အိပ်ရေးမဝနေသေးသောကြောင့် အိမ်ပြန်ရောက်တာနဲ့ ပြန်အိပ်ရင် ရတုကြိုးစားနေသည်။
ရေထသောက်ပြီးပြန်လာရာမှ အခန်းတံခါးကိုအဆုံးထိမပိတ်မိတာကြောင့် တံခါးထပိတ်ရန်ပြင်လိုက်သည်။
တံခါးနားအရောက်မှာ ဖေဖေနဲ့မေမေရဲ့အသံကိုကြားလိုက်သည်။
"မိန်းမရယ် အရမ်းစိတ်မတင်းထားပါနဲ့ သေချာပြောပြပြီးရင် အဆင်ပြေသွားမှာပါနော်"
"သူနဲ့မိုးနဲ့ကြားထဲမှာ ရှိခဲ့တဲ့အရာတွေကို သူ့ဘက်ကဘယ်လိုသဘောထားနေသလဲဆိုတာကိုတော့ မိုးမသိခဲ့တာအမှန်ပဲ"
"မိုးရယ် မောင်ပြောပြမယ်။ မောင်တို့လက်ထပ်ဖြစ်ခဲ့တယ်ဆိုတာ မိဘတွေစီစဉ်မှုပဲလေ"
"မောင်ကအဲ့လိုတွေးပေမဲ့ မိုးကတော့အဲ့လိုမတွေးနိုင်ဘူး။ မောင်စဉ်းစားကြည့်လေ မဖြစ်သင့်တဲ့လူနဲ့မဖြစ်သင့်တဲ့ကိစ္စမို့ မေမေတို့တားတာမလွန်ဖူးလေ"
"လွန်တာကတော့ မင်္ဂလာပွဲကိုရောက်လာတဲ့သူ့ကို မိုးပါးရိုက်လိုက်တာပဲ"
"မိုးကလည်း သူ့ကြောင့်ပွဲပျက်သွားမှာစိုးတာမောင်"
"ဒီနေ့ညတွေ့တော့ သေချာရှင်းပြကြတာပေါ့။ သူလည်းကလေးမှမဟုတ်တော့တာ နားလည်မှာပါ"
"သူဆိုတာထက် မောင့်ကိုလည်းစိတ်ရှင်းစေချင်တယ်မောင် မောင်ထင်သလိုမဟုတ်ဖူးဆိုတာသက်သေပြချင်တယ်"
ထိုစကားတွေကိုကြားရတော့ ရတုတယောက်တုန်လှုပ်ခြင်းများဖြင့် ဆွံ့အသွားခဲ့သည်။
ညနေfamily dinner မှာဧည့်သည်တယောက်ကိုတွေ့ရမယ် အဲ့ဒီ့ဧည့်သည်ကလည်း သူ့မေမေနဲ့ဖေဖေတို့ရဲ့ အိမ်ထောင်ရေးကို သံသယတွေရှိစေသူတဲ့လား။ သူဆိုတာကရော ဘယ်သူလဲ။ ဖေဖေ့ကိုမေမေ့ရဲ့ရည်းစားဦးလို့ပဲသိထားခဲ့တာ။ ဘာပဲဖြစ်ဖြစ် သူကမေမေ့ကိုလိုက်ကြိုက်ပြီး နှောက်ယှက်ခဲ့တာပဲဖြစ်လိမ့်မယ်။ ဖေဖေလည်းသနားပါတယ်၊ မေမေလည်းသနားပါတယ်။
ဘယ်ရယ်ကြောင့်မှန်းမသိ ရတုစိတ်ထဲမှာ ထိုလူကိုနာကျင်မုန်းတီးနေမိသည်။
—————————
"ဆရာရယ် သမီးလေးကိုကယ်ပေးပါဦး"
"ညီမလေး သတိထားဦးနော်"
မီးရောင်တွေနဲ့ လူတွေကိုမမြင်တချက်မြင်တချက်နဲ့ ဝေဝါးနေသည်။ အိပ်ဆေးနဲ့ချောင်းဆိုးပျက်ဆေးပေါင်းမြောက်များစွာကို မျက်လုံးထဲမှာ မြင်နေရသလို။ သွေးတွေလည်းကျနေသလိုခံစားရသည်။
