အင်လျားကန်ဘောင်မှာ ထိုင်နေရင်းနဲ့ တော်တော်ပင်မိုးချုပ်သွားခဲ့ပြီ။ ပြည်လမ်းမပေါ်က ကားတွေဖြတ်သန်းသွားတဲ့အသံတွေကိုနားစွန့်ရင်း သူ့စိတ်တွေဂယောက်ဂယက်ဖြစ်နေတာကို တော်တော်ထိန်းယူရသည်။ လမ်းပေါ်ကကားတွေကိုကြည့်နေရင်း ဒေါသကိုပြန်ထိန်းရသည်။ မထိန်းလို့လည်းမရ ဆရာဝန်ကစိတ်ကိုထိန်းချုပ်ဖို့ပြောထားတာကြောင့် ပန်းချီကိုပင်ဝါသနာမပါသော်လည်းဆွဲခဲ့ရသည်။
ကားလမ်းပေါ်ကိုကြည့်နေရင်းနဲ့ ရင်းနှီးနေတဲ့ကားတစီးသူ့မျက်စိရှေ့ကပေါ်လာသည်။ အလွန်ပြင်းတဲ့အရှိန်နဲ့ မူမမှန်တဲ့မောင်းနှင်မှုကြောင့် လမ်းရှိကားများဟွန်းတီးနေသည်။
"ဟာ တိုက်တော့မှာပဲ"
နွေးတယောက် တွေးနေဆဲမှာပင် ကားကမီးနီဖြတ်သဖြင့် ကွေ့ကြောဝင်လာတဲ့ကားနဲ့တိုက်မိလေသည်။ အလျင်အမြန်ပင် နွေး ကားတိုက်ရာစီသို့ပြေးသွားလေသည်။ တဖက်လူကလည်းဆင်းပြီး ပြဿနာရှာရန်ပြင်လေသည်။ ယာဉ်ထိန်းရဲကလည်း မီးပွိုင့်control နေရာကနေထွက်လာပြီး အနီးသို့ရောက်လာသည်။
ကားမှန်ကိုထုပြီး ကားတံခါးကိုဖွငိ့ခိုင်းနေပုံရသည်။
နွေးရောက်ပြီး အနီးကပ်ကြည့်လိုက်တဲ့အခါမှ ဒေါ်ရတုက တံခါးမဖွင့်ဘဲ ငိုနေသည်။ နွေးက တံခါးကိုထုပြီးအတင်းခေါ်တာတောင်မကြားချေ။ နွေးကပဲ အတိုက်ခံရသူတွေဘက်လှည့်ကာ
"ကျွန်မအားလုံးကိုပြေလည်အောင်ဖြေရှင်းပေးပါ့မယ် ကလေးကအခုတော့shock ဝင်သွားလို့ပါ "
"ဘယ်ရမလဲ ခင်ဗျားညီမကမူးနေတာလားမသိဘူး ရမ်းနေတာ ဒါမျိူးလက်မခံဘူး ကျွန်တော်တို့ကအလုပ်တွေနဲ့"
"နွေးကြားထဲကတောင်းပန်ပါတယ် ခနနေနွေးတပည့်တွေအားလုံးလာလုပ်ပေးပါလိမ့်မယ် အကိုတို့workshop ထားတုန်းစီးဖို့ကားလည်းညီမစီစဉ်ပေးပါမယ်နော် နောက်ပီး အကိုတို့ဘက်ကထိခိုက်နစ်နာသွားတဲ့အတွကိလျော်ကြေးအနေနဲ့လည်း ညီမတို့ဘက်က ကုသစားရိတ်သပ်သပ်ထပ်ပေးပါမယ်"
"ပီးတာပဲဗျာ ခင်ဗျားတို့မိနိးကလေးတွေမို့လျှော့ပေးလိုက်မယ် မဟုတ်ရင်အဲ့လောက်ရမ်းတာထောင်ထဲထည့်ရမှာ"
ယာဉ်ထိနိးရဲကရောက်လာပြီး
"ပြေလည်သွားရင်လည်း ကားတွေကိုလမ်းဘေးထိုးပေးပါ ဒီမှာ လမ်းတွေပိတ်ကုန်လို့ပါ"
