အန်တီ

4K 62 0
                                    

"မျက်ဝန်းလဲ့ပြာ မျက်ထောင့်နားက
မျက်ရည်စခို မိုးဆွေညိုသည်
ခွန်းစနှုတ်ချို စကားမဆိုတော့
သူ့အလိုသည်သာ အဖြေရှာ"
မေမေ့ ဗီရိုအဟောင်းထဲက စာအုပ်ဟောင်းတွေထဲကသူဖတ်ဖူးတဲ့ကဗျာလေးတပုဒ်။
ငယ်ငယ်တုန်းက ရတုတယောက်ပုံဆွဲအလွန်ဝါဿနာပါသောကြောင့် အိမ်တွင်ရှိသမျှ စာအုပ်နံရံ အလွတ်မပေး သူမ အမေရဲ့ စာအုပ်ဟောင်းအတွင်းများတွင်ပါ လိုက်လံရေးဆွဲလေ့ရှိသည်။
သူတရက် မေမေ့ဗီရိုထဲမှာ အဖုံးလှလှနဲ့ ဒိုင်ယာရီ စာအုပ်လေးတအုပ်ကိုတွေ့လိုက်သည်။ ထုံးစံအတိုင်းပုံဆွဲစာရွက်အလွတ်ရှာရင်း ထိုကဗျာလေးကိုဖတ်မိသည်။ ၂တန်းအရွယ်ကလေးမို့ စာဖတ်တတ်ရုံပဲတတ်ပြီး ကဗျာဆိုတာကိုနားမလည်ပါ။ သို့သော် လှပတဲ့လက်ရေးနဲ့ သူ့မိဘတွေဆီကတခါမှမကြားမသိဘူးတဲ့ စကားလုံးအသုံးအနှုန်းလှလှလေးများကို သဘောကျသောကြောင့် မေမေမသိအောင် စာအုပ်လေးကိုဖွက်ထားလိုက်သည်။ နောက်ပိုင်း သူစာအုပ်ကိုဖွင့်ကြည့်ဖို့သတိမရတော့။ တခါတရံ စာအုပ်ရှင်းတဲ့အခါလောက်ပဲကိုင်ကြည့်ပြီး အရှေ့ဆုံးတမျက်နှာမှာရေးထားတဲ့ ထိုကဗျာကလွှဲပြီး စာအုပ်အားတခါမျှမဖတ်ဖူးချေ။
သူမမသိခဲ့တာ ထိုစာအုပ်လေးက သူမဘဝအတွက်အရေးအပါဆုံးပစ္စည်း​လေးတခု ဖြစ်လာခဲ့မယ်ဆိုတာပါပဲ။
"Happy birthday to youပါ သမီးလေးတုတုရေ"
"ကျေးဇူးပါ ဖေနဲ့မေရေ"
"သမီးဒီနှစ်ဘာလိုချင်လဲပြော မေတို့ဖေတို့ဘာဝယ်ပေးရမလဲ"
"သမီးကနိုင်ငံခြားပဲသွားတက်ချင်တာမေမေရဲ့ မေမေတို့လည်းထားနိုင်နေတာပဲ"
"အဲ့လိုတော့မလုပ်ပါနဲ့သမီးရယ် ဖေနဲ့မေမှာဒီသမီးလေးပဲရှိတာ မခွဲနိုင်ပါဘူး ဒီမှာပဲ အကောင်းဆုံးဆိုတဲ့ဘွဲ့ကိုယူပါသမီးလေးရယ်၊ သမီးခွဲနေချင်တယ်ဆိုလည်း ခွဲထားပေးမယ်နော်၊ အဝေးကြီးတော့မသွားရဘူးနော်"
"အာ့ဆို သမီးလည်း၁၈နှစ်ပြည့်ပီးပီဆိုတော့ သမီးအတွက်သီးသန့် ကားနဲ့အိမ်နဲ့စီစဉ်ပေးပါတော့ ကျောင်းလည်းပြီးတော့မှာဆိုတော့"
"ဟုတ်ပါပီဗျာ သဘောပါ တခုပဲ ဖေဖေ့အလုပ်ကိုတော့ဆက်ကူရမှာပဲနော်"
"အင်းပါ ဖေရဲ့ အခုလညိးကူနေတာပဲကို"
သူတို့မိသားစုတွေကြည်နူးနေတုန်းဖုန်းတခုဝင်လာခဲ့သည်။
"ဟယ်လို"
"ဟင် နွေး သူငယ်ချင်း နင်အခုဘယ်မှာလဲ"
"အေးအေး ငါစီစဉ်ပေးရမှာပါ့ နင်ရောက်ရင်ဆက်လိုက်ငါလာခဲ့မယ်"
