အမရာ

447 15 2
                                    

"အန်တီ မနက်စာ စားပီးရင်ပြောနော် အမရာ ပန်းတွေဘုရားပန်းထိုးဖို့ မချိုတို့ကိုပေးလိုက်ဦးမယ်"
ဦးစိုင်းတို့ ပြန်သွားပြီး ကျန်ခဲ့တဲ့အမရာကမနက်စာစားဖို့သူ့ကိုပြင်ဆင်ပေးသည်။
မနက်စာပြင်ပေးထားတဲ့ရှမ်းခေါက်ဆွဲနဲ့ တို့ဟူးကြော်ကိုကြည့်ရင်း မြန်မာနိုင်ငံပြန်ရောက်ကတည်းကအိမ်မှာချက်တဲ့ မနက်စာကောင်းကောင်းမစားရသေးမှန်းသတိရမိသည်။ ရောက်ကတည်းနဲ့ရတုနဲ့ပင်အချိန်ကုန်နေခဲ့ပြီး စာတောင်မရေးဖြစ်ခဲ့တာကြာခဲ့ပြီ။ သူလည်းစာကောင်းကောင်းနဲ့အများကြီးစားလိုက်သည်။
"ဟယ် အန်တီ ထပ်ယူဦးမလား"
အားရပါးရစားနေသည့်သူ့ကို ပြန်ဝင်လာသည့်အမရာကမေးခြင်း ဖြစ်သည်။
ခမောက်ဖယ်လိုက်တဲ့အခါမှ ကောင်မလေးကအသားဖြူဖြူလေးနဲ့ အလွန်ချစ်စရာကောင်းသောကောင်မလေးဖြစ်မှန်းသိလိုက်ရသည်။ ရတုလောက်မငယ်သော်လည်း ရတုထက်တော့ပိုကြီးတဲ့ပုံမပေါက်တာကိုလည်းသတိထားမိသည်။
"ရတယ် ခနကအပေါ်မှာလည်း ကော်ဖီသောက်ထားလို့ တပွဲပဲစားမယ်နော်"
"အန်တီ နေ့လည်စာဘာစားချင်လဲဟင်"
"ရပါတယ် မင်းအဆင်ပြေတာချက်ပါ"
စားပွဲကနေထသွားပြီးအပေါ်တက်တော့မဲ့သူ့ကို အမရာကလှမ်းပြောသည်။
"အန်တီ အမရာ အန်တီ့အခန်းထဲလိုက်ခဲ့လို့ရလား"
"ဘာလုပ်ဖို့လဲ အမရာ"
"အမရာ အန်တီ့လက်ကိုဆေးထည့်ပေးချင်လို့ပါ လက်ကအနာလည်းသန့်ရှင်းရေးလုပ်ပီးပလာစတာအသစ်လဲရမှာ"
"အဲ့ဒါ မင်းအခန်းထဲလာစရာမလိုဘူးလေ"
"ပစ္စည်းတွေကမနေ့ကအန်တီ့အခန်းထဲမှာကျန်ခဲ့လို့ပါ"
"ရတယ် မင်းဧည့်ခန်းထဲကစောင့်နေလိုက်ငါပစ္စည်းတွေယူပီးထွက်ခဲ့မယ်"
အခန်းထဲရောက်တော့ မနေ့ကစားပွဲပေါ်မှာသူတင်ထားခဲ့တဲ့ပစ္စည်းတွေယူပြီး နွေးပြန်ထွက်လာသည်။
"ဒီမှာပစ္စည်းမင်းလုပ်လို့ရပြီ"
လက်ကပတ်တီးအဟောင်းကိုသေချာခွါပီး အနာသန့်ရှင်းရေးလုပ်ပေးသည်။ အရက်ပြန်နဲ့အနာပတ်ဝန်းကျင်ကိုဆေးလိုက်တော့ နွေး အ ခနဲ အသံတချက်ထွက်မိသည်။
"ဟင် အန်တီစပ်သွားသေးလားဟင်"
မေးရင်းနဲ့ သူ့လက်ကိုအမရာကမှုတ်ပေးနေသည်။
