အတိတ်ရဲ့အရိပ်

512 23 4
                                    

"ကျွန်မကိုမှာထားခဲ့သလိုစီစဉ်ပေးပါနော် ကိုသားကြီးရေ"
သူမရဲ့ကားကိုမောင်းနှင်ရင်းနဲ့ ပြောနေသည့်ဖုန်းကိုချကာ သီချင်းဆက်ဖွင့်လိုက်သည်။
နှင်းနွေးသူရဲ့အတွေးတွေဟာ သူနဲ့အတူမေမြို့အတက်လမ်းတလျှောက် အေးစက်လေးလံနေသည်။ ဇန်နဝါရီလဆိုတော့ မေမြို့ရဲ့အအေးဓာတ်ကိုခံစားနေရသော်လည်း ထူးထူးဆန်းဆန်းမိုးအုံ့နေသည်။
"မိုး မင်းငါ့ကိုနာကျင်အောင်လုပ်ဖို့မွေးဖွားလာခဲ့တာပဲ"
ပြဿနာတက်ခဲ့တဲ့ညကအဖြစ်ပျက်ကိုပြန်စဉ်းစားစရာမလိုဘဲ ခေါင်းထဲတန်းပေါ်လာသည်။
ရတုထွက်သွားပြီးပြီးချင်းပဲ အင်လျားကန်မှာထိုင်နေတဲ့သူ့ဆီကိုလင်းမိုးဆွေရဲ့ဖုန်းကဝင်လာခဲ့သည်။
"နွေး ငါ့သမီးလေးကိုနင်ဘာသဘောနဲ့ချဉ်းကပ်ခဲ့တာလဲ၊ ငါ့သမီးမှန်းသိလို့နင်လက်စားချေချင်လို့လား၊ ဒါမှမဟုတ်နင့်ရဲ့အကျင့်အတိုင်းကောင်မလေးတွေကိုကစားသလို ငါ့သမီးကိုကစားမလို့လား"
"မိုး နင်ဘာတွေပြောနေတာလဲ"
"နင်နိုင်ငံခြားမှာနေတုန်းကလည်း မိန်းကလေးတွေနဲ့ရှုပ်တာငါသိပီးသား နင်တကယ်လို့ မိန်းမချင်းကြိုက်ချင်တယ်ဆိုလည်း တခြားအဲ့လိုမျိုးလူတွေထဲကသွားရှာလိုက်ပါ ငါ့သမီးလေးကိုတော့အလွတ်ပေးပါ"
"ငါရတုကိုဘာမှလုပ်နေတာမဟုတ်ဖူး နင်ငါ့ကိုမစွပ်စွဲနဲ့နော်မိုး"
"ငါစွပ်စွဲနေတာမဟုတ်ဖူးနွေး နင့်ရဲ့လက်ချက်ကိုငါကခံရပီးစားမို့သိနေပြီ နင်ကဖြူဖြူစင်စင်နဲ့ခင်တဲ့လူတွေကိုရည်းစားဆိုပြီးနာမည်တပ်အပိုင်စီးချင်နေတဲ့အရူးလိုလူ မိန်းမချင်းချင်းကြိုက်တယ်ဆိုပြီးဇာတ်သွင်းချင်လည်း နင့်သမီးအရွယ် ငါ့သမီးလေးကိုတော့လွှတ်ပေးပါ မဟုတ်ရင် ငယ်ပီးမခွဲခြားနိုင်သေးတဲ့ငါ့သမီးလေးက သူ့ကိုယ်သူနင်မှိုင်းသွင်းတာယုံသွားမှာ ပီးတော့ငါတို့မျိုးရိုးမိသားစုမှာ အဲ့လိုရှက်ဖို့ကောင်းတဲ့မိန်းမချင်းကြိုက်တယ်ဆိုတာမရှိဘူး နင့်ဘာသာပိုက်ဆံတွေဘယ်လောက်ရှိရှိ ငါတို့မိသားစုကိုတော့နင်မပတ်သက်ပါနဲ့တော့"
"တောက်.... ဒီမှာလင်းမိုးဆွေ နင်မဟုတ်တမ်းတရားတွေပြောလို့ပီးပီလား၊ အေး နင်မှတ်ထားလိုက် ငါအစက်ရှိနေသရွေ့နင့်သမီးကို ငါဘယ်တော့မှမပတ်သက်ဘူးဟုတ်ပြီလား ငါ့ကိုနောက်ထပ်ဘယ်တော့မှလာမစော်ကားနဲ့"