ဖုန်းချသွားတာနဲ့ မေမေ့ကိုဝိုင်းမေးကြသည်။
"ဘယ်သူဆက်တာလဲ မိန်းမရေ မိန်းမကြည့်ရတာအလန့်တကြားနဲ့"
"မောင် နွေးပြန်ရောက်ပီ နွေးဆက်တာ"
"ဟေ ဟုတ်လား မဆုံရတာကြာပြီ သွားတွေ့ကြတာပေါ့"
လူကြီးတွေကိစ္စမို့ သူဘာမှဝင်မပြောတော့။
——————————————
ဒီနေ့လောက် ပျော်တဲ့နေ့ ရတုဘဝမှာရှိမယ်မထင်။ ကားကောင်းကောင်းတစီးနဲ့ ကွန်ဒိုလှလှလေးတခန်းကို မေမေတို့ကသူတို့အိမ်နဲ့အရမ်းမဝေးတဲ့နေရာမှာဝယ်ပေးသည်။ အင်းလျားကန်ကိုလှမ်းမြင်ရသည်။ သူအရမ်းပျော်နေသည်။
သူအိမ်ပြောင်းရင်းအလှဆင်းရင်းမောပြီး အိပ်ယာအသစ်ပေါ်တွင် အိပ်ပျော်သွားသည်။
တရေးနိုးလာတော့ သူ့တခန်းလုံးအမှောင်ကျနေသည်။
ရုတ်တရက်သူအရမ်းကြောက်နေသည်။ အိမ်မှာအဖော်ခေါ်ထားသည့် ဒေါ်ချမ်းကို လှမ်းခေါ်သည်။ ဘယ်သူမှမကြားကြချေ။ အတိမှောင်မိုက်နေသောကြောင့် သူမဖုန်းကိုစမ်းရှာသော်လည်းမတွေ့။ မှောင်လေကြောက်လေဖြစ်နေသည်။ သတ္တိတွေကောင်းပြပြီး အိမ်ကိုပုန်ကန်မိတာမှားပြီဟုတွေးရင်း မျက်ရည်တွေကျလာသည်။ အမှောင်ထဲမှာပဲဖုန်းကိုလိုက်ရှာရန်ကြိုးစားရင်း အလှဆင်ပစ္စည်းတွေနဲ့အတူချော်လဲပြီး ပြုတ်ကျသွားသည်။
"အားးးးးးး"
မှောင်လည်းမှောင် ကြောက်လည်းကြောက်တာကြောင့် အသံနက်ကြီးထွက်သွားခဲ့သည်။
ခနနေတော့သူမအခန်းတံခါးကို ထုနေသံကြားသည်။ နေရာအသစ်ဖြစ်၍လန့်ပြီး လဲကျနေရာကပင် ဘယ်သူလဲဟုအော်မေးနေပြီး ခနနေတော့ မီးရောင်တခုသူမဆီရောက်ခဲ့သည်။ လူစိမ်းဖြစ်တာကြောင့် အော်ဟစ်ရင်းကြောက်နေရမှာ သူမနဲ့ နီးကပ်လာသော မီးရောင်ပိုင်ရှင်အား ဘေးရှိပစ္စည်းများနဲ့လွှင့်ပစ်လိုက်သည်။
"ဟေ့ မလုပ်နဲ့ ဟေ့"
ပြောနေပစ်ပေါက်နေတုန်းတွင်ပဲ ရုတ်တရက်တအိမ်လုံးမီးများပွင့်သွားသည်။
ဒေါ်ချမ်းလည်းအခန်းထဲရောက်လာကာ
"သမီး တုတု အဆင်ပြေလား ဘာတွေဖြစ်ကြတာတုန်း"
မီးရောင်နဲ့ သေချာကြည့်မိလိုက်တော့မှ ညအိပ်ဖဲဂါဝန်အနီရောင်ဝတ်ထားပြီး အနံ့အရမ်းမွှေးတဲ့ အရမ်းဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတယောက်ကို မြင်လိုက်တယ်။
"မီးစက်ပျက်လို့ဝရံတာမှာ ဆေးလိပ်သောက်နေရင်း ဒီအခန်းကအော်သံကြားလို့ လာကြည့်တာ တခုခုများဖြစ်တာလားဆိုပြီး"