အတိုက်ခံရတဲ့ကားကနေရာရွှေ့လိုက်သည်။ နွေးကတော့ရတုကိုမျက်နှာမြင်အောင်မနည်းထုကာမှ နွေးမှန်းသိပြီး ကားတံခါးဖွငိ့ပေးလေသည်။ ဒီတခါမှပဲ နွေးလည်း ရတုကိုရွှေ့ကာ ကားမောင်းထိုင်ခုံနေရာကိုဝင်ပြီး ကားကိုရွှေ့လိုက်သည်။
ထို့နောက် နွေးကသူ့ရဲ့တပည့်တယောက်ကိုဖုန်းဆက်လိုက်သည်။
"နွေး နွေး ငယ့်ဆီပြန်လာတယ်နော်"
"ဘာလို့ ဒီလိုတွေလျှောက်လုပ်နေရတာလဲ ရတုရာ"
"နွေးထွက်သွားတော့လေ ငယ့်မှာဘယ်လောက်စိတ်ပူရလဲသိလား"
တဖက်ကိုခေါ်ထားသည့်ဖုန်းဝင်သွားတာကြောင့် ရတုကို့တိတ်တိတ်နေရန်အချက်လှမ်းပြလိုက်သည်။
"အင်း ကိုသားကြီးရေ ဒီမှာအမညီမလေးတယောက်ကားaccident ဖြစ်လို့လေ၊ ပြည်လမ်း အင်လျားကန်မီးပွိုင့်မှာ အဲ့ဒါ အမတိုက်ခံရတဲ့ကားတွေကိုလာယူပြီး ဟိုဘက်ကလူတွေအတွက် ရုံးကားတစီးယူလာပေးလိုက်ပါဦး အမကကားပါတယ် အခုထွက်လာခဲ့တော့နော်"
ဖုန်းချပြီးတဲ့အခါမှာ နွေးတယောက်သက်ပြင်းတွေချနေမိပါတယ်။ ဒါကိုမြင်တဲ့ရတုက
"နွေး ငယ့်ကိုစိတ်ပျက်သွားပြီလားဟင်"
"အခုချိန်မှာ တို့အချိန်တခုလိုတယ် ရတု"
"ဘာလဲ မေမေ့သမီးမှန်းသိလို့ငယ့်ကိုမပတ်သက်ချင်တော့တာလား"
"အဲ့လိုမဟုတ်ပါဖူးကွာ အမှန်တိုင်းပြောရရင် မိုးနဲ့ပတ်သက်လာရင် နွေးမှာ စိတ်ဒဏ်ရာတွေအရမ်းများတယ် နောင်တတွေလည်းအရမ်းများတယ် အဲ့ဒါကြောင့်မို့ဖြစ်နိုင်ရင် တို့နဲ့ခဏလေးလောက်ခွဲပြီးနေပေးပါ"
အစိမ်းသက်သက်ကြီးပြောလိုက်တဲ့ နွေးရဲ့စကားတွေကြောင့် ရတုတယောက်တော်တော်လေးကသိကအောက်ဖြစ်သွားရသည်။ ထိုနေ့ကစပြီး နွေး ရတုကိုလုံးဝအဆက်သွယ်မလုပ်တော့ပါ။
ရတုတညလုံးငိုနေမိသည်။ မေမေကတော့စာပို့သည်။ "သမီးလေး အိမ်မှာခဏပြန်လာနားလိုက်ပါ လူပေါင်းမမှားစေချင်ဘူးတဲ့"
အချစ်ဆိုတာကို မှားတယ်လို့တခါမှမခံယူမိတဲ့ ရတုတယောက်သူ့အမေကိုလုံးဝနားမလည်ပါ။
ရတုအမျိုးမျိုး နွေးစိတ်လည်အောင်ကြိုးစားနေမိသည်။