"ရပါတယ် အဆင်ပြေပါတယ်"
"သွေးလည်းအရမ်းမထွက်တော့ဘူးဆိုတော့အမရာ ပတ်တီးမစီးတော့ဘူးနော် gauze pad နဲ့ပဲ ကပ်ထားပေးတယ်"
နွေးပီးတာနဲ့အိမ်ပေါ်ကိုပြန်တက်သွားခဲ့သည်။ အခန်းထဲရောက်တာနဲ့ဖုန်းကိုရှာပီးဆက်မိသည်။
"ကိုသားကြီး သူအိမ်ပြန်လာပြီလား"
"မလာသေးဘူးအမ သူတို့တွေရန်ကုန်မြို့ဘယ်နေရာမှာရှိနေလဲကျွန်တော်တို့စုံစမ်းနေပါတယ်အမ ဖြစ်နိုင်ရင်အမကိုယ်တိုင်ဆက်ကြည့်ရင်တော့ပိုကောင်းမယ်ထင်တယ်အမ"
"ဟူး နေပါစေ ငါသူ့ကိုမပတ်သက်ဖို့ သူ့အမေကိုပြောထားတယ်"
"ကျွန်တော်ဆက်လိုက်ရမလားမမ ကားလာပို့တာဆိုပြီး"
"အေး ဆက်လိုက် ငါဘယ်မှာလဲတော့ သူ့ကိုမပြောနဲ့"
ဟူးးးးးး တုတုရယ် ရင်တွေပူလိုက်တာ မင်းဘယ်မှာလဲ။
———————-
မီးဖိုခန်းထဲတွငိ မချိုနဲ့ အမရာတို့ဟင်းချက်နေကြသည်။
"ဆရာမလေးရယ် မလုပ်ပါနဲ့ဆို ဒါတွေကမချိုလုပ်နေကျပါ"
"ရပါတယ်မချိုရဲ့ မမလေးကို အမရာ့လက်ရာလေးစားစေချင်လို့ပါ"
"ဆရာမလေးကိုတော့လေ သိပ်ဂရုစိုက်တတ်တာပဲ မနေ့ကလည်း ညဘက်ကြီးကိုအိပ်ရေးပျက်ခံပြီးစောင့်ပေးတယ် ပီးတော့ ဘုရားပန်းတွေသေချာထိုးတယ် မမလေးကတော့ဆရာမလေးလုပ်ပေးတာကိုသိတောင်မသိဘူး ကျေးဇူးလည်းမတင်ဘူး သူဌေးတွေကအဲ့လိုပဲလားမသိဘူးနော်"
"အဲ့လိုမပြောရဘူးမချိုရဲ့ မမလေးတို့ကအမရာတို့ရဲ့ကျေးဇူးရှင်တွေ အမရာတို့လုပ်ပေးတာကအမရာတို့ရဲ့သိတတ်မှုပဲလေ။ နောက်ပြီး ဦးသားကြီးကမှာထားတယ် မမလေးကစိတ်ရှုပ်စရာတွေရှိနေလို့လာနားတာတဲ့ မလာတာတောင်နှစ်၂၀လောက်ရှိနေပြီ။ အဲ့ဒါကြောင့်ဖြစ်နိုင်ရင်စိတ်ကျေနပ်အောင် အားလုံးလုပ်ပေးလိုက်ပါနော်"
"ဟုတ်ကဲ့ပါ ဆရာမလေး"
သူတို့စကားကောင်းနေတုန်း ရုတ်တရက် မီးဖိုခန်းထဲကကြိုးဖုန်းထမြည်လာသည်။ အိမ်တွင်းဖုန်းဖြစ်တာကြောင်ြ နွေးဆက်တာမှန်းသိတာမို့အမရာပြေးကိုင်သည်။
"ဟယ်လို မမလေး"
"မချိုကိုရေခဲနဲ့ ကားပေါ်ကဘူးအဖြူနဲ့gold label 18 years အရက်ပုလင်းယူပြီးလာခဲ့ပါလို့"
"ဟုတ် ဟုတ်"
ဖုန်းချတာနဲ့ အမရာ မချိုကိုပြင်ဆင်ခိုင်းလိုက်သည်။
