မာယာကံကြမ္မာ

167 11 1
                                    

"မမလေးကိုနှိုးပေးပါအရေးကြီးတယ်"
ရေးကြီးသုတ်ပြာနဲ့အိမ်ထဲကိုအတင်းဝင်လာပြီး ဒေါ်ချိုကိုလာပြောတဲ့ကိုသားကြီးကြောင့် ဘုရားပန်းလဲနေတဲ့ အမရာတယောက်လန့်ဖြန့်သွားသည်။
ဘာမှပင်စကားမေးမရသေးခင်တွင် ကိုသားကြီးအိမ်ပေါ်ထပ်တက်သွားသဖြင့် ဒေါ်ချိုနဲ့အမရာတို့ပါအပြေးလိုက်သွားကြရသည်။
"မမလေး အရေးကြီးလို့ထပါဦးဗျာ"
အခန်းထဲကနေ အန်တီထွက်လာသည်။
"မင်းတို့ကလည်းကွာ စောစောစီးစီးဘာတွေလဲ"
"ဒီမှာမမလေး ရတုတို့အိမ်ကရတုကိုလူပျောက်တိုင်ထားတယ် မနေ့ကလည်း ကုမ္ပဏီကိုရော ရန်ကုန်ကအိမ်ကိုပါရဲတွေလာရှာသွားတယ် တရားစွဲအမှုဖွင့်ထားတဲ့ပုံပဲ အခုလည်းသတင်းစာထဲမှာပါထည့်ထားတယ်"
ကိုသားကြီးပေးလာတဲ့သတင်းစာကို နွေးတယောက်ယူဖိတ်လိုက်ရင်း ဒေါသတွေထွက်လာသည်။
"တောက် လင်းမိုးဆွေ နင်တော်တော်ယုတ်မာတဲ့မိန်းမပဲ"
"ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲဗျာ"
"ရဲတွေလည်းပါလာပြီဆိုတော့ ကျွန်မတို့ရဲ့ legal team ကိုဆက်သွယ်ပြီး ဒီကိစ္စကိုသေချာလျှို့ဝှက်ဖြေရှင်းခိုင်းလိုက်ပါ"
"ရတုကိုရော မမလေး"
"တုတုကိုဒီကိစ္စမသိပါစေနဲ့"
"ဟုတ်ကဲ့ပါမမလေး ကျွန်တော်ဖြေရှင်းလိုက်ပါမယ်"
ပြောနေတုန်းစကားမဆုံးသေးခင်မှာပဲ သူတို့ရဲ့ခြံရှေ့ကို ရဲနဲ့ရပ်ကွက်လူကြီးတွေရောက်လာသည်။
"တာဝန်အရလာရတာပါ ကျွန်တော်တို့နဲ့ပူးပေါင်းပေးပါ"
အောက်ကစကားပြောသံကြောင့် နွေးချက်ချင်းဆင်းသွားလိုက်သည်။ ဒီကိုဘယ်လိုရောက်လာသလဲဆိုတာကိုစဉ်းစားနေတုန်း အိမ်အောက်ထပ်ကမြင်ကွငိးကြာင့်သူမအံ့ဩတော့ပါ။
ဘာလို့လဲဆိုတော့ ဒီအိမ်ကိုသိနေတဲ့လင်းမိုးဆွေကိုယ်တိုင်ပါလို့ပဲ။
"ဘာကိစ္စများလဲရှင့်"
"ကျွန်တော်တို့ဒီကိုလာတာ ဒေါ်နှင်းနွေးသူနဲ့တွေ့ချင်လို့ပါ"
"ဟုတ်ကဲ့ ကျွန်မပါ"
"ကိစ္စကတော့ ဒီကအမတွေကသူတို့သမီးလေးပျောက်သွားတဲ့ကိစ္စနဲ့ပတ်သက်ပီးတော့ အမကနေခေါ်သွားခဲ့တယ်ဆိုတဲ့သတင်းအရ လာရောက်တိုင်ကြားထားလို့ပါ"
"ဟုတ်ပါတယ် ကျွန်မမငြင်းပါဘူး"
"ဒါဆိုအခုကလေးမလေးဘယ်မှာလဲဗျ"