"နင့်ထွက်သွားလိုက်တော့" ဆိုတဲ့အသံနက်ကြီးကြောင့် နွေးအိပ်ယာထဲမှထထိုင်မိသည်အထိ လန့်နိုးလာသည်။
သူအိပ်ယာထဲမှာထကာ အချိန်ကိုကြည့်မိသည်။
ညနေစောင်းသောကြောင့် ရေမိုးချိုးပြင်ဆင်ပြီး နွေးအိမ်ကထွက်လာသည်။ နွေးရဲ့စိတ်ကတော့ ဖြစ်နိုင်ရင်မိုးနဲ့တွေ့ရမှာကို ကြောက်လန့်နေပြီး၊ အတိတ်ဆိုးတခုကို ပြန်ရောက်သွားသလို ခံစားမိသည်။ သတ္တိကိုမွေးကာ အသပ်ရပ်ဆုံးပြင်ဆင်သွားရန်လည်းကြိုးစားသည်။ သူ့ဆီကိုလုယူသွားတဲ့သူရှေ့မှာတော့ သူအလှဆုံးဖြစ်ချင်တယ်လေ။
Hotel က စားသောက်ဆိုင်ကိုရောက်တာနဲ့ သူတချက်ဝှေ့ပြီးရှာမိသည်။ မတွေ့သည်နဲ့ သူပဲအရင်ဝင်ထိုင်လိုက်သည်။ သူထိုင်နေပြီး သောက်နေကျ Champange တပုလင်းမှာလိုက်ကာ သောက်ရင်းစောင့်လိုက်သည်။
————————-
"မေမေ ရတုကကားတစီးနဲ့သပ်သပ်သွားမှဖြစ်မှာလေ ပြီးရင်အိမ်ကနီးနေပြီ တခါတည်း အိမ်ပဲပြန်အိပ်တော့မယ်နော်"
"ကောင်မလေးနော် အခုမှ ၁၉ ပဲရှိသေးတယ် အမေနဲ့ဝေးရာမှာပျော်နေတယ်ဟုတ်လား"
ADပွိုင့်မှာ ကားပိတ်မိနေပြီး ရတုရဲ့ကားလေးက အရင်ဆုံး Hotel ကိုရောက်နှင့်သည်။ Hotel ရောက်သည်နှင့် သူ့မိဘတွေကို အခုချိန်ထိ စိတ်ဒုက္ခပေးနေသည့် မေမေရဲ့အဆက်ဟောင်းဟုခေါ်နိုင်သော အမျိုးသားတဦးကိုဝှေ့ကာရှာမိသည်။ သို့သော် သူတွေ့လိုက်ရသည်က
"ဟင် နွေး"
အမြန်ပဲ ပြေးသွားလိုက်သည်။
"နွေး ဧည့်သည်နဲ့ချိန်းထားတာဆို ဒီရောက်နေတာလား"
"အင်း ဒီမှာပဲချိန်းထားတာ ငယ်တို့ကရော"
"Dinner ကဒီညပဲစားမှာ။ ဧည့်သည်တယောက်တော့လာမယ်ထင်တယ်။ ဖွင့်ပြောဖို့ကိစ္စကို အခြေနေတချက်ကြည့်လိုက်မလားလို့"
"ငယ့်သဘောပါ နွေးကရပါတယ်"
"အခုတော့အဆင်ပြေတယ် တခါတည်းမိတ်ဆက်ပေးလိုက်တော့မယ်လေ။ မေမေ ဒါသမီးချစ်သူပါလို့။ ဒီနေ့မှ နွေးကလည်းအရမ်းကိုလှနေတော့။ လှလွန်းလို့ ငယ်တောင်စိတ်မထိန်းနိုင်တော့ဘူး"
ပြောပြောဆိုဆိုနဲ့ နွေးလည်တိုင်ကို လှမ်းပြီးထိလိုက်သည်။