ခဏနေတော့ နွေးအခန်းတံခါးကိုခေါက်လိုက်သည်။
"ဒေါက် ဒေါက်"
"ဝင်ခဲ့လိုက်"
"ဟင် ကလေးမ မင်းဘာလာလုပ်တာလဲ ငါမချိုကိုပို့ခိုင်းတာလေ"
"ဟို မချိုကိုခိုင်းရင်တခုခုလွဲမှာစိုးလို့ပါ"
"အာ ဒီကလေးမနဲ့ကတော့ကွာ ထားခဲ့သွား"
"အန်တီ ဟို ဟို"
"ဘာလဲပြော"
"ဆရာလုပ်တယ် မထင်ပါနဲ့ အမြည်းနဲ့ရေပါယူလာခဲ့တယ် အဲ့ဒါနဲ့ရောပြီးသောက်ပါနော် အစာလည်းစားပါ"
"ရပြီဒါပဲလား သွားတော့"
အမရာအမြန်ပြန်ထွက်လာခဲ့သည်။ ကျေးဇူးရှင်မို့ကြောက်ရပေမဲ့ အခုလိုမျိုးမောင်းထုတ်ခံရတာကြောင့်ဝမ်းနည်းမိသည်။
———————
"မချို မမလေးကိုမခေါ်ခဲ့ဘူးလား"
"ခေါ်ခဲ့တယ် မမလေးကဆင်းခဲ့မယ်တော့ပြောတာပဲ"
နေ့ခင်းစာစားချိန်မှာတ်ောတော်ကျော်နေပြီဖြစ်သည်။ ခေါ်ထားသော်လည်းဆင်းမလာတာကြာနေပြီမို့ စိတ်ပူမိသည်။
သို့သော်လည်း အခန်းထဲကမောင်းထုတ်ထားတာကြောင့် ထပ်ပြီးလည်းမသွားချင်။
"ကဲ မချို သွားစားနှငိ့တော့နော် အမရာစောင့်လိုက်မယ် သွားသွား"
မချိုလည်းဗိုက်ဆာနေပြီ သူလည်း ဗိုက်ဆာနေပြီ။ ဒါပေမဲ့ သူတယောက်တည်းမစားချင် သူမမလေးစားပြီးမှပဲစားချင်သည်။
သို့သော်အရမ်းကြာပြီး ဆင်းမလာသည်မို့အပေါ်ထပ်လိုက်သွားသည်။ အခန်းတံခါးကိုခေါက်တော့
"ဟေ့ ဘာကိစ္စလဲ"
"နေ့ခင်းစာစားလို့ရနေပါပြီ အန်တီ"
အခန်းတံခါးပွင့်လာသည်။
"ဆင်းလာခဲ့မယ်လို့ငါပြောထားပြီးသားလေကွာ ဘာလို့ခနခနလာခေါ်နေရတာလဲ"
"ဟုတ်ကဲ့ပါအန်တီ"
"ဟေ့ နေဦး"
လှည့်ထွက်ဖို့ပြင်နေတဲ့အမရာ့ကိုနွေးကလှမ်းခေါ်လိုက်သည်။
"ဟုတ်ကဲ့အန်တီ"
"မင်းဒီအိမ်မှာလာစောင့်ပေးစရာမလိုဘူး မချိုနဲ့ခြံစောင့်ဦးလေးကြီးရှိရင်ရပြီ"
"ရပါတယ် အမရာစောင့်ပေးနိုင်ပါတယ်"
"မင်းကိုငါမလိုအပ်ဘူးပြောနေတာလေ မင်းဘာကိစ္စနေနေတာလဲ မင်းအိမ်မင်းပြန်မင်းအလုပ်မင်းလုပ်"
ရုတ်တရက်အသံမာမာနဲ့အော်ခံလိုက်ရတာကြောင့် လန့်ပြီးရှက်သွားသည်။
"ဟုတ်ကဲ့အမရာပြန်ပါ့မယ်ရှင့်"
မျက်နှာပျက်ပြီးဆင်းလာတဲ့အမရာတယောက်အိမ်ပြန်ရန် အထုတ်တွေသွားပြင်လေသည်။
