တုတုက သွက်လက်ထက်မြက်တဲ့မိန်းကလေးမှန်းသိပေမဲ့ ကလေးတယောက်လို ချွဲတတ်မှန်းကိုတော့ သူသတိပြုမိလာသည်။
တုတုကိုကြည့်ရင်းနဲ့ သူ့ဘဝရဲ့ ရင်ထဲမှာ အမြဲရွာနေတဲ့ မိုးရပ်ဝန်းကို တခုကို သူသတိရမိတယ်။
အခုလည်း စျေးဝယ်နေတဲ့ပုံစံကိုကြည့်ရတာ သူ့ကိုအရမ်းသက်တောင့်သက်သာဖြစ်နေသည်။
သူတို့ပိုက်ဆံရှင်းပြီးထွက်အလာ ရုတ်တရက် ကောင်လေး၂ယောက်ကလာနှုတ်ဆက်သည်။
"ဟိတ် တုတု စျေးလာဝယ်တာလား"
"အင်း ဟုတ်တယ်"
သူနဲ့တူတူပျော်ပျော်ရွှင်ရွှင်ကလေးလိုရှိနေတဲ့တုတုတယောက်ရဲ့ ပြောင်းသွားတဲ့အသံနဲ့မျက်နှာကိုကြည့်ရင်းအံ့ဩမိလိုက်သည်။
"ငါတို့လည်း မုန့်လာဝယ်တာ ဟိုတယ်မှာ ဒီညသူငယ်ချင်းတွေsleep over လုပ်ကြမှာလေ staycation"
သူတို့ထဲကကောင်လေးတယောက်က တုတုနားကိုကပ်လာရင်း စကားစပြောသည်။
"တုတု ငါနင့်ကိုSnapchat မှာစာပို့ပြီးဖိတ်ထားသေးတယ် နင်ကမကြည့်လို့လေ"
"အင်း ဟုတ်တယ် ငါကအဲ့လိုမျိုးသွားရတာသိပ်မကြိုက်လို့။ ငါနဲ့ခင်တဲ့သူလည်းသိပ်မရှိလို့လေ။ နန်းကလည်း နယ်ပြန်သွားပြီဆိုတော့"
"ငါတို့တရက်လောက်တော့ဘားထိုင်ကြမယ်လေနော်"
"အင်း ငါမအားသေးလို့ ပြန်ပြောမယ်လေနော်"
ဒုတိယကောင်လေးက
"တုတု နင်ကလည်းစိမ်းကားနေလိုက်။ ဒီကောင် Liam ကနင်မလိုက်ရင် ကျောင်းကထွက်မဲ့trip တောင်မလိုက်ဖူးလုပ်နေတာနော်"
"အင်း အခြေနေအရပေါ့ဟာ ငါဧည့်သည်ပါသေးလို့သွားလိုက်ဦးမယ်နော်"
တုတုက သူ့လက်ကိုလှမ်းဆွဲထားရင်း နေရာကထွက်သွားဖို့ပြင်နေသည်။
ထိုအခါ နွေးကို အကဲခတ်တဲ့မျက်လုံးတွေနဲ့ ဝိုင်းကြည့်ကြသည်။
"နင့်အမလား တုတု"
"အင်း ဆိုပါတော့ သွားပြီနော်အာ့ဆို"
တုတု တို့နေရာကထွက်သွားတော့ သူတို့လည်း ကုန်တိုက်ထဲဝင်လာသည်။
"ဟျောင့် Liam ရေ မင်းကသာ ရတု လုပ်နေ ဟိုကစိတ်ဝင်စားမဲ့ ပုံလည်းမပေါ်ဘူး ငါသာဆိုသူ့ကိုမကြိုက်တော့ဘူး"
"ဟ မင်းလိုplayboy မှမဟုတ်တာ ငါကတော်ကီလည်းမကြွယ်တော့ မင်းလိုတော့ ဘယ်စော်များပါ့မလဲကွ"
"ဘာမှလည်း မဆိုင်ဘူးကိုယ့်လူ ငါတို့တွေက အသက်၁၈/၁၉ တွေဖြစ်နေပြီ ဒီတခါ နောက်ဆုံးနှစ်ပြီးရင်လည်း ဘွဲ့လည်းရတော့မယ် ဒီအရွယ်ရောက်မှ ရည်းစားတယောက်တောင် အဖြစ်မရှိရင်တော့လည်း မင်းညံ့တာပေါ့ကွာ"