"ငယ့်မိဘတွေကရော မလာသေးဘူးလား"
"ကားပိတ်နေတာထင်တယ်"
"အဲ့ဒါဆို နွေးနဲ့တူတူထိုင်စောင့်လေ နွေးလည်းဧည့်သည်မလာသေးလို့"
တဝိုင်းတည်းတူတူထိုင်ပြီး စကားပြောနေရင်းနဲ့ပင် စားသောက်ခန်းထဲသို့ ရတုရဲ့ဖေနဲ့အမေတို့ဝင်လာကြသည်။
"ဟော ဟိုမှာဖေဖေတို့ရောက်လာပြီ"
ကျောပေးထားပြီး ထိုင်နေသောနွေးက ဖုန်းဝင်လာသောကြောင့် ဖုန်းပြောတာကိုလတ်စသတ်နေသည်။ ရတုကတော့သွားထကြိုသည်။
"အတော်ပဲ လာမေမေတို့နဲ့မိတ်ဆက်ပေးရဦးမယ် ဒီမှာသမီးရဲ့မိတ်ဆွေနဲ့တွေ့နေလို့"
"အိမ်နီးချင်းညီမလား"
"ဟုတ်ပါ့ အဲ့အန်တီပေါ့"
"မေမေ့ဧည့်သည်ကိုရှာဦးမယ်လေ"
"ခနလေးပါမေမေရဲ့လာပါ"
ရတုတို့ဝိုင်းအနားသို့ရောက်တော့ နွေးလည်းဖုန်းပြောပြီးလှည့်ကြည့်လိုက်တဲ့အခါ
"ဟင် မိုး"
"နွေး"
၂ယောက်လုံး အံ့ဩနေကြပြီး အသံများပင်တုန်နေကြသည်။
"မေမေတို့ကသိနေပြီသားလား"
စကားမပြန်နိုင်ကြတဲ့၂ယောက်ကိုယ်စား ရတုအဖေသီဟမိုးမြင့် ကဝင်ဖြေသည်။
"ဒါဖေဖေတို့ နဲ့ချိန်းထားတဲ့ ဧည့်သည်ပဲသမီး"
———————//
စားပွဲတဝိုင်းထဲအတူထိုင်နေကြသော်လည်း အခြေအနေတွေကတင်းမာနေသည်။ နှုတ်ဆိတ်နေကြသည်။
"နွေး နဲ့ အစကမိတ်ဆက်ပေးမလို့ပဲ သိပြီးသားဆိုတော့ မလိုတော့ပါဘူး။"
"သမီးနွေးက မေမေ့ရဲ့ငယ်သူငယ်ချင်းလေ။ သမီးနေတဲ့ကွန်ဒိုကလည်းသူတို့ပဲပိုင်တာ မေမေတို့ကပြန်ဝယ်ထားတာလေသမီး။ အဲ့ဒါကြောင့် သမီးနဲ့သူနဲ့က အိမ်ကနီးနေတာဖြစ်မယ်"
တိတ်ဆိတ်နေတဲ့ရတုက အသံမာမာဖြင့်ထမေးသည်။
"နွေး နဲ့ မေမေရဲ့ပတ်သက်မှုကဘာလဲ"
မိုးကမျက်နှာပျက်သွားသည်။
"ဘာကိုလဲသမီး"
"နွေး အမှန်တိုင်းဖြေ ။ နွေးရဲ့ရည်းစားဦးမိုးဆိုတာ မေမေ့ကိုပြောတာမဟုတ်လား"
"ငယ်ရယ် စိတ်အေးအေးထားပါ"
ရတုရဲ့အဖေကဝင်ထိန်းသည်။
"သမီး ရတု လူကြီးကိုအဲ့လိုမလုပ်ရဘူးလေ"
"လုပ်ရမယ် ဖေဖေ သေချာကိုရှင်းရမယ်။ ဘာလို့လဲဆိုတော့ နွေးက သမီးသိပ်ချစ်နေရတဲ့ချစ်သူဖြစ်နေလို့ပဲ"
"ဘာ ရတု"