"ဟင် သမီးလေး အဆင်ပြေလား"
"ဟုတ် အန်တီချမ်းချော်လဲသွားလို့"
ထို မိန်းကလေးနဲ့ အန်တီချမ်းက ပြောရင်းဆိုရင်းလာထူပေးကြသည်။ ရတုကို ကုတင်ပေါ်မတင်ပြီး သူ့အခန်းပြန်သွားကာ မကြာခင်ဆေးသေတ္တာ တဘူးနဲ့အတူပြန်ရောက်လာခဲ့သည်။
ရတုရဲ့ ခေါက်သွားတဲ့ခြေကျင်းဝတ်ကို ရေခဲကပ်ပေးခါ ဆေးစည်းပေးလေသည်။ ဒေါ်ချမ်းကတော့ဘေးကလိုတာကူညီရင်း ထုံးစံအတိုင်းလေပစ်လေသည်။
"ဒေါ်ချမ်းက မီးပျက်သွားလို့ အောက်ကိုသွားဆင်းမေးတာ သမီးမနိုးလောက်ဖူးထင်ပီးတော့ သမီးရယ် ဒေါ်ချမ်းကိုစောင့်လိုက်တာတောြမဟုတ်ဖူး"
"ဒီကသမီးလေးကိုလည်း ကျေးဇူးတင်ပါတယ်ကွယ် အဒေါ်တို့ကဒီနေ့မှပြောင်းလာတာမို့ဘာမှမသိသေးလို့ပါ"
"ဟုတ်ရပါတယ် နွေးက ဘေးအခန်းမှာနေတာပါ။ ဒီကွန်ဒိုကိုပြောင်းတာ၂ရက်ပဲရှိပါသေးတယ်။ သူတို့ကပုံမှန်တော့အခုလိုမမှောင်တတ်ပါဘူး။ ဒီနေ့မီးစက်ပျက်နေတော့နည်းနည်းကြာသွားတာပါ။ သူတို့ဓာတ်လှေကားမှာစာကပ်အသိပေးထားတယ်။ မကြည့်မိတာဖြစ်မယ်"
"ဟို ပစ်ပေါက်မိတဲ့အတွက် တုတု တောင်းပန်ပါတယ် တုအရမ်းကြောက်နေလို့ပါ"
"အော် ရပါတယ် သမီးရဲ့ ကိစ္စမရှိပါဘူး"
"ညီမနာမည်ကရတုပါ။ တုတုလို့ခေါ်လို့ရပါတယ်။ အသက်ကတော့၁၈ပါ။"
"သမီးကငယ်သေးတာပဲ"
"မမကရော ဘယ်လိုခေါ်လဲ"
"အော် နာမည်က နှင်းနွေးသူပါ အန်တီအရွယ်ဖြစ်နေပါပီ မမတော့မဟုတ်ပါဖူး"
"ဟာ မဟုတ်တာ မမကအလွန်ဆုံးရှိမှ ၂၀ကျော်၃၀နားပေါ့"
"ဟဟ နောက်နေ့မုန့်လိုက်ကျွေးမယ် အန်တီ့အသက်က၃၇ ရှိပြီ"
"ဟင်"
သူမရဲ့ လှပနုပျိုမှုတွေကြောင့် ဒေါ်ချမ်းရော ရတုပါလုံးဝမယုံကြ။ နောက်ဆုံး ဖုန်းထဲကမှတ်ပုံတင်ပုံပြတော့မှ အံ့ဩတကြီးလက်ခံခဲ့ကြရသည်။
နောက်နေ့ကျတော့ မနက်ဘက် အင်းလျားကန်ဘက်ကို နွေးတယောက် ကားနဲ့ထွက်ပြီး ကော်ဖီဆိုင်ထိုင်ဖို့ပြင်စဉ် ကျောင်းuniform နဲ့ တိုက်အောက်သို့ဆင်းလာသော ရတုကိုတွေ့သည်။
"ဟေ့ ခြေထောက်ထော့နဲ့နဲ့ကို ဘယ်သွားဦးမလို့လဲ"
"ကျောင်းကpresentation ကအရေးကြီးလို့ပေါ့ အန်တီရယ် အဲ့ဒါကျောင်းသွားမလို့"
"ဟမ် ဘာနဲ့သွားမှာလဲ အိမ်ကိုပို့ခိုင်းလေ"
"အာ အိမ်ကဒါဖြစ်တာမသိဘူး သိရင်တူတူပြန်ခေါ်မှာ အာ့ကြောင့်"
"ကားကမောင်းလို့မဖြစ်သေးဘူးထင်တယ် လာပါ အန်တီလိုက်ပို့ပေးမယ် ပီးတော့ပြန်လာကြိုပေးတာပေါ့"