"ဟယ် ဆရာမလေးဘယ်သွားမလို့အထုတ်တွေပြင်နေတာတုန်း"
"အန်တီကအိမ်ပြန်တော့တဲ့"
"သနားပါတယ် မမလေးကလည်း ဆရာမလေးကိုဘာလို့တအားတွေနိုင်တာပါလဲ"
စိတ်ညစ်ညစ်နဲ့ပဲ အမရာ အိမ်သို့ပြန်ရောက်ခဲ့သည်။
—————
"ဟဲ့ သမီးအမရာ အဆင်ပြေရဲ့လား ဘာလို့ပြန်လာတာတုန်း"
ရောက်တာနဲ့ဆိုင်ထိုင်နေတဲ့အမေကစီးမေးသည်။
"ပြေပါတယ် အမေရယ် မမလေးကိုအိမ်ပြန်နားခိုင်းလို့ပါ"
"သမီးအဆင်ပြေရဲ့လား မျက်နှာလည်းမကောင်းဘူး"
"ပြေပါတယ်အမေရဲ့ သမီးနေသိပ်မကောင်းလို့ပါ သမီးအခန်းထဲသွားနားတော့မယ်နော်"
အခန်းထဲရောက်တာနဲ့အိပ်ယာပေါ်ပြစ်လဲပြီး အမရာငိုနေမိသည်။
"အန်တီသိပ်ကိုရက်စက်တယ် အမရာ့ရဲ့အချစ်တွေကိုလည်းအန်တီမမြင်နိုင်မသိနိုင်ဘူး"
အိပ်ယာပေါ်မှာငိုကြွေးနေရင်းနဲ့ အမရာ့ရဲ့စိတ်တွေ အတိတ်ကိုရောက်လာသည်။
———————-
အိမ်ရှင်အဟောင်းပြောင်းသွားသဖြင့် တအိမ်လုံးရှုပ်နေကြသည်။ ပစ္စည်းတွေရွှေ့ပြောင်းခဲ့ပြီး ကျန်ခဲ့တဲ့အိမ်ကြီးကိုသန့်ရှင်းရေးလုပ်နေကြသည်။ အားလုံးကိုဦးဆောင်နေသူက ဦးစိုင်းနဲ့ သူ့ရဲ့သားလင်မယား။
ပန်းခြံကြီးထဲမှာကလေးပီပီဆော့နေတဲ့၅နှစ်အရွယ် အမရာကတော့ ပန်းခင်းကြီးကိုကြည့်ရင်းသဘောကျနေသည်။
နှငိးဆီပန်းကိုခူးလိုဇောနဲ့လှမ်းဆွဲလိုက်တာကြောင့် လက်မှာခိုက်မိပြီးသွေးများထွက်လာသည်။
"ဟိတ် ကလေးလေး ရရဲ့လား"
မော့ကြည့်လိုက်တော့ သူမြင်ဖူးနေကျနဲ့မတူတဲ့ ကျက်သရေရှိပြီး အလွန်လှတဲ့အမျိုးသမီးတဦး။ ငိုနေတဲ့သူ့လက်ကိုယူပြီး
"ဒီလောက်အမြန်ကြီးလုပ်မှတော့ထိမိမှာပေါ့ လာ အန်တီဆေးထည့်ပေးမယ်နော်"
ဆေးထည့်ပြီးပလာစတာကပ်ပေးနေတဲ့သူ့ကိုကြည့်ရင်း ငိုချင်စိတ်များပင်မေ့ပျောက်သွားခဲ့သလို နာကျင်မှုများပင်မရှိတော့။
"အန်တီကဘယ်သူလဲ"
"အန်တီက ဒီအိမ်ကပေါ့"
"အန်တီကသိပ်လှပြီးသိပ်ကြင်နာတာပဲနော်"
"ဟင် ဘာလို့လဲ"
"သမီးကိုအန်တီကဆေးထည့်ပေးပြီးလုပ်ပေးတယ်လေ ဒါမျိုးတွေကိုသမီးကTVထဲမှာပဲမြင်ဖူးတာ အိမ်မှာဆိုမေမေတို့ကသွေးထွက်ရင် ဆရာခိုပဲလိမ်းပေးတာ"
