Love is pain

409 17 2
                                    

ဒေါက် ဒေါက် ဒေါက်
တံခါးခေါက်သံကြောင့် အိပ်မောကျနေတဲ့တုတုနိုးလာသည်။
တံခါးကိုသွားဖွင့်လိုက်တော့ ရပ်စောင့်နေတဲ့ အမရာကိုတွေ့ရသည်။
"အမ ဘာကိစ္စရှိလို့လဲ"
"ညီမလေးရေ အကျီဆိုင်တွေကလေ ညနေ၆နာရီနောက်ပိုင်းဆိုအကုန်ပိတ်တာမို့လို့လေ ညီမလေး အဲ့ဒါမိုးချုပ်သွားမှာစိုးလို့ လာပြောတာပါညီမလေး"
"အော် ဟုတ်ပီအမ တုတု ဆင်းခဲ့လိုက်မယ်နော်"
အရမ်းအိပ်မောကျနေတဲ့ နွေးကိုမနှိုးတော့ဘဲတုတုတယောက်ပိုက်ဆံပဲယူပြီးထွက်လာခဲ့သည်။
တုတုနဲ့အမရာတို့၂ယောက်မြို့ကိုပတ်၍ အကျီများဝယ်နေလေသည်။ တုတုဝတ်တတ်သည့် ပုံစံမျိုးရှိသည့်ဆိုင်ကို အမရာသေချာမသိတာကြောင့်ရော ရွေးလွန်းနေသည့်တုတုတို့ တော်တော်လေးမှောင်စပျိုးနေလေသည်။ တိုက်တိုက်ဆိုင်ဆိုင် အမရာ့ရဲ့ဖုန်းလေးကလည်းအားကုန်သွားခဲ့လေသည်။
"ညီမလေးတုတု အကျီကရွေးဦးမှာလား"
"အင်း တုတုကဒီဆိုင်မှစိတ်တိုင်းကျတာမို့ တချက်ကြည့်ချင်သေးတာ"
"ဟိုလေ မိုးချုပ်နေတော့ အိမ်ကလူတွေစိတ်ပူမှာစိုးလို့ ဖုန်းလေးဆက်လိုက်ပါဦးလား"
"တုတုကဖုန်းမရှိဘူးမမ မမဖုန်းရော"
"မမဖုန်းလည်းအားကုန်နေလို့ ပြဿနာပဲ"
"ရပါတယ်မမရဲ့ ကိစ္စမရှိပါဘူး ဝယ်ပီးရင်ပြန်မှာပဲလေ ဘာမှစိတ်မပူပါနဲ့နော်"
အမရာတို့ အကျီတွေဝယ်ပြီးအိမ်ပြန်ရောက်တော့ အခြေအနေမကောင်းပါ။
အမရာ့ဆိုင်ကယ်ဝင်လာတာနဲ့ အကုန်လုံးကပြေးကြိုကြသည်။ အိမ်ထဲကိုဝင်လိုက်တာနဲ့ မျက်ထောင့်နီ ကြီးနဲ့ ဒေါသတကြီးစောင့်ကြိုနေသူကနွေး။
"ငယ် ဘယ်သွားတာလဲ ဒါဘယ်ကပြန်လာတာလဲ"
"တုတုအကျီသွားဝယ်တာလေ နွေးရဲ့ဘာဖြစ်လို့လဲ အမရာလည်းပါပါတယ်"
"ငယ် ဘာလို့မပြောမဆိုထွက်သွားတာလဲ ဒီမှာဘယ်လောက်တောင်စိတ်ပူနေမလဲ မင်းနားမလည်ဘူးလားငယ် မင်းကိုတမြို့လုံးလိုက်ရှာနေကြတာ မင်းသိလား"
"နွေးအရမ်းအိပ်ပျော်နေတော့ငယ်ကလည်း မနှိုးရက်တာနဲ့"
"အေး နောက်ဆိုမင်းသဘောနဲ့မင်းလုပ်ချင်တာလုပ်လို့မရဘူး မင်းသိလား ဒီမှာဘယ်လောက်ထိစိတ်ပူရလဲဆိုတာ"
ဒေါသတကြီးနဲ့ပေါက်ကွဲနေတဲ့နွေးကိုပထမဦးဆုံးအကြိမ်တွေ့လိုက်ရတဲ့ ရတုတယောက် အရမ်းလန့်သွားပြီး အိမ်ပေါ်ပြေးတက်သွားသည်။
