"သမီးဘယ်နေ့ပြန်လာမှာလဲမိန်းမရေ"
"မောင့်သမီးကဖုန်းတောင်တခါတလေမှကိုင်တာ စာပဲပို့နေတာများနေတာ ဒေါ်ချမ်းဆီကကြားတာတော့ ထူးထူးဆန်းဆန်းအဖော်အန်တီကြီးတယောက်နဲ့ မိတ်ဆွေဖြစ်နေတယ်တဲ့"
"ဒါနဲ့ နွေးရော ရောက်နေပြီလား"
"ပြန်ရောက်ပြီပဲပြောတာ သူဘာလုပ်နေလဲဘယ်မှာနေလဲလဲမပြောဘူး"
"Condoမှာပဲဖြစ်မှာပေါ့ အဲ့ဒါသူတို့မိသားစုပိုင်ပဲလေ"
——————-
"နွေး ငယ့်ကိုချစ်လားဟင်"
"ချစ်တာပေါ့ ငယ်လေးရဲ့ ဘာဖြစ်လို့လဲ"
"ငယ်စဉ်းစားမိတယ် ငယ်ကတော့ရည်းစားဦးမို့လားမသိဘူး အရမ်းတန်ဖိုးထားပြီး အရမ်းချစ်တယ် ငယ့်ရဲ့စိတ်ကူးကလေ ဖေဖေနဲ့မေမေလိုမျိုး တယောက်ပဲချစ်တယောက်ပဲလက်ထပ်ချင်တာ လက်ထပ်ဖို့အထိကိုအတင်းအကြပ်ငယ်မဆိုလိုပါဘူး ဒါပေမဲ့ ငယ့်အတွက်ရည်းစားဦးကအရေးပါတာကိုသိစေချင်ရုံပါ"
သူ့စကားကိုနားထောင်ရင်းနွေးပြုံးလိုက်တယ်။
"ငယ်လေးပြောတာကို နွေးနားလည်ပါတယ် လက်လည်းလက်ခံတယ်"
"ဘာလို့လဲ"
"နွေးကောင်းကောင်းကိုယ်ချင်းစာနိုင်လို့ပါ"
အဲ့အဖြေကြောင့်ရတုရင်ထဲနည်းနည်းတော့အောင့်သက်သက်ဖြစ်သွားရတယ်။
"ဟင် နွေးကနိုင်ငံခြားမှာအပျော်ရည်းစားတွေပဲထားခဲ့ဖူးတာမဟုတ်လား အတည်ထားဖူးချစ်ဖူးတဲ့သူရှိတာလား အင်း ရှိမှာပေါ့လေ နွေးလည်းငယ်တော့တာမှမဟုတ်ဘဲ"
"တယောက်တည်းပဲရှိဖူးတာပါ ငယ်၊ ရည်းစားဦးပဲဆိုပါတော့ သူနဲ့ပြီးတော့ နိုင်ငံခြားရောက်ပြီး ချစ်လို့တွဲတယ်ဆိုတာသိပ်မရှိတော့တာ"
"ရည်းစားဦးကိုသိပ်ချစ်တာပဲလား နွေး"လို့မေးရင်း သူ့အနားကိုရတုကပ်လာကာ မျက်နှာလေးကိုလာကိုင်တယ်။
နွေးကပြုံးရင်း
"အတိတ်တွေကပြီးခဲ့ပြီပဲမဟုတ်လား သူလည်းအိမ်ထောင်တောင်ကျနေပြီကြားပါတယ် ပြီးတော့ မတွေ့ဖြစ်အောင်လည်း ရှောင်နေပါတယ်"
"ပြီးတာပဲလေ အဲ့ဒါဆိုလည်း"
တကယ်တော့ ဒီဇာတ်လမ်းကလုံးဝမပြီးခဲ့ပါ။
တရက်ရတုတယောက် နွေးရဲ့စာအုပ်တွေကိုရှင်းရင်း စာအုပ်တအုပ်ကိုတွေ့တော့ဖွင့်ဖတ်လိုက်တယ်။ ဘာလို့လဲဆိုတော့ သူ့အမေဆီမှာငယ်ငယ်ကတွေ့ခဲ့ရဖူးတဲ့စာအုပ်နဲ့တူလို့ပဲ။ စာအုပ်လေးကိုသူဖွင့်ကြည့်လိုက်တော့ စာတချို့နဲ့ စာအုပ်တအုပ်နဲ့ကိုတွေ့ရတယ်။ စာအုပ်ကိုသူဖွငိ့ကြည့်တော့
""မိုးတွေအုံ့တိုင်း ဆွေလေတိုင်း
မိုးစက်အေးမြ တခဏကို
တသမိန်းမော နေလေရော့"
ဒီစာရဲ့dateကိုကြည့်လိုက်တော့ ဟောင်းနေတဲ့စာအုပ်နဲ့မအပ်စပ်တဲ့ ရက်ပိုင်းတခုကိုမြင်လိုက်ရတယ်။
ဒီစာဟာ ရတုနဲ့စတွေ့ခါစရက်တွေတုန်းကမှရေးထားတဲ့စာပါ။