ပြန်တွေးရင်းနဲ့ ရှက်လည်းရှက်စိတ်လည်းနာမိသည်။ အကြိမ်ကြိမ်အရှက်ကွဲရသလို အကြိမ်ကြိမ်စိတ်ဒဏ်ရာပေးခဲ့ကြတဲ့မိသားစုပါ။ အတိတ်မှာလည်း ပျော်ရွှင်နေတဲ့သူတို့မိသားစုလေးမှာ လူကြားထဲပါးရိုက်ခံရရုံသာမက မိန်းမချင်းကြိုက်ကာပွဲလိုက်ကြမ်းပါသည်ဆိုတဲ့သတင်းက လင်းမိုးဆွေမိဘများနဲ့ဆွေမျိုးများကဖြန့်ခဲ့တာကြောင့် မန်းလေးမြို့မျက်နှာဖုံးဖိုးဖွားတွေနဲ့ ရန်ကုန်အသိုင်းဝိုင်းအထိပါအရှက်ကွဲအကျိုးနည်းကာ သူတို့မိသားစုလေးစိတ်ဆင်းရဲခဲ့သည်။ မင်္ဂလာဆောင်ပြီးခါစ ကိုကိုနဲ့မမနန္ဒာခမျာလည်း ပျော်ရမဲ့အစား စိတ်ထိခိုက်ခဲ့ရသည်။ သူ့ကြောင့်ဖြစ်ရသည်ဆိုတဲ့စိတ်နဲ့ နွေးတယောက် နေ့စဉ်သတ်သေဖို့ပဲတွေးမိခဲ့သည်။ တရက်မှာတော့ညနေမိုးသဲနေတုန်း မိုးရေထဲစက်ဘီးလျှောက်စီးပြီး နာရီပေါင်းများစွာကြာခဲ့သည်။ အဲ့နေ့ကျမှမိုးကလည်းအငြိုးနဲ့တညလုံးရွာနေခဲ့သည်။ တော်တော်လေးကြာတော့ နွေးတယောက်စိတ်ကူးပေါက်ကာ ကားလမ်းရှေ့ဖြတ်ဝင်ခဲ့သည်။
နွေးသတိရတော့ဆေးရုံသို့ရောက်နေလေပြီ။ နမိုးနီးယားအဆုတ်ရောင်ဖြစ်သည့်အပြင် ကားတိုက်မိသည့်ဒဏ်ရာများကြောင့် ဆေးရုံတွင်ရက်ရှည်ဆေးကုခဲ့ရသည်။ မိဘများနဲ့ကိုကိုရဲ့စိတ်ဆင်းရဲမှုကိုမြင်ရတဲ့အခါမှာတော့ နိုင်ငံခြားတွငိသာစိတ်အေးချမ်းစွာနေရန်ဆုံးဖြတ်လိုက်သည်။ အခုတော့ ကိုကိုနဲ့မမလည်းမရှိတော့ ဖေဖေနဲ့မေမေနဲ့အနီးဆုံးကိုပြန်လာခဲ့သည်။ သူနောက်တခေါကိတော့မိဘကိုစိတ်ဆင်းရဲစရာမဖြစ်စေချင်သလို ထပ်ပီးအရှက်ကွဲလည်းမခံနိုင်တော့တာကြောင့် ရတုနဲ့မပတ်သက်ဖို့ဆုံးဖြတ်လိုက်သည်။
"ဟူး တုတုရယ် မင်းကိုငါချစ်တာမချစ်တာထက် မင်းနဲ့ငါကဖြစ်ကိုမဖြစ်သင့်ခဲ့တာပါကွယ်"
———————————————-
ထိုစဉ်ရန်ကုန်မှာတော့
"တုတု နင်အသည်းကွဲမနေနဲ့တော့ လာပါငါတို့နဲ့လိုက်ခဲ့"
"နေပါစေဟာ နင်အခုချိန်မှာစိတ်ညစ်နေတာ ဘယ်မှမသွားချင်ဘူး"
"လိုက်ခဲ့ပါဟာ နင်ညစ်နေတာတွေပျောက်သွားမှာဟ ဒီနေ့က Liam ရဲ့ မွေးနေ့ အသေကုန်ကဲရမှာ။ ငါတို့အတန်းကလူတွေပဲသီးသန့်လုပ်မှာ pool party။"
"ငါ့ကားကဝပ်ရှော့ကမရသေးဘူးဟ"
"အဲ့ဒါစိတ်မပူနဲ့ နင့်ကိုလာကြိုပေးမယ်"
"အေးပီးရောဟာ အဲ့ဒါဆိုလည်းငါစိတ်ပြေလက်ပျောက်လိုက်ခဲ့မယ်"