"ပြီးတော့အမရာ မင်းရဲ့ဖုန်းကလည်းဆက်လို့မရဘူး မင်းဘာဖြစ်လို့ ငါ့ခွင့်ပြုချက်မရှိဘဲနဲ့ သူ့ကိုအဲ့လိုအပြင်ခေါ်သွားတာလဲ မင်းကိုဘယ်သူခိုင်းတာလဲ"
"ဟို ဟို အန်တီကပြောထားလို့ပါ"
"အေး ပြောထားတာငါပြောထားတာလေ မင်းကိုဘယ်သူ့ကိုမှမပြောဘဲနဲ့ အဲ့လိုထွက်သွားစရာလား ဘယ်လောက်အန္တရာယ်များလဲ မင်းမသိဘူးလား ဒီလောက်မိုးချုပ်နေပီ မင်းတို့၂ယောက်ထဲ ပီးတော့ဆိုင်ကယ်နဲ့"
"အမရာတောင်းပန်ပါတယ်အန်တီ"
"တောိပြီ မတောင်းပန်နဲ့တော့ နောက်ကိုငါမင်းကြောင့်ထပ်ပီးစိတ်မရှုပ်ချင်ဘူး မင်း တုတုကိုအန္တရာယ်ဖြစ်စေမှာတွေကိုရှောင်ပါ ပြီးတော့ငါနဲ့အဝေးဆုံးမှာပဲနေပါ မင်းစိတ်ကိုငါဟိုနေ့ညကတည်းကသိတယ် ဒါပေမဲ့ တုတုကိုပါ မင်းထိခိုက်လာမှာမျိုးကိုငါမလိုချင်ဘူး နောက်နေ့ကစပြီးဝေးဝေးမှာနေပါ"
အန်တီ့ရဲ့စကားတွေက မိုးကြိုးပစ်သလိုမျိုး နားထဲကနေတဆင့်ရင်ဘတ်ထဲဝင်သွားသည်။ ဖြေရှင်းချက်မပေးနိုင်လောက်အောင်ဆွံ့အနေမိသည်။ အန်တီ့ကိုသူသိပ်ချစ်မိတာမှန်ပေမဲ့ ပိုင်ဆိုင်ချင်ပေမဲ့ ဒီလိုမျိုးတော့သူမယုတ်မာတတ်သလို အဲ့လိုလူလို့လည်းအန်တီမြင်သွားခဲ့ပါပြီ။
ကိုယ်သိပ်ချစ်ရတဲ့သူကအထင်မြင်လွဲတာ မုန်းတီးတာကိုခံစားရတာဟာ အမရာ့အတွက်တော့ ရင်ကွဲစရာအပိုင်းအစတွေပါပဲ။
ထိုနေရာကနေအမရာသေးသေးလေးဖြစ်သွားသလိုခံစားရချိန်မှာ အန်တီကတော့အပေါ်ကိုတက်ရင်းမြင်ကွင်းကမေတဖြေးဖြေးကွယ်ပျောက်သွားပါတယ်။ စကားလုံးတွေနဲ့ ဒဏ်ရာတွေကတော့ သေရာပါ။
—————————-
ကုတင်ပေါ်မှာ ငိုနေတဲ့ တုတုရဲ့အနားကိုနွေးရောက်လာသည်။
"ငယ် ငိုနေတာလား"
ဘာမှအသံမပေးဘဲငိုမြဲတိုင်းငိုနေသည်။
"ငယ်ကလည်းကွာ နွေးဘက်ကိုလှည့်ပါဦး"
ငိုနေရာကနေပီးတော့လှည့်လာတဲ့ရတုရဲ့မျက်လုံးတွေကိုကြည့်ပြီးနွေးစိတ်မကောင်းဖြစ်သွားသည်။
ခါတိုင်းလိုစိတ်ကောက်နေတာမျိုးမဟုတ်ဘဲ စိတ်ကောက်အားငယ်ပြီးစိတ်ဓာတ်ကျနေတာကိုခံစားမိလိုက်သည်။
"ငယ် နွေးကိုစိတ်ဆိုးသွားတာလား"
အကြာကြီးတိတ်ဆိတ်နေရာမှ ရတုထလာပီးနွေးဘက်ကိုလှည့်လိုက်သည်။