နွေးဟာ ရည်းစားဟောင်းကိုမမေ့နိုင်သေးပါလားဆိုတဲ့အတွေးနဲ့ သူရှင်းလက်စစာအုပ်ပုံကိုပစ်ချထားခဲ့ပြီး သူ့အခန်းပြန်သွားတယ်။ နွေးလည်းအနောက်ကနေလိုက်မေးတာမရဘဲ ထွကိပြေးသွားတဲ့နောက်ကိုလိုက်ပြီးတံခါးကိုထုတယ်။ ခနနေတော့ဒေါ်ချမ်းကလာဖွင့်ပေးတယ်။
"သမီးလေးက ငိုနေလို့ပါအမ နောက်မှပြန်လာခဲ့ပါနော်"
နွေးဘာမှတွေးမနေတော့ဘဲအိမ်ခန်းထဲကိုပြေးဝင်သွားခဲ့ပြီး တုတုအခန်းထဲကိုဝင်သွားခဲ့သည်။
ကုတင်ကိုခေါငိးအပ်ပီးငိုနေတဲ့ တုတုကိုတွေ့တော့
"ငယ်လေး နွေးဘာမှားသွားလို့လဲကွာ"
အနားကပ်ပြီးပုခုံးလေးကိုင်ထားတဲ့သူ့လက်ကိုတုတုကဖယ်ချလိုက်တယ်။
"တော်တော်အကျင့်ပုတ်တဲ့မိန်းမကြီး သွား အဲ့ဒီရည်းစားဟောင်းဆီပဲသွားတော့ ဟိုကယောကျာ်းရသွားတာတောင် တမ်းတပြီးကဗျာတွေရေးပြီး ချစ်နေတာ"
နွေး တုတုဘာဖြစ်တာလဲဆိုတာတန်းသိလိုက်ပါပြီ။
"ကဗျာရေးတာနွေးအလုပ်လေကွာ နွေးကစာရေးဆရာမလေ စာမရေးရင်နွေးဘယ်လိုလုပ်ရမလဲ"
"တခြားစာရေးလေကွာ ဘာလို့ သူမှလည်းကွာ"
"ကဗျာသူမှန်းဘယ်လိုသိလဲ ငယ်လေးက"
"သိတယ်လေ တအုပ်လုံးသူ့အကြောင်းကဗျာတွေချည်းပဲကို"
"ကဲပါ ငယ်လေးရယ် နွေးတောင်းပန်ပါတယ်နော်"
"မရဘူး ငယ့်ဘဝမှာငယ့်ကိုမချစ်ဘဲ သူများကိုချစ်နေတာငယ်မလိုချင်ဘူး"
"အာ့ဆိုငယ်စိတ်ကျေနပ်အောင် နွေးဘာလုပ်ပေးရမလဲ"
"ဘာလုပ်ပေးနိုင်မှာမို့လို့လဲ"
"ဘာမဆိုလုပ်ပေးမယ် ငယ်လေးမငိုတော့ရင်ပြီးရော"
"အဲ့ဒါဆို ကိုယ့်အသားကိုယ်နာအောင်လုပ်လေ"
"ဟာ ကလေးကလားတွေ ငယ်ရယ် ဘာမှလည်းမဆိုင်ဘူးကွာ"
"တွေ့လား ရှင့်ခေါင်းထဲမှာသူကလွဲရင်အားလုံးကို ဦးနှောက်နဲ့ထိန်းချုပ်စဉ်းစားတယ် သူ့တယောက်ကိုပဲရင်ဘတ်ကိုနေရာပေးပြီးခံစားပြီး အကုန်လုပ်တယ်"
ပြောရင်းငိုနေတဲ့တုတုကိုကြည့်ရင်းစိတ်ရှုပ်လာတဲ့နွေး အနားမှာရှိတဲ့ကြည့်မှန်ကို လက်နဲ့ထိုးချလိုက်တယ်။
"ခွမ်း"
"ဟင်"
"ဟဲ့ အထဲမှာအဆင်ပြေကြရဲ့လား"
"ပြေတယ် ဒေါ်ချမ်းရေ တုတုခွက်ကျကွဲတာ ပြီးမှသိမ်းလိုက်တော့နော်"
"အေး အေး ရှဦးမယ်နော် သေချာဂရုစိုက်ကြဦး"
ဒေါ်ချမ်းစကားကိုပြန်ဖြေနေတဲ့ နွေးက အဆင်ပြေတယ်သာဖြေနေတာ လက်မှာတော့ ဖန်ကွဲစတွေနဲ့ သွေးတွေနဲ့။ တုတုလည်းအံ့ဩနေပြီး သူ့လက်ကိုကိုင်ကာshock ရနေသည်။ ပြီးမှ သူ့ကိုဆွဲကာကမန်းကတန်း ရေချိုးခန်းထဲပြေးဝင်ပြီး သွေးများကိုဆေးသည်။ အခန်းထဲက ဆေးဘူးထဲက ဆေးများထည့်ကာ ပတ်တီးများစီးပေးရန်လုပ်သည်။ ပတ်တီးစီးနေရင်းမှာပဲ တုတုမျက်ရည်တွေကျလာသည်။
"ဟင် ငယ် ဘာလို့ငိုနေတာလဲ"
"ငယ် ကိုယ့်ဘာသာနောင်တရလို့ပါ ဘာလို့နွေးကိုအဲ့လိုပြောမိလုပ်မိလဲဆိုပြီးတော့"
"ကဲပါငယ်ရယ် မငိုနဲ့တော့နော်"
"ငယ်ကတော်လိုက်တာ ပတ်တီးလည်းစည်းတတ်တာပဲလား"
"တတ်တာပေါ့ ငယ