မိုးလင်းသည်နှင့် နွေးစားရန် မုန့်များလုပ်ပြီး အိမ်ရှေ့ကိုသွားစောင့်သည်။ တံခါးခေါက်သည် ဘဲလ်တီးသည်။ တံခါးရှေ့တွင်သူပြန်လာမည့်အချိန်ကို ငုတ်တုတ်ထိုင်စောင့်သည်။ တံခါးရှေ့တွင်စောင့်ရင်း အိပ်ပျော်သွားသည်။
ခဏကြာတော့ လှုပ်ရှားမှုနဲ့အသံတွေကြောင့် သူနိုးလာသည်။ သူမြင်လိုက်ရတဲ့မြင်ကွငိးနဲ့ခံစားမှုအမ သူ့ကို လူ၂ယောက်ပွေ့ချီခေါ်သွားတာကို သတိထားမိသည်။ သူသေချာဖွငိ့ကြည့်တော့မှ သူ့ကိုဦးလေးကြီး၂ယောက်ချီထားသည်ကိုတွေ့ပြီး လန့်ပြီးရုန်းလေသည်။
"လွှတ် ဘယ်ခေါ်သွားမလို့လဲ"
အနားမှာရှိနေတဲ့ ဒေါ်ချမ်းက
"သမီး ဒေါ်ချမ်းပါ သမီးလေးတံခါးရှေ့ကြီးအိပ်ပျော်နေလို့ အဲ့ဘက်အခန်းကအိမ်ရှင်ညီမလေးက လာခေါ်လိုင်းလို့ပါသမီးရယ်"
"သူရယ် ဒေါ်ချမ်း သူဘယ်မှာလဲ"
"သူအခန်းထဲပြန်သွားတယ်လေသမီး"
"မရဘူးပြန်သွားမယ်"
"မသွားပါနဲ့သမီးရယ် ဒေါ်ချမ်းစကားကိုနားထောင်ပါ။ နောက်ဘယ်တော့မှမလာအောင်ထိန်းထားပါဆိုပြီး ဒေါ်ချမ်းကိုလည်းမှာလိုက်တယ်"
"ဘာ.... နွေးကအဲ့လိုပြောတယ်ဟုတ်လား"
ရုတ်တရက်မျက်နှာပျက်သွားတဲ့ ဒေါ်ချမ်းကိုကြည့်ရင်း အိပ်ခန်းထဲကိုပြေးဝင်လာမိသည်။ တခန်းလုံးရှိသမျှပစ္စည်းတွေကိုလည်းရိုက်ခွဲပြီး လွှင့်ပစ်ပြီး စိတ်တိုင်းကျအော်နေမိသည်။
"ဒေါ်နှင်းနွေးသူ ရှင်တော်တော်ရက်စက်ပါလား ကျောရရုံကြံပြီးတော့ ထားပြီးထွက်သွားခဲ့တာပေါ့ တော်တော်တရားပါလား"
အောက်နှုတ်ခမ်းကိုဖိကိုက်ထားရင်းသွားများစီးကျလာသည်။ မျက်ရည်တွေစီးကျနေတဲ့ပါးပြင်ကိုလက်ခုံနဲ့သုတ်လိုက်ပြီး နာကျင်မှုများကိုခံစားနေလေသည်။
![](https://img.wattpad.com/cover/352070527-288-k433731.jpg)
YOU ARE READING
Love Aunty (ချစ်သောအန်တီ)
Ficción General"၁၈နှစ်အောက်များဖတ်ရှုရန်မသင့်တော်ပါ" "အန်တီ့ရဲ့အပြုံးလှလှလေးတွေရဲ့နွေးထွေးမှုမှာ ထာဝရမဟုတ်တောင် ဒီတညတော့အိပ်ခွင့်ပေးလှည့်ပါ" ဆိုတဲ့ ရတု ဆိုတဲ့ကောင်မလေးဟာ သူ့အမေနဲ့ရွယ်တူဖြစ်တဲ့ နွေး ဆိုတဲ့ အန်တီ့ကိုချစ်မိသွားတယ်။ သူ့မိဘတွေကတော့ အပြင်းအထန်ငြင်းဆန်ခ...