့မိသားစုအပြင် ကိုကိုတို့သူငယ်ချင်းအဖွဲ့လည်းပါသည်။ လူများသောကြောင့် ဖေဖေက အိမ်တလုံးကို လပြတ်ငှါးလိုက်သည်။
ပြင်ဦးလွင်ကို နွေးအလွန်သဘောကျသည်။ ပန်းလေးတွေပွငိ့နေတာကအစ ထင်းရှူးပင်နံ့လေးတွေကိုသူသဘောကျသည်။
စစချင်းရက်တုန်းက ကိုကိုတို့ကသူငယ်ချင်းတွေအုပ်လိုက်ကြီးလျှောက်လည်လျှင် နွေးလည်းလိုက်လည်သည်။ ဘာမှပျင်းချိန်မရှိ။
တပတ်နေပြီးတော့ ကိုကိုတို့သူငယ်ချင်းတွေပြန်သွားသည်။ အဲ့ကတည်းက ကိုကိုက မမနန္ဒာနဲ့တူတူချစ်ကြည်နူးနေသည်။ ဖေဖေနဲ့မေမေတို့ကတော့ အတွဲ၂တွဲ ဖဲရိုက်၊ ဂေါက်ရိုက်၊ အရက်သောက်၊ စကားပြောဖြင့် သာယာနေကြသည်။
မသာယာသည်မှာတော့ နွေးပင်ဖြစ်သည်။ အလွန်ပျင်းသောကြောင့် အိမ်ထဲတွင်မနေပဲ စက်ဘီးဖြင့်လျှောက်သွားသည်။ စာရေးရန်စဉ်းစားသော်လည်း ဘာမှထွက်မလာ။ အရင်အပတ်ကသူတို့လည်ပတ်ခဲ့သည်များကို ရေးသားပြီး စာမူပို့သောအခါ မဂ္ဂဇင်းတိုက်က ပြင်ဦးလွင်ခရီးစဉ် စာမူထပ်တောင်းလာသောကြောင့် သူမဖြစ်မနေထပ်ရေးရတော့မည်။ အသက်၁၄နှစ်လောက်ကတည်းက စာမူတွေဆောင်းပါးတွေရေးရင်း ပြိုင်ပွဲဝင်ရင်းနဲ့ ဒီလောကထဲရောက်လာခဲ့ပြီး အခုလိုစာမူတောင်းခံရတာ ပထမဦးဆုံးအကြိမ်ဖြစ်တာကြောင့် သူအလွန်ဝမ်းသာနေသည်။ ဒါကြောင့်နွေးသေချာရေးပေးချင်နေသည်။
နွေးဒီနေ့တော့ဘူနေသည်။ အပြင်ထွက်လာတုန်း အစိုးမရတဲ့ မေမြို့မိုးကရွာချလာသည်။ ပြင်ဦးလွင်က မိုးများတဲ့မြို့ဖြစ်သလို မိုးကအစိုးလည်းမရပေ။ မိုးလွတ်ရာသို့ရှောင်ရင်း သူလမ်းဘေးရှမ်းခေါက်ဆွဲဆိုင်တဆိုင်သို့မိုးဝင်ခိုလိုက်သည်။ ထိုအချိန်တွင် ကောင်မလေးတယောက်ဆိုင်ကယ်လေးဖြင့် ရှမ်းခေါက်ဆွဲလာဝယ်ပုံရသည်။ ဒီအထိ ကောင်မလေးကိုသူအဲ့လောက်သတိမထားမိ။ ထိုအချိန်တွင် လမ်းဘေးမှာထောင်ထားတဲ့ သူစက်ဘီး လေကြမ်းပြီး လဲကာ လမ်းပေါ်သို့လွင့်ထွက်သွားသည်။ ကားလမ်းပေါ်မှာ စက်ဘီးလေးကို နွေးအပြေးသွားယူမိသည်။ မိုးကလည်းဝေါခနဲ ဝေါခနဲဖြင့် အရှိန်ကောင်းကောင်းရွာနေလေသည်။