"ရှိပါတယ် သူအပေါ်မှာရှိနေပါတယ် ဒေါ်ချို ရတုကိုသွားခေါ်ခဲ့ပါ"
ခဏနေတော့ ရတု အောက်လာပီး သူ့အမေကိုတွေ့တာနဲ့ ထွကိပြေးရန်ကြိုးစားသည်။
ရဲမေများကပြေးဖမ်းထားသောကြောင့် သူထွက်တော့ပြေးမရပါ။
"ဟေ့လူတွေ ကလေးကိုဖြေးဖြေးလုပ်ကြပါ သူဒီအိမ်ကနေလည်း ထွက်ပြေးလို့မလွယ်ပါဘူး သူ့ကိုနာအောင်လုပ်ရင်ရှင်တို့ဒုက္ခရောက်သွားမယ်နော်"
"ဒီမှာဒေါ်နှင်းနွေးသူ ကျွန်တော်တို့အလုပ်ကိုလာခြိမ်းခြောက်နေတာလား ခင်ဗျားကမှ သူများသားသမီးကိုသွေးဆောင်ဖြားယောင်းမှုနဲ့တောင်အဖမ်းခံရမှာ ကြာတယ်ကွာရှုပ်တယ် သူ့ကိုပါဖမ်းခေါ်ခဲ့"
နှင်းနွေးသူကိုလက်ထိပ်ခတ်ပီးခေါ်သွားတာကြောင့် ရတုတယောက်အော်ဟစ်ငိုယိုနေလေသည်။
"အန်တီ့ကိုမလုပ်ကြပါနဲ့ ရတုမှားတာပါ ရတုကအတင်းလိုက်တာလာပါ"
ကိုသားကြီးအပါအဝင်တအိမ်လုံးပြာယာခပ်အလုပ်ရှုပ်ကုန်ကြသည်။
"ဒါကျွန်တော်တို့သူဌေးပါ ကျွန်တော်တို့အဆင်ပြေအောင်ဆောင်ရွကိပေးပါ့မယ်"
"မင်းတို့ပိုက်ဆံရှိလည်းအလကားပဲ ဒီကိစ္စကိုလူကြီးတယောက်ကိုယ်တိုင်ကသေချာခိုင်းထားတာ"
——————
အချုပ်ထဲရောက်နေတဲ့ နွေးကို အမရာတယောက်လာတွေ့သည်။
"အမရာ ဘာလာလုပ်တာလဲ"
"ဟီးးး ဟီးးးး"
"အာ ဘာလို့လာငိုနေတာလဲ"
"အန်တီရယ် ဘာလို့ဒီလိုကြီးနေနေရတာလဲ အမရာစိတ်မကောင်းလိုက်တာ"
"ဘာမှမဖြစ်ပါဘူး ကိုသားကြီးလုပ်ပါလိမ့်မယ် ခဏပါပဲဟာ"
"ခဏဆိုပေမဲ့ဒီလိုနေရာမျိုးမှာကတော့မမြင်ချင်ဘူး"
"ကဲပါ ပြန်တော့နော် အန်တီပြန်လာမယ်ကတိပေးတယ်"
အန်တီကနှင်လွှတိသည့်အပြင် အချုပ်စောင့်ကိုယ်တိုင်လာရောက်ပြောနေတာကြောင့် အမရာအိမ်သို့ပြန်လာခဲ့ရသည်။
အိမ်ရောက်ပီးဘုရားရှိခိုးဆုတောင်းနေမိသည်။
"အရှင်ဘုရားတပည့်တော်မသည် ဆရာဝန်တဦးဖြစ်စဉ်ကတည်းကလူနာများကိုခွဲခြားခြင်းမရှိဘဲမှန်ကနခတဲ့စိတ်နဲ့ကုသပေးခဲ့ပါသည်။ ထိုသစ္စာစကားကြောင့်အန်တီအမြန်ဆုံးလွှတ်မြောက်ပါစေ။"
သူဆုတောင်းနေစဉ်မှာပဲ မချိုရဲ့အသံကြားလိုက်ရသည်။
"မမလေးပြန်လာပြီးဟေ့"
အမရာပြေးဆင်းသွားသည်။ ချော်လဲကျသွားသော်လည်း နာတာကိုပင်ဂရုမစိုက်နိုင်ဘဲ အိမ်ဝအထိပြေးလာသည်။