"မင်းကသာစွတ်ပြောနေတာ ငါကနောက်နှစ်တက်ရမှာတောင်ပျင်းတယ် တခုပဲ အလုပ်သင်ဆင်းရရင်တော့ တုတုလေးနဲ့ တူတူဆင်းရရင်ကောင်းမယ်ကွာ"
"ငါကအာ့တွေတောင်မတွေးထားဘူး ငါကတုတုလေးဘေးမှာပါလာတဲ့ သူ့ဧည့်သည်ဆိုတဲ့အမကိုစိတ်ဝင်စားနေတာ"
"ဘာလို့လဲ မငိးကလဲ သူ့အမျိုးကိစ္စတခုခုရှိလို့နေမှာပေါ့"
"လှလို့လေ မင်းကလည်း တုတုနဲ့အမျိုးတော်မလားလို့ပါကွာ"
Liam နဲ့ Luke ကမူလတန်းကျောင်းကတည်းက သူငယ်ချင်းအရင်းများဖြစ်ပြီး ယခုတက္ကသိုလ်လည်းတူတူတက်ကြတာဖြစ်သည်။ ၂ယောက်သား ကိုဗစ်ကာလကြောင့် နိုင်ငံခြားကျောင်းတက်မဲ့အစီစဉ်ကိုဖျက်ကာ ပြင်တွင်းတက္ကသိုလ်မှာပဲတက်ဖြစ်ခဲ့ရသည်။
နှစ်ယောက်လုံးကတော့ စော်ကြည်ဘဲ အဖြစ်နာမည်ကြီးပေမဲ့ Luke ကပွေပြီး Liam ကနာမည်ပျက်မရှိသူဖြစ်သည်။
—————————
တုတုနဲ့ နွေးကားပါကင်ထဲရောက်တော့ ပစ္စည်းေျွစီတင်ရင်းမေးဖြစ်သည်။
"သူငယ်ချင်းတွေလားတုတု"
"အဲ့လိုလည်းမဟုတ်ပါဘူး အတန်းဖော်တွေပါ"
"တုတုကသူတို့နဲ့ကျမခင်လို့ထင်တယ် တမျိုးပဲနော်"
"တုတုရဲ့ ပုံစံအမှန်ကဒီလိုပဲ အန်တီရဲ့ တုတုက အန်တီ့ကိုမို့သာခင်တာ"
ပြောရင်းနဲ့ မနက်ကလိုပင်သူ့အနားကိုကပ်လာပြန်သည်။
ဒီတခါတော့နွေးကပင်စပြီး တံခါးထပိတ်လိုက်သည်။
ကားပေါ်ရောက်တော့တုတုကပင်စကားစသည်။
"အန်တီ တုတုတို့ကျောင်းက နောက်ဆုံးနှစ်မစခင်အထိမ်းမှတ်အနေနဲ့ ဒီကြားထဲမှာ ခရီးသွားဖို့ရှိတယ်။ မန်းလေး၊ ပြင်ဦးလွင်သွားမှာတဲ့။ အာ့တုတု ဘယ်လိုလုပ်ရမလဲစဉ်းစားနေတာ"
"ဘာလို့လဲတုတုရဲ့ မလိုက်ချင်လို့လား"
"အမှန်တိုင်းပြောရရင်တော့မလိုက်ချင်ဘူး express ကားအကြာကြီးမစီးချင်လို့၊ ဒါပေမဲ့လည်း ပြင်ဦးလွင်မှာက ဘိုးဘိုးဘွားဘွားတို့နေခဲ့တာတဲ့ သွားလည်ချင်တာ"
"အင်း တကယ်လို့ကျောင်းကကားမစီးရင်လည်း တုတုအပြောခံရမယ်ထင်တယ်နော် စည်းကမ်းဖောက်လို့"
"မသိတော့ပါဘူး"
"တုတုသေချာစဉ်းစားလေနော်"
———————
ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ နွေးအိမ်မှာဟင်းတူတူချက်ကြတော့သည်။