"အို သမီး ဒါမေမေသူငယ်ချင်းလေ။ သမီးအမေအရွယ်လေ ပြီးတော့ မိန်းကလေးချင်းကြီး"
"ဘာဖြစ်လဲ မေမေလည်းချစ်ကြိုက်ခဲ့တာပဲ မေမေရဲ့ နွေးရဲ့ချစ်သူဖြစ်ခဲ့ဖူးတာပဲ။ သမီးအကုန်မနက်ကကြားပြီးပြီ"
ရတုအဖေရောအမေရော ၂ယောက်စလုံးမျက်နှာပျက်သွားကြသည်။
ရတုက ငြိမ်နေတဲ့နွေးဘက်ကိုလှည့်ကာ နွေးရဲ့ ကုတ်အကျီစကိုဆွဲလိုက်သည်။
"ပြောလေနွေး နွေးပြောတော့ရည်းစားဦးနဲ့မပတ်သက်တော့ပါဘူးဆို။ အခုဒါကဘာလဲ။ ပြီးတော့ ငယ့်ကိုချစ်ခဲ့တယ်ဆိုတာရော မေမေ့ကိုမရလို့ လက်စားခေတဖို့အတွက် ငယ့်ကိုရအောင်ယူခဲ့တာလား။ ဒါမှမဟုတ် မေမေ့နေရာမှာအစားထိုးဖို့အတွက်လား"
နွေးစိတ်တွေရှုပ်လာပြီး ငယ့်ရဲ့လက်တွေကိုဖယ်ချလိုက်သည်။
"တော်ပြီ ရတု။ မင်းစကားတွေလွန်မလာနဲ့တော့နော်။ လူကြားထဲမှာ အရှက်ကွဲရတဲ့အလုပ်တွေငါလုံးဝမလုပ်ချင်ဘူး။ မင်းတို့မိသားစုတွေက အားလုံးအကျင့်တွေတူတူပဲ။"
"ဪ အခုတော့ ဒီစကားတွေကိုပြောထွက်ပြီပေါ့ ဟုတ်လား ငယ့်ရင်ထဲမှာ ဘာတွေဖြစ်နေလဲ နွေးမမြင်နိုင်ဘူးလား"
"တော်ပြီရတု မင်းနဲ့ ငါနဲ့ လုံးဝမဖြစ်နိုင်တော့ဘူး။ ဒါငါပြောနိုင်တာပဲ။ ငါသွားတော့မယ်။"
နွေး ပိုက်ဆံရှင်းပြီး နေရာမှထွက်သွားခဲ့သည်။
ထိုအခါမှ
"ဖေဖေရှင်းပြမယ်သမီး စိတ်ကိုအေးအေးထားပါ"
"သမီးမေမေနဲ့သူနဲ့ကဆယ်တန်းကတည်းကရင်းနှီးခဲ့ကြတယ်။ တယောက်နဲ့တယောက်သံယောဇာဉ်တွေတိုးလာပြီးတော့ မေမေတို့တွေ မခွဲနိုင်မခွါရက်ဖြစ်ခဲ့ကြတယ်။ ဒါကိုသမီးရဲ့အဘိုးနဲ့အဘွားနဲ့က ပတ်ဝန်းကျင်ကတဆင့်ပြန်ကြားခဲ့တယ်။ ပတ်ဝန်းကျင်ရဲ့ပြောဆိုမှုတွေ မိဘတွေရဲ့ပြောဆိုမှုတွေကိုမခံနိုင်တာကြောင့်ရယ် မေမေကိုယ်တိုင်ကလည်း မိန်းကလေးချင်းဆိုတာကိုလက်မခံနိုင်တာရယ်နဲ့ ကျောင်းပိတ်ရက် အိမ်ကိုပြန်လာတဲ့အခါ အိမ်ကသဘောတူတဲ့ဖေဖေ့ကိုချက်ချင်းလက်ထပ်ခဲ့တယ်၊ မေမေကမင်္ဂလာပွဲကိုရောက်လာတဲ့သူ့ကိုလူကြားထဲမှာ ရှက်စိတ်နဲ့ ပါးရိုက်ပြီးနှင်ထုတ်ခဲ့တယ်။ အဲ့စိတ်နဲ့ပဲ နှင်းနွေးသူဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့အထိဖြစ်ခဲ့ပြီး ရှက်ရှက်နဲ့ နိုင်ငံခြားကိုထွက်သွားခဲ့တာ အခုချိန်အထိပဲ"