"နွေးသိလား ငယ်လေ အရာအားလုံးကိုစွန့်ပစ်ပြီးတော့ နွေးကိုရွေးချယ်ခဲ့တယ် နီးစပ်အောင်လည်းကြိုးစားခဲ့တယ်။ တချို့ယောကျာ်းတွေရဲ့အတ္တတွေ ထက် နွေးရဲ့အရိပ်ကိုပိုပြီးသာမယ်ထင်ခဲ့တယ်။ အခုတော့ နွေးကပိုင်ဆိုင်ထားတဲ့ ငယ့်ရဲ့အချစ်ကို နွေးရဲ့ထိန်းချုပ်မှုအောက်ကအရုပ်တရုပ်သာသာ ဆက်ဆံတယ်။ ဒေါသတွေနဲ့ အတ္တတွေနဲ့ ပြောင်းလဲသွားတာက ငယ်ပဲတန်ဖိုးမဲ့စွာအလွယ်တကူ နွေးနောက်လိုက်ခဲ့မိလို့များလားဆိုပြီး စဉ်းစားမိတယ်"
ရတုပါးစပ်ကထွက်လာတဲ့ စကားတွေကြောင့် နွေးတယောက် အတွေးတွေရှုပ်ထွေးသွားပြီး ရင်ထဲမှာဟာတာတာဖြစ်သွားသည်။ စိုးရိမ်လွန်းပီးသူ့ဒေါသသူမထိန်းနိုင်လိုက်တာကိုလည်း သိလိုက်သည်။ သူဘာမှပြန်မပြောနိုင်တော့ဘဲ နွေးရှေ့မှာငိုင်နေမိသည်။
ထို့နောက်ကလေးတယောက်လိုငိုကြွေးမိနေသည်။ နွေးတယောက် ကုတင်အောက်သို့ဆင်းကာ ရတုရှေ့မှာဒူးထောက်လိုက်သည်။
"နွေးတောင်းပန်ပါတယ် ငယ်"
"အို နွေးရယ် ဒါဘာလုပ်တာလဲ ထ ထ အဲ့လိုဒူးထောက်တတ်တဲ့လူမျိုးမှမဟုတ်ဘဲ ငယ့်ရဲ့ချစ်သူက"
နွေးကိုထူရင်း တတွတ်တွတ်ရွတ်ရင်းငိုနေသည့်နွေးကို ရတုကပြန်ချော့နေသည်။
"ကဲ အော်တာလည်းသူပဲ အခုပြန်ချော့ရတော့ကြတော့ကျွန်မကချော့နေရပြီ ဘယ်သူကပိုကြီးတာလဲပြောပါဦး"
"ငယ့်ကိုနွေးသိပ်ချစ်တာကို ငယ်အဲ့လိုပြောတော့နွေးဘယ်လိုခံစားနိုင်မလဲ"
သူတို့၂ယောက် ငိုရင်းချော့ရင်းနဲ့ပြန်အဆင်ပြေသွားခဲ့သည်။
"ငယ် နွေးငယ့်ကိုပေးစရာတခုရှိတယ်သိလား"
"ဟင် ဘာပေးမလို့လဲနွေးရဲ့"
"ကဲရော့"
"ဟာ ဖုန်းအသစ်ပဲ"
"အစကနိုးလာရင်ပေးမလို့ကို ငယ်ကမရှိတာနဲ့မပေးဖြစ်လိုက်တာ"
"ကျေးဇူးပါ"
"အဲ့ဒါဆိုအာဘွားပေး"
"ဟာ လူလည်အန်တီကြီး"
...........................................
ပြန်တွေ့ခါစ မို့အချစ်သဲနေသောသူတို့အတွက် ပျော်ရွှင်စရာကောင်းသောမနက်ခင်းတခုဖြစ်သည်။
အမရာကတော့ အထုတ်အပိုးတွေနဲ့ပြန်ရန်ပြင်ဆင်နေသည်။
"ဆရာမလေးရယ် မချိုစိတ်မကောင်းလိုက်တာ"
"ရပါတယ်မချိုရယ် အန်တီနှင်ထုတ်ထားတဲ့နေရာတခုမှာအမရာမကပ်တွယ်နေချင်ပါဘူး"
အထုတ်အပိုးတွေနဲ့ပြန်တော့မည့်သူ့ကိုရတုကမြင်သွားသည်။
"အမ ဘယ်သွားမလို့လဲ"
"အမရာ ပြန်တော့မလို့ပါ"
"ဘာလို့လဲ အမရဲ့"
ဖြေရခက်နေသည့်အမေးကဒေါ်ချိုကကူဖြေပေးသည်။
"ဟို မမကြီးကမောင်းထုတ်တာပါ မနေ့ညကကိစ္စနဲ့ပတ်သက်လို့"
"အာ မဟုတ်တာဘဲ အဲ့ဒါတုတုကြောင့်ဖြစ်တာကို နေပါစေ တုတုပြောလိုက်မယ်"
"ရပါတယ် ညီမလေး"
ပြောနေတုန်းပင် အိမ်ပေါ်ကဆင်းလာသည့်နွေးကို အားလုံးကဝိုင်းနှုတ်ဆက်သည်။