"အန်တီအားရဲ့လား"
"အားပါတယ် လမ်းလည်းကြုံနေတာပဲ"
ဒီလိုနဲ့ ၃ရက်လောက်သူတို့၂ယောက်တူတူ ကျောင်းကြိုပို့ရင်းတွေ့ဖြစ်ကြသည်။
"ဒီနေ့တော့ ခြေထောက်လည်းသက်သာပြီး ကျောင်းလည်းနောက်ဆုံးရက်ဆိုတော့ အပြန်ကိုမုန့်တူတူစားရအောင်နော်"
"အင်း စားကြတာပေါ့လေ"
သူ့ကိုကျောင်းကိုလာကြိုတာကို တကျောင်းလေးကဝိုင်းကြည့်ကြသည်။ ဘာလို့လဲဆိုတော့ ဒီနေ့ ကျောင်းကို အရင်ရက်ကလို Range Rover နဲ့မဟုတ်ဘဲ အမိုးပွင့်ပြိုင်ကားလှလှလေးနဲ့လာကြိုတာကြောင့်ဖြစ်သည်။
အန်တီ့ရဲ့အလှရော ကားရဲ့အလှကပါ ကျောင်းရှိချာတတိတ်များကိုဖမ်းစားမျက်စိကြလျက်ရှိသည်။
"ဟမ် ဒီကားကဘယ်ကကားလဲ"
"ဒါလည်းအန်တီ့ကားပဲလေ တုတုကဒီနေ့ စာမေးပွဲပီးတာဆိုတော့ အေးဆေးမြို့ပတ်လို့ရအောင် တမင်ဒီကားယူလာတာ တုတုပဲဟိုတခါကပြောတယ် ပြိုင်ကားမောင်းချင်တယ်ဆို"
သူ့အပေါ်အလေးနက်ထားပေးစိတ် အလိုလိုက်စိတ်များကြောင့် တုတုရင်များပင်ခုန်သွားခဲ့သည်။
တုတုဒီနေ့တော့ သူ့အကြောင်းကိုစပ်စုမိသည်။
"အန်တီက ဘာလုပ်တာလဲဟင် အိမ်ထောင်မရှိဘူးလား မိဘတွေကရော စသဖြင့်မေးခွန်းတွေက နွေးပြန်ဖြေပုံက"
အန်တီက ၁၀တန်းပီးတော့ နိုင်ငံခြားမှာကျောင်းသွားတက်ခဲ့တာ Canada မှာပဲနေတာ။ အခုပြန်ရောက်တာက အိမ်က ကိုကိုက accident နဲ့ဆုံးသွားတော့ မေမေတို့ပြန်ခေါ်လို့။ တဦးတည်းသောသမီး။ အိမ်ထောင်မရှိပါ။ အလုပ်ကိုင်ကတော့ အဖေနဲ့အမေက real estate လုပ်တော့ မမကလည်း အဲ့ဒါတွေလည်းလုပ်တယ်။ မမရဲ့ အလုပ်ကိုင်ကစာရေးတယ်။ ဆောင်းပါးတွေရးတယ်။ ဟိုမှာတုန်းကမဂ္ဂဇင်းတွေအတွက်ရေးခဲ့တယ်။"
"ဟင် ဟုတ်လား မြန်မာလိုရောရေးလား ကလောင်နာမည်ကရော"
"ဟိုမှာတုန်းကတော့ Nway ဆိုတဲ့နာမည်နဲ့ရေးခဲ့တာ။ ဒီမှာတော့ ကလောင်နာမည် နှင်းမိုး နဲ့ ရေးတယ်။"
"ဟင် အန်တီက စာရေးဆရာမဆရာမနှင်းမိုး ဟုတ်လား"
"အင်း ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"
"အန်တီ့စာအုပ်တွေကအရမ်းနာမည်ကြီးတာပဲ ဟိုတလောကတောင်ဇာတ်လမ်းတွဲတွေရိုက်သေးတယ်လေ"
"ဟုတ်ပါတယ်ဗျ"
"ဟာ အန်တီ့ကိုတုတုကသိပ်ကြိုက်တာ။ တုတုကပန်းချီဆွဲတာ ဝါဿနာပါတယ်။ ကြီးလာတော့မေတို့ကစာပဲလုပ်ခိုင်းနေတာနဲ့ မဆွဲဖြစ်တော့တာ။ အခုလည်းမေတို့ကကားသာဝယ်ပေးထားတာ တုတုကသေချာမမောင်းတတ်ဖူးဖြစ်နေတာ။ အန်တီလေ့ကျင့်ပေးပါလား"