အန်တီကကားပေါ်ကနေဆင်းလာသည်။ မျက်နှာကတော့သိပ်မကောင်းလှ။
"အန်တီ နွားနို့နဲ့တရော်နဲ့ရေချိုးဖို့အားလုံးစီစဉ်လိုက်မယ်နော်"
ခေါင်းသာငြိမ့်ပြပီး အခန်းထဲဝင်သွားခဲ့သည်။
ကိုသားကြီးကိုကပ်တိုးလေးမေးကြည့်သည်။
"ကိုသားကြီး ဘယ်လိုလွှတ်လာတာလဲ"
"သူတို့ကိုခိုင်းတဲ့လူကြီးဆိုတာထက်ပိုကြီးတာတွေအများကြီးမမလေးရဲ့network ထဲမှာရှိတယ်လေ သူတို့ကိုဖုန်းဆက်ပီးအကျိုးကြောင်းပြောပြလိုက်တာ ပီးတော့ပိုသေချာသွားတာ အခုခိုင်းတဲ့လူကြီးကကောင်မလေး မိဘတွေနဲ့အသိတဲ့။ အဲ့တော့ဟိုကချက်ချင်းလွှတ်ခိုင်းပြီး မမလေးတောင်းပန်လိုက်ရတာပေါ့"
အန်တီ့ရဲ့တန်ခိုးဩဇာကြီးမားကြောင်းကိုပါ အမရာသိလိုက်ရပြီး အံ့ဩနေမိသည်။
"ကိုသားကြီး ဟိုရတုဆိုတဲ့ကောင်မလေးရော"
ဒေါ်ချိုကသူ့အကျင့်အတိုင်းစပ်စုလိုက်သည်။
"ကောင်မလေးကိုတော့သူ့အိမ်ကအတင်းကြပ်ခေါ်သွားတယ် ရန်ကုန်အထိကိုချက်ချင်းပြန်ဆင်းသွားကြတာ"
အမရာစိတ်ထဲမှာတော့ ရတုကိုရော အန်တီ့ကိုပါသနားမိသည်။ ချစ်သောသူနဲ့ကွေကွင်းရတဲ့ဆင်းရဲဒုက္ခဆိုတာ မီးလိုပူလောင်တာသူအသိဆုံးပါပဲလေ။
——————
"လုံးဝရှေ့ဆက်တိုးဖို့မစဉ်းစားကြနဲ့နော်"
"သမီး ရတုရယ် အဲ့လိုစိတ်လိုက်မာန်ပါမလုပ်ပါနဲ့"
"မရဘူး ကိုယ့်ဘာသာသက်သေမှာပဲ မသေစေချင်ရင် အခုချက်ချင်းငယ့်ကိုဖုန်းခေါ်ပေး"
"သမီး နင်ရူးနေပီလား"
"ဟုတ်တယ် သမီးရူးနေပီ ရူးအောင်အမေတို့ပဲလုပ်ခဲ့ကြတာ"
ရတုတယောက်သူ့အခန်းထဲမှာအသီးလှီးဓားကိုလည်ပတ်မှာထောက်ထားပြီး ခြိမ်းခြောက်နေခြင်းဖြစ်သည်။
ဝရုန်းသုန်းကားနဲ့ ပြဿနာတက်နေသည့်အခန်းထဲသို့ Liam ရောက်လာသည်။
"ကောင်းပီ ရတု နင်ဖြစ်ချင်တာငါရအောင်လုပ်ပေးမယ် အခုဓားကိုချလိုက်ပါ"
"ဟင် သား Liam ဘာတွေပြောနေတာတုန်း"
"ကျွန်တော့်အတွက်ရတုကအရေးကြီးဆုံးပါအန်တီ ရတုကိုကျွန်တော် မနာကျင်စေချင်ပါဘူး ဒါကြောင့်အန်တီတို့ကပါ သူ့ဆန္ဒကိုလိုက်လျောပေးပါ"
"ဟမ်"
Liam ရဲ့ စကားတွေကြောငါ့ ရတုရဲ့အဖေနဲ့အမေအံ့ဩနေကြသည်။ ဓားကိုင်ထားတဲ့ရတုပါ အံ့ဩမင်သက်သွားသည်။
"အေး ရတု ဒါပေမဲ့ ငါတို့အပေးအယူတခုတော့လုပ်ရမယ်"
"ဘာလဲ"