"အန်တီ steak ကိုmedium rare ပဲစားချငိတာလား"
"ဟင် အစက spaghettiပဲလုပ်မှာဆို အန်တီsteak ကြိုက်တာတုတု ဘယ်လိုသိလဲ"
"သိတာပေါ့ အန်တီရဲ့ အမြဲတူတူသွားစားနေကြပဲကို ပြီးတော့ spaghetti သိပ်မစားတာလည်းသိပါ့ အာ့ကြောင့် Caesar salad နဲ့ steak လုပ်ကျွေးမလုပ်ပါ"
"ဟမ် ဝယ်လာတာရောမသိလိုက်ရပါလား"
"ဘယ်သိပါ့မလဲ အာရုံမှရှိမနေတာ"
နွေးတယောက် တုတုရဲ့ တီတီတာတာ သိတတ်မှုလေးတွေမှာ အများကြီးနွေးထွေးရသည်။ ဒီတသက်နောက်တခါပြန်မရနိုင်တော့ဘူးလို့သိထားတဲ့ ခံစားချက်ကိုလည်းပြန်ရခဲ့သည်။ western foreign လူမျိုးတွေနဲ့ယှဉ်တော့ ကိုယ့်လူမျိုးတွေကပဲ ချစ်ရသူကိုကြင်နာတတ်တဲ့အမျိုးသမီးများဖြစ်သောကြောင့်ပဲ Asian မလေးတွေကို ယူကြတာပဲမဟုတ်လား။ ဟုပင် နွေး တွေးလိုက်မိသည်။
ဟင်းချက်နေတုန်း ရတုက ထမင်းစားစားပွဲပေါ်မှာ iPad နဲ့ video ကြည့်နေတဲ့သူ့ကိုလှမ်းပြောသည်။
"အန်တီရေ တုတုကို အိမ်ရှေ့မှာကျန်ခဲ့တဲ့အထုတ်ထဲက sauce လေးယူပေးပါဦး"
နွေးတယောက်ထိုင်ရမှထပြီး အိမ်ရှေ့ကအထုတ်ထဲမှာပစ္စည်းရှာနေစဉ် ထိတ်လန့်ဖွယ်အသံတခုကြားလိုက်ရသည်။
"အားးးးးး"
တုတုရဲ့အသံမို့ မီးဖိုခန်းထဲအပြေးသွားကြည့်ရာ သူမရဲ့လက်ညှိုးကို လက်နဲ့ဖိထားသည်ကိုတွေ့ရသည်။
"ဘာဖြစ်တာလဲတုတု"
"လက် ဓားထိသွားလို့အန်တီ"
တုတုလုံးဝအမှတ်မထင်ထားတဲ့လုပ်ရပ်ကို အန်တီလုပ်လိုက်သည်။
တုတုလက်ညှိုးကိုယူ၍သူပါးစပ်ထဲထည့်ထားစုပ်လိုက်သည်။
"အ"
"တုတု နာသွားလို့လား"
တုတု ဘာမှပြန်မပြောဖြစ်။ တကယ်တော့တုတု ဒီတခါ အသံထွက်သွားခြင်းက ရင်ခုန်မှုနဲ့သာယာမှုကြောင့်ဆိုတာကို ပြန်ဖြေရန်ခက်လို့ပါ။
YOU ARE READING
Love Aunty (ချစ်သောအန်တီ)
Ficción General"၁၈နှစ်အောက်များဖတ်ရှုရန်မသင့်တော်ပါ" "အန်တီ့ရဲ့အပြုံးလှလှလေးတွေရဲ့နွေးထွေးမှုမှာ ထာဝရမဟုတ်တောင် ဒီတညတော့အိပ်ခွင့်ပေးလှည့်ပါ" ဆိုတဲ့ ရတု ဆိုတဲ့ကောင်မလေးဟာ သူ့အမေနဲ့ရွယ်တူဖြစ်တဲ့ နွေး ဆိုတဲ့ အန်တီ့ကိုချစ်မိသွားတယ်။ သူ့မိဘတွေကတော့ အပြင်းအထန်ငြင်းဆန်ခ...