"အပြန်ကိုကျင့်ကြတာပေါ့"
အပြန်မှာတော့တုတုကမောင်းခဲ့သည်။
"ကားမောင်းတဲ့အခြေခံတွေကိုတုတုကသိပြီးသားပဲ အန်တီဘာမှပြပေးစရာမလိုတော့ဘူး"
"တုတုကကားတွေရှုပ်လာရင် ရုတ်တရက်တခုခုပေါ်လာရင်ကြောက်တာမရှောင်တတ်တာ"
ပြောနေရင်းနဲ့ပင် ခွေး၂ကောင်ကိုက်ရင်း လမ်းပေါ်ရောက်လာတာကြောင့် တုတုရုတ်တရက်ကြောင်သွားသည်။
နွေးကချက်ချင်းပင် hand break လှမ်းဆွဲပြီး steering wheel ကို လှမ်းထိန်းလိုက်သောကြောင့် လမ်းဘေးကိုထိုးရပ်သွားပီး ဘာမှမဖြစ်လိုက်ချေ။
လမ်းရှင်းတဲ့လမ်းမကြီး ဖြစ်တာကတကြောင်း ညနေစောင်းမို့အပြန်လမ်းထက် အသွားလမ်းမှာကားရှင်းနေတာကြောင့်သာ ဘာမှမတိုက်မိခြင်းဖြစ်သည်။
တုတုကတော့တိုက်တော့မဉ်အထင်နဲ့ အားးခနဲအောိပီး မျက်စိမှိတ်ထားသည်။
သူမျက်စိတွေဖွငိ့ကြည့်လိုက်တော့ တုတုအန်တီ့ရဲ့ပုခုံးပေါ်မှာ ခေါင်းတိုးဝင်နေမိတာဖြစ်သည်။ အန်တီ့ကားမို့အားနာပြီးတောင်းပန်ရသည်။ အန်တီကတော့စိတ်အေးအေးထားရန်ပြောပြီး အပြန်ကိုသူပဲမောင်းခဲ့သည်။
အပြန်မုန့်တူတူစားကြရင်း စကားတွေပြောကြသည်။ ကားကြောင်းလည်းမပြောဆူလည်းမဆူတဲ့အပြင် နောက်နေ့တူတူမောင်းရန်ပါ ပြောခဲ့သည်။
ညရောက်တော့ သူစဉ်းစားမိသည်။ သူ့ဘဝမှာ အမေတွေကအရမ်းဂရုစိုက်လွန်းလို့ သူအနေကျပ်ကာ ကိုယ့်အားကိုယ်အမြဲကိုးနိုင်ဖို့ပဲကြိုးစားသည်။ အထူးသဖြင့် မိဘများကိုယ်တိုင်ကအားလုံးဂရုစိုက်သောကြောင့် သူစိမ်းတယောက်အား အားကိုးတွယ်တာခြင်းကို လုံးဝမှမတွေးမိခဲ့ချေ။
သို့သော် ပထမအကြိမ် သူစိမ်းတယောက်ကို အားကိုးမှီခိုစိတ်များဖြစ်ပေါ်ခဲ့သည်။ သူနဲ့ဆိုလျှင်အမြဲသက်တောင့်သက်သာဖြစ်ပြီးနွေးထွေးသညိ။ သူတကယ်လိုချင်တာကိုရသလို သူ့ကိုလည်း ကလေးတယောက်လို မဆက်ဆံချေ။ ရင်ခုန်သံများမြန်နေသလိုခံစားလာရသည်။ မိန်းမချင်း တော်တော်လှနိုင်သူဟုလည်းတွေးမိသည်။ နုပြီးလှသည့် မေမေ့ထက်ကိုအများကြီးငယ်သည်ဟု ခံစားရသည်။ သူ့ခံစားချက်ကိုဘာလည်း သူမသိပေမဲ့ သူသိတာတခုကတော့ အန်တီနဲ့နေရတာကိုပျော်သည်။ အန်တီနဲ့တွေ့ချင်ပါသည်။

Love Aunty (ချစ်သောအန်တီ)Where stories live. Discover now