"နင် တပတ်တော့ငါတို့နဲ့နေရမယ် အန်တီနဲ့အန်ကယ်တို့ကိုအချိန်ပေးစေချင်တာရော ကျောင်းမှာပျက်သွားတဲ့နင့်ရဲ့နာမည်ကိုအဖက်ဆယ်ဖို့အတွက်ပါ"
"နင်ငါ့ကိုလာညာနေတာလား"
"မညာပါဘူး ဒီတပတ်အတွင်းမှာ နင့်ကိုဖုန်းလည်းပေးထားမယ် နင့်စိတ်ကြိုက်လည်းပေးနေမယ် ပေးဆက်သွယ်မယ် နင့်အမေတို့အိမ်မှာတပတ်လောက်နေပီးရင် နင့်အန်တီနဲ့ဆက်နေလည်းရတယ် သူနဲ့ရန်ကုန်မှာပဲနေနေ ပြင်ဦးလွင်မှာပဲနေနေ ဘယ်လိုလဲ"
"တပတ်ကဘာလုပ်ဖို့လဲ"
"ဒီအတောအတွင်းမှာ နင့်အဖိုးနေမကောင်းလို့ နင့်အဒေါ်လာခေါ်သွားတာလို့ငါတို့သတင်းဖြန့်ထားတယ် အခုလည်းနင်မိဘအိမ်မှာပဲပြန်နေနေတယ် နင်ဘယ်တုန်းကမှအဲ့မိန်းမနဲ့လိုက်မပြေးခဲ့ပါဘူးဆိုတာကို သက်သေပြဖို့အတွက်ပဲ"
"ငါနွေးနဲ့ပတ်သက်ပြီး ဖုံးကွယ်ဖို့မရှက်ဖူးနော်"
"နင်မရှက်တာကိုငါနားလည်တယ်ရတု ဒါပေမဲ့ နင့်မိဘတွေကိုနင်ပြန်ကြည့်ပေးပါ ငါဒါပဲတောင်းဆိုတာပါ"
"ကောင်းပြီလေ အခုလိုငါ့ကိုနားလည်ပေးလို့လည်းနင့်ကိုကျေးဇူးတင်ပါတယ်"
သူတို့၂ယောက်ပြောနေတာကိုကြည့်ရင်း ရတုမိဘတွေနားမလည်နိုင်ဖြစ်နေလေသည်။
——————-
ရတုတယောက်အိပ်ပျော်သွားပြီးနောက် Liam နဲ့ ရတုမိဘတွေထမင်းစားခန်းထဲမှာစကားပြောနေကြသည်။
"မင်းဘယ်လိုလုပ်လိုက်တာလဲမောင်Liam သမီးကိုတကယ်ပဲလွှတ်ပေးလိုက်တော့မှာလား"
"No ပါ အန်ကယ် ကျွန်တော်အခုချိန်မှာရတုကိုလက်လွှတ်လိုက်ရရင် ကျွန်တော်ငပေါဖြစ်သွားမှာပေါ့"
"ဒါဆိုမင်းဘာလို့အခုလိုလုပ်နေတာလဲ"
"ရတုကအခုချိန်မှာအရမ်းမွှန်နေပီ။ သူ့ကိုအကြမ်းနည်းနဲ့လုပ်ရင်ပိုဆိုးဖို့ပဲရှိမှာ။ သူကိုယ်တိုင် ဒီမိန်းမကြီးကိုမုန်းသွားဖို့ကျွန်တော့်မှာအကြံဉာဏ်တွေရှိပါတယ်"
Liam ဆီကိုဖုန်းဝင်လာသည်။
"Hello Luke "
"အေး အစီစဉ်စလိုက်တာကောင်းတယ် အမြန်ဆုံးလုပ်ကြတာပေါ့"
ဒီဖုန်းချပီးသည်နဲ့ Liam ရဲ့အကြံအစည်စတင်ပြီပဲဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Sep 14 ⏰

Add this story to your Library to get notified about new parts!

Love Aunty (ချစ်သောအန်တီ)Where stories live. Discover now