နွေးနဲ့စကားပြောနေတဲ့အမရာ့ကိုမြင်တော့ နွေးမျက်နှာပျက်သွားသည်။
"နွေး ဒီအမကိုမနေ့ကမောင်းထုတ်လိုက်တယ်ဆို"
နွေးဘာမှပြန်မပြော။
"နွေး ဖြေဦးလေ"
"အင်း မနေ့ကစိတ်တိုပီးပြောလိုက်မိတာပါ"
"အခုပြန်ခေါ်လိုက်ပါနော်နွေး မမကခင်ဖို့လည်းကောင်းတယ် ပီးတော့ငယ်လည်းအဖော်ရတယ်လေနွေးနော်"
"ဟူး ကောင်းပီလေ ငယ့်သဘောအတိုင်းပဲဟုတ်ပီလား"
အိမ်ထဲမှာအထုတ်တွေသွားပြန်ထားရင်းအမရာစဉ်းစားမိသည်က
"အော် အန်တီရယ် ချစ်တတ်လိုက်တာ အဲ့လိုမျိုးဘာကြောင့်များ အမရာ့ကိုချစ်မပေးနိုင်ရတာလဲ"
——————
ရန်ကုန်မြို့တွင် မိုးသည့်သဲနေလေသည်။
တောက်ခေါက်သံတခုကလည်းကျယ်လောင်စွာထွက်လာသည်။
"အဓိပ္ပါယ်မရှိလိုက်တာကွာ ပညာရေးတပိုင်းတစနဲ့ကလေးကို ဒါမျိုးခိုးပြေးစရာလား ပီးတော့ အသက်အရွယ်ကိုမှမထောက်ကွာ"
"ဒီမိန်းမဟာအဆိပ်လိုမိန်းမပါလို့ မောင့်ကိုမိုးမပြောခဲ့ဘူးလား။ မိန်းကလေးချင်းကြိုက်တဲ့သူ့ရဲ့စိတ္တဇအတွက်နဲ့သမီးလေးကတော့ကျောင်းမှာနာမည်ပျက်ပါပီမောငိရယ်"
"ဒီကိစ္စကိုမောင်Liam တို့ဘက်ကလည်းနားလည်ပေးပါကွာ"
"ကျွန်တော်ကတော့အေးဆေးပါ ဒါပေမဲ့ ခရီးထွက်နေတဲ့ ပါးပါးနဲ့မာမားသိရင်တော့မပြောတတ်ဖူးဗျ"
"မင်းကပဲသိုသိုသပ်သပ်ထားပေးပါLiam သမီးကိစ္စက်ုအန်ကယ်တာဝန်ယူပါတယ် စေ့စပါပွဲကိစ္စသာအမြန်စီစဉ်လိုက်ပါ"
မှိုရတဲ့မျက်နှာဖြစ်သွားသည့်Liam သည် အိမ်ထဲမှထွက်လာပြီး ကားပေါ်အရောက်သူ့သူငယ်ချင်းplayboy Luke ကိုဖုန်းဆက်သည်။
"ဟေ့ဘာလုပ်နေလဲ"
"ထုံးစံအတိုင်းမနေ့ကကလပ်မှာမလာတဲ့စော်အသစ်လေးနဲ့နှပ်နေတာ"
"အေးမင်းပဲကောင်းတယ် ငါ ရတုကိုပိုင်ဆိုင်ရတော့မယ်"
"သေချာလို့လားကွာ မင်းကလည်း ဟိုတခါလည်း မန်းလေးမှာအရှက်တွေကွဲနေတာ မင်းပီးတော့ရတုကိုမကြိုက်ပါနဲ့ကွာ မင်းကိုကြိုက်နေတဲ့ကောင်မလေးတွေအများကြီးပါ ဒီစော်ကလက်ဖက်ဆီပြနိကြီးကွ နာမည်လည်းပျက်နေပြီ မိန်းမချင်းခိုးပြေးတယ်ဆိုပြီး"
"ဟျောင့် ငါကသူ့ကိုပဲချစ်တာ သူ့ကိုရအောင်ယူမှာ ငါဆုံးဖြတ်ပီးသွားပီ မင်းတခုပဲကူညီပေးရမှာ"
"ပြောလေ ဘာလဲ"
"ငါနောက်တခေါက်သူ့က်ုထပ်မလွှတ်ပေးနိုက်တော့ဘူး"

Love Aunty (ချစ်သောအန်တီ)Where stories live. Discover now