"မေမေသူ့ကိုသူငယ်ချင်းထက်မပိုခဲ့ပါဘူးသမီးရယ်"
"မိုး မိုးရှက်စိတ်နဲ့လက်မခံနိုင်တာပါမိုးရယ်"
"မိုးဒါတွေမသိဘူးမောင် မောင်သိတာကတော့ သမီးလည်း လုံးဝသူနဲ့မပတ်သက်ရဘူး"
"ဘာ မေမေ နွေးနဲ့ သမီးကဘာဆိုင်လို့လဲ"
"မိန်းကလေးချင်းဖြစ်တယ်ဆိုတာ ပတ်ဝန်းကျင်မှာဘယ်လောက်ရှက်ဖို့ကောင်းသလဲ ဒါဟာ ငယ်သေးတဲ့သမီးကို မေမေ့တုန်းကလိုသူလှည့်စားခဲ့တာ"
"သူ့မှာအပြစ်မရှိဘူးမေမေ သူ့ကိုသမီးကစကြိုက်ခဲ့တာပါ"
"မိန်းမရယ် တော်ပါတော့ကွာ နောက်မှအေးဆေးပြောပါ လောလောဆယ် တို့တွေအိမ်အရင်ပြန်ရအောင်နော်"
"သမီးမလိုက်တော့ဘူးဖေဖေ သမီးအိမ်ပြန်တော့မယ်"
ဘာမှနားမထောင်တော့ဘဲနဲ့နေရာကနေအပြေးထွက်လာပြီး နွေးရဲ့အိမ်ခန်းဆီကိုဦးတည်လိုက်သည်။ နွေးအခန်းရှေ့ရောက်တော့ တံခါးကိုထုသည်။
"နွေး ငယ်တို့စကားခဏလောက်ပြောရအောင်လေနော် ငယ့်ကိုအဲ့လိုမလုပ်ပါနဲ့ကွာ"
ဖုန်းဆက်တော့လည်း စက်ပိတ်ထားသည်။
လုံခြုံရေးကကင်မရာကနေတွေ့ပြီးရောက်လာသည်။
"အော်ညီမလေးပဲ ဘာများကူညီရမလဲခင်ဗျာ"
" ညီမလေး နွေးကိုစောင့်နေတာပါ"
"မမလေးက ညနေကတည်းကထွကိသွားတာ ပြန်ဝင်လာတာမတွေ့သေးပါဘူးခင်ဗျာ"
"ဟင်"
ရတုရင်ထဲမှာ ရုတ်တရက်အပူလှိုင်းကြီးသွားပြီး နေရာမှထွက်ကာ အသည်းအသန်လိုက်ရှာသည်။ တညလုံး တမြို့လုံးအနှံ့လိုက်ရှာသော်လည်း ဘယ်နေရာ ဘယ်နားမှာမှတွေ့။
"နွေးရယ် ငယ့်ကိုမုန်းသွားပြီလား ငယ့်ကိုအဲ့လိုကြီးတော့မထားခဲ့ပါနဲ့"
YOU ARE READING
Love Aunty (ချစ်သောအန်တီ)
قصص عامة"၁၈နှစ်အောက်များဖတ်ရှုရန်မသင့်တော်ပါ" "အန်တီ့ရဲ့အပြုံးလှလှလေးတွေရဲ့နွေးထွေးမှုမှာ ထာဝရမဟုတ်တောင် ဒီတညတော့အိပ်ခွင့်ပေးလှည့်ပါ" ဆိုတဲ့ ရတု ဆိုတဲ့ကောင်မလေးဟာ သူ့အမေနဲ့ရွယ်တူဖြစ်တဲ့ နွေး ဆိုတဲ့ အန်တီ့ကိုချစ်မိသွားတယ်။ သူ့မိဘတွေကတော့ အပြင်းအထန်ငြင်းဆန်ခ...