ရတုလည်းနွေးစိတ်နဲ့ငိုနေရတာများပြီမို့ အရက်သောက်ပြီးကဲမယ်ဆိုတဲ့စိတ်နဲ့လိုက်သွားရန်ဆုံးဖြတ်ပြီး သွားရန်ပြင်ဆင်လိုက်သည်။
ညနေရောက်တော့ကားရောက်ပြီလို့ဖုန်းဝင်လာတာကြောင့်ဆင်းသွားလိုက်သည်။
ကားပေါ်တက်လိုက်ရန်တံခါးဖွငိ့လိုက်တော့ အမှတ်မထင်တွေ့လိုက်ရတဲ့သူက Liam
"ဟင် Liam ဟို ဟို"
"ရှာမနေနဲ့တော့ သူတို့ကသွားနှင့်ပီ တုတုအိမ်ကကိုယ်နဲ့လမ်းကြုံလို့ကိုယ်ပဲလာခေါ်ပေးလိုက်တာ"
"အာ ဒီမိန်းမတွေကတော့ကွာ"
"ကဲပါတုတုရယ် ငါလည်းနင့်ကိုကိုက်မစားပါဘူး ငါတို့ကသူငယ်ချင်းတွေပဲ အဓိကကရောက်သွားဖို့ပဲမဟုတ်လား လာပါသွားကြရအောင်"
တုတုလည်း မြန်မြန်ရောက်ရင်ပြီးတာပဲဆိုပြီးလိုက်သွားလိုက်သည်။
———————————-
"အမ ကျွန်တော်ဘာဆက်လုပ်လိုက်ရမလဲ"
"ရတယ်ကိုသားကြီးရေ ဆက်ပြီးကြည့်ထားလိုက်ပါ ဒီ့ထက်ပိုပြီးတိကျတာမျိုးရှိရင်လည်းပြောပေးပါဦး"
"ဟိုမှာနေရတာအဆင်ပြေရဲ့လား ဦးစိုင်းတို့မိသားစုကရောအဆင်ပြေရဲ့လား"
"ပြေပါတယ်ကိုသားကြီးတခုခုလိုမှဆက်လိုက်တော့မယ်"
ဖုန်းချလိုက်တာနဲ့ ဘေးနားမှာရှိတဲ့ ဝီစကီခွက်ကို အဝေးဆုံးကိုလွှင့်ပစ်မိသည်။
ရောက်ကတည်းစိတ်ညစ်ညစ်နဲ့မို့အခန်းထဲမှာပဲ သီချင်းနားထောင်ပီးအောင်းနေခဲ့တာ ဝင်လာတဲ့ဖုနိးကြောင့် ဒေါသတွေထွက်ခဲ့ရသည်။
ရတုတယောက်ကောင်လေးတယောက်ရဲ့ကားပေါ်ကိုပါသွားတာကို ကားလာပို့တဲ့ နွေးလူယုံကိုသားကြီးကမြင်သွားခဲ့တာဖြစ်ပြီး နောက်ယောင်ခံလိုက်စုံစမ်းရာမှ မွေးနေ့ကလပ်မှာတူတူကဲကြတဲ့သတင်းကို နွေးဆီပြောပြဖို့ဖြစ်လာခဲ့သည်။
ဖန်ခွက်ရိုက်ခွဲသံကြောင့်အခန်းကိုတံခါးလာခေါက်သည်။
"အဆင်ပြေရဲ့လားရှင့်"
"ပြေတယ်ပြေတယ် ဝင်မလာခဲ့နဲ့သွားသွား"
အဲ့လိုသာပြောလိုက်ရတာပါ တကယ်တမ်းတော့ သူအဆင်ပြေမနေပါ။ ဖန်ခွက်နောက်တလုံးကိုသွားယူပြီး ဆက်သောက်နေလိုက်သည်။ သောက်ရင်းနဲ့နောက်ထပ်ဖုန်းအဝင်call တခုကြောင့် သောက်လက်စခွက်နဲ့စားပွဲကိုထုရိုက်လိုက်သည်။ ဖန်ခွက်မှာကွဲသွားခဲ့ပြီး လက်မှာလည်းသွေးတွေလွှမ်းသွားခဲ့သည်။
"အမ သူတို့ကလပ်ကနေပြန်ထွက်လာပြီဗျ ရတုကကောင်လေးကားနဲ့ပဲပါသွားတယ် အိမ်ကိုပြန်တာတော့မဟုတ်ဖူးဗျ"
—————————-

Love Aunty (ချစ်သောအန်တီ)Where stories live. Discover now