သူစက်ဘီးလေးကိုထောင်အပြီးမှာတော့ ရုတ်တရက်သူ့အပေါ်မိုးရေစက်များမကျတော့ပေ။ လှည့်ကြည့်လိုက်တော့ ရှမ်းခေါက်ဆွဲလာဝယ်တဲ့ကောင်မလေးက သူ့ကိုထီးလာဆောင်းပေးတာဖြစ်သည်။
"လာ လာ မိုးတွေကအရမ်းအေးတာ ဖျားလိမ့်မယ် ထီးယူထားလိုက် စက်ဘီးကူသယ်ပေးမယ်"
သူမကမိုးကာဝတ်ထားတာမို့ သူ့ကိုထီးပေးသည်။ ၂ယောက်သား စက်ဘီးကိုတူတူ ပြန်တွန်းလာသည်။
ရှမ်းခေါက်ဆွဲဆိုင်ထဲသို့ပြန်ရောက်လာပြီးတော့ ထိုင်ကြသည်။
"ကျေးဇူးပါပဲနော်"
"ရပါတယ် အေးအေးပေါ့"
"ပြင်ဦီးလွင်ကပဲလား"
"ဟုတ်တယ် ငါ့နာမည်က လင်းမိုးဆွေ တဲ့ နင်ကရော အလည်လား ဒီကပဲလား"
"နာမည်က နွေးပါ။ အပြည့်စုံက နှင်းနွေးသူပါ။ ရန်ကုန်ကနေလာလည်တာ"
"မိုးထင်တော့ထင်တယ် ခုနကတည်းကကြည့်နေတာ ဧည့်သည်ဖြစ်မယ်လို့ မိုးတွင်းကြီးကိုလာလည်တာလား ဒီဘက်ကမိုးများတယ်နော်"
"အင်း ဟုတ်တယ် ဒါပေမဲ့ စာမေးပွဲ အောင်စာရင်းထွက်ကတည်းက ခုမှအားလို့လာရတာ"
"ဆယ်တန်းပဲလား"
"အင်း ဟုတ်တယ် မိုးရော"
"မိုးလည်းတူတူပဲ မိုးလည်း ရန်ကုန်ကျောင်းသွားတက်မလို့စဉ်းစားနေတာ"
"ဟုတ်လား မိုးက ဘာတက်မှာလဲ"
"အစကတော့ ဆေးကျောင်းတက်ချင်တာ ဒါပေမဲ့အမှတ်ကမမီဘူးထင်တယ် နွေးကရော"
"နွေးကတော့ စဉ်းစားတုန်းပဲ ဝါသနာပါတာကတော့ စာရေးတာဆိုတော့"
"ဟုတ်လား မိုက်လိုက်တာ မိုးကတော့ ဘာမဆိုအိမ်နဲ့တိုင်ပင်နေရတာ"
စကားပြောနေရင်းနဲ့ ခိုက်ခိုက်တုန်နေတဲ့ သူ့ကိုကြည့်ရင်း မိုးက
"တည်းတဲ့နေရာကဝေးလား"
"ကန်တော်ကြီးဘက်မှာ"
"ဟာ အာ့ဆိုအဝေးကြီးသွားရဦးမှာပဲ ဖျားသွားမှာပေါ့ လာလာ မိုးအိမ်ကိုလိုက်ခဲ့နော်"
မိုးစဲတော့ မိုးကဆိုင်ကယ်နဲ့သူ့အိမ်ခေါ်သွားပြီး စက်ဘီးကိုခေါက်ဆွဲဆိုင်မှာထားခဲ့သည်။
မိုးအိမ်ကဆိုင်ကယ်နဲ့မို့လို့လားမသိ ခဏနဲ့ရောက်သွားသည်။ မိုးဖေဖေကဆရာဝန်ကြီးဖြစ်တာကြောင့် ဆေးရုံနားမှာပဲ အိမ်ဝယ်ထားသည်။ အိမ်လေးကသပ်သပ်ရပ်ရပ်လေးနှင့် အလွန်လှသည်။
ဥယျာဉ်လေးတခုရှိပြီး ၂ထပ်တိုက်ပုလေးမှာ သပ်ရပ်ပြီးချစ်ဖို့ကောင်းသည်။ ခြံဝန်းထဲတွင် ကားဂိုထောင်မှာ ဆလွန်းကားလေးတစီးနဲ့ လိပ်ခုံးကားလေးရပ်ထားသည်။ မိုးမေမေကအလွန်ဖော်ရွေတဲ့ရှမ်းတိုင်းရင်းသူတဦးဖြစ်သည်။ မိုးဖေဖေကတော့အိမ်မှာမရှိပေ။