"ဟားဟား အန်တီကဆေးကျောင်းသူလေသမီးရဲ့ အဲ့တော့လုပ်ပေးတတ်တာပေါ့"
"ဆေးကျောင်းသူဆိုတာဘာကြီးလဲဟင်"
"အင်းးးးး သမီးဆရာဝန်ကိုသိလား"
"သိတယိလေ နေမကောင်းရင် အပ်ကြီးနဲ့ထိုးတာ သမီးကအပ်ကြီးကိုကြောက်တာ"
"အေး အန်တီ့ကအဲ့ဆရာဝန်ဖြစ်လာမဲ့သူပဲ"
"အန်တီကတော်လိုက်တာ သမီးလည်းကြီးလာရင်အန်တီ့လို့ဆရာဝန်ပဲလုပ်မယ်နော်"
"အေးပါ ဟုတ်ပါပီ"
နောက်မှသိရတာက ထိုအန်တီက နွေးတဲ့ ဒီအိမ်ကြီးကိုသူ့ဖေဖေကလက်ဆောင်ပေးတာတဲ့။ အမရာအလွန်သဘောကျ အားကျခဲ့ရသည်။ ခြံကိုနောက်ပိုင်းမှာ အန်တီနဲ့အန်တီ့သူငယ်ချင်းဆိုသူကတူတူလာလေ့ရှိသည်။ ထိုအခါဘိုးဘိုးနဲ့အတူ ရံဖန်ရံခါလိုက်လည်လေ့ရှိသည်။ ပန်းတွေကိုကြည့်ချင်တာရော အန်တီ့ကိုတွေ့ချင်တာရောကြည့်ပါ။
ထိုအချိန်ကတည်းကသူ့မျက်စိထဲမှာ အမြဲသူများထက်ထူးခြားနေခဲ့တဲ့ အန်တီဟာ သူ့ရဲ့နေတစင်းဖြစ်ခဲ့သည်။ သူ၁၀တန်းစတက်တော့လည်း နွေးနာမည်နဲ့foundation ကပေးအပ်တဲ့scholar နဲ့ပင်ဆေးကျောင်းအဆုံးထိတက်ခဲ့ရတာကြောင့် ပိုလို့ပင်လေးစားနေခဲ့တာဖြစ်သည်။
————————//
အတွေးနယ်ချဲ့နေသည့်အမရာ့ဆီသို့ မေမေဝင်လာခဲ့သည်။
"သမီးလေး နိုးပီလား ရောက်ကတည်းကဘာမှလည်းမစားပါလား"
"မစားချင်ဘူးမေမေ"
"တခုခုတော့စားပါ အိမ်ကဟာမစားချင်လည်း သမီးဖေဖေနဲ့အပြင်မှာတခုခုမှာလိုက်မယ်လေ"
"နေပါစေ မေမေရယ် မစားတော့ပါဘူး ဖေဖေကဘယ်သွားတာလဲ"
"သမီးခုနကတုန်းကအိပ်နေတုန်းမို့လို့ သမီးအိမ်ပြန်ရောက်ပြီးတော့မှ မမလေးကအစာအိမ်နာပြီးအန်လို့တဲ့ အဲ့ဒါ အရေးပေါ်ကားနဲ့ဆေးရုံပို့လိုက်တယ်ဆိုလို့သမီးဖေဖေလိုက်သွားတာ"
"ရှင် အန်တီဆေးရုံတင်ထားရတယ် ဘယ်ဆေးရုံမှာလဲ"
"အောင်သစ္စာ သွားတယ်ထင်တယ်သမီး"
ဘာမှပြောမနေတော့ဘဲ အပြေးလွှားထကာ သူအန်တီရှိရာဆီသို့ ဆိုင်ကယ်တစိးယူကာပြေးထွက်ခဲ့သည်။
ထွကိလာမိသည့်အတွက်ကိုယ့်ဘာသာလည်းစိတ်ပျက်နေမိသည်။
"ကံကောင်းလို့အန်တီဘာမှမဖြစ်ပါစေနဲ့"

Love Aunty (ချစ်သောအန်တီ)Where stories live. Discover now