"မားရေ သမီး သူငယ်ချင်းပါလာတယ် မိုးတွေမိလာလို့"
"သမီးလေး လာလာ မိုးမိလာတာ အကျီလဲကြဦး ပြီးရင်ဆင်းခဲ့ကြ ကော်ဖီဖျော်ထားမယ်"
မိုးအခန်းလေးကချစ်ဖို့ကောင်းသည်။ စာအုပ်များကိုသေချာစီထားသည်။ နံရံတွင် သူကြိုက်သည့် westlife အဖွဲ့ပုံလေးကိုကပ်ထားသည်။ သီချင်းများကိုလည်းတွေ့ရသည်။ မွေးပွအရုပ်များကိုလည်းသေချာစီထားသည်။ သူ့အခန်းထဲကနေ အနံ့လေးတခုကမွှေးနေသည်။ ပန်းနံ့လိုလို။ ခနနေတော့ သူ့ကိုလဲဖို့အဝတ်စားတွေပေးသည်။ ထိုအကျီများမှာလည်း ခုနကအနံ့ကိုရလိုက်တော့ ဒါဟာ မိုးရဲ့ကိုယ်သင်းနံ့မှန်းသိသွားသည်။
"ဟိတ် အဆင်ပြေရဲ့လား လာအောက်သွားရအောင်"
အောက်ရောက်တော့ သူ့အဖေက အဆင်သင့်စားပွဲပြင်စောင့်နေသည်။
"ကဲ သမီးတို့လာကြ ပူတုန်းစားကြ သောက်ကြ"
စားနေတုန်းပင်မိုးက
"မားရေ ဒါနွေးတဲ့ ရန်ကုန်ကလာလည်တာ သူလည်းဆယ်တန်းအောင်ထားတာတူတူပဲ"
"ဟုတ်လားသမီး သူငယ်ချင်းတွေနဲ့လား အိမ်နဲ့လား လာလည်တာ"
"မိသားစုနဲ့ပါ အန်တီ"
"မိုးက အဖော်အရမ်းမက်တာသမီးရေ ပြီးတော့သူ့အဖေကလည်းဝန်ထမ်းဆိုတော့အမြဲပြောင်းနေရတာ။ သူဆယ်တန်းနှစ်မှဒီကိုပြောင်းတာ သူဆယ်တန်းကိုလည်းအန်တီတို့ကဘော်ဒါထားတာ။ အဲ့တော့ သူကဒီမှာသူငယ်ချင်းမရှိဖြစ်နေတာ။ အခုမှသမီးနဲ့တွေ့ပြီးခင်လာလို့ အန်တီကအံ့ဩနေတာ။ သူကစိတ်ကသိပ်မှန်တာမဟုတ်ဖူး စကားဆိုလည်း ကန့်လန့်ပြောလို့ သူငယ်ချင်းမရှိလို့"
အလွန်ဖော်ရွေတယ်လို့ ခင်တတ်တယ်လို့ထင်ထားတဲ့ မိုးက ဒီလိုလူမျိုးလို့သူ့အမေကပြောပြတော့နွေးအံ့ဩနေသည်။
"အန်တီ နွေးဖုန်းလေးခဏဆက်ချင်လို့ ဒီအိမ်မှာကြိုးဖုန်းရှိလားမသိဘူး"
"ရှိတယ်သမီး လာလာဆက်"
ဖေဖေ့ရဲ့ဖုန်းကိုလှမ်းဆက်ပြီးစိတ်မပူရန်အကျိုရကြောင်းပြောလိုက်သည်။ မိုးမေမေကလည်းကူပြောပေးတော့အဆင်ပြေသွားသည်။
အဲ့နေ့က အိမ်အပြန်ကို မိုးတို့ကကားနဲ့လိုက်ပို့သည်။
"အမတို့ရယ် ကျေးဇူးတင်ပါတယ် သမီးလေးကိုကူညီပေးလို့ ဒီက သမီးလေးလည်းကျေးဇူးပါ"
"ရပါတယ် ညီမ အမတို့ကသမီးသူငယ်ချင်းဆိုလို့တောင်အံ့ဩနေတာ"
"မနက်ဖန်ညနေအိမ်ကို ထမင်းစားကြွခဲ့ကြပါဗျ မိသားစုလိုက်"
ပြန်ခါနီးမိုးကလက်အသာလေးလှမ်းပြသည်။ မိုးအကြောင်းကိုစဉ်းစားရင်းထိုနေ့ကနွေးအိပ်မပျော်။
သွက်လက်ပြီး ဂရုစိုက်တတ်သည့် မိုး ကို သူအလွန်သဘောကျပြီး မနက်ဖန်ပြန်တွေ့ရမှာကိုတွေးရင်ပျော်နေမိသည်။
အတိတ်ကြောင်းစဉ်းစားနေရင်း အတွေးကောင်းနေတုန်း လက်ထဲက လက်ဖက်ရည်ကုန်သွားသောကြောင့် နွေးလက်ဖက်ရည်ဖျော်ရန်မီးဖိုထဲဝင်သွားသည်။
"တီး တောင်"
အိမ်ရှေ့မှ ဘဲလ်တီးသံကြောင့် camera မှတဆင့်ကြည့်လိုက်ရာ ဟိုဘက်အိမ်ကကောင်မလေး ရတုပဲဖြစ်သည်။
တံခါးဖွငိ့လိုက်သောအခါ
"အန်တီ နိုးပီလား အန်တီ့ကိုထမင်းစားလာဖိတ်တာ"
"ဟုတ်လား"
"ဒီနေ့ကျောင်းပိတ်တုန်း တုတုကိုယ်တိုင်ချက်ကျွေးချင်လို့ အန်တီကျွေးတာတွေပဲစားနေရလို့"
"အာ စားရတော့မှာပဲ တုတုကချက်တတ်လို့လား"
"ချက်တတ်ပါတယ် တခုပဲ စျေးသွားဝယ်မလို့marketplace ကို အဲ့ဒါလိုက်ပို့ပေး"
"ဟင် အန်တီချမ်းကရော"
"အန်တီချမ်းကအိမ်သန့်ရှင်းရေးလုပ်နေလို့ ဘာလဲ မပို့ပေးချင်ဘူးလား"
"အာ မဟုတ်ပါဖူး ဒီအတိုင်းမေးတာပါ ပို့ပေးပါ့မယ်"
"ပြီးရော"
"ရေလေးတော့ပြေးချိုးလိုက်ဦးမယ် ခဏလေးတော့စောင့်ပေးနော်"
"အာ မချိုးနေပါနဲ့ မွှေးပါတယ်"
သူ့အနားကိုကပ်ပြီး ဆွဲပြီး လည်ပင်းနားကိုနှာခေါင်းနဲ့ နမ်းလိုက်သောကြောင့် နွေးတယောက် နှလုံးခုန်သံတွေပိုတိုးသွားခဲ့သည်။
တုကလည်း နွေးရဲ့ဆံနွယ်လေးတွေနဲ့လည်ပင်ကြားထဲကနေ ရုန်းရခက်နေသလိုမျိုး လှုပ်လို့မရချေ။
ခဏလောက်၂ယောက်သား ဒီအခိုက်အတန့်မှာ နှစ်ဝင်နေသလိုပင်။
နွေးကခဏနေတော့သတိဝင်လာပြီး
"ကဲ အဲ့ဒါဆို အကျီလေးတော့လဲပါရစေဦးနော်"
အိပ်ခန်းထဲအပြေးဝင်သွားပြီးမှ နွေးသက်ပြင်းချနိုင်သည်။
"ဟူး ဒီခေတ်ကလေးတွေမလွယ်ပါလား"

Love Aunty (ချစ်သောအန်တီ)Where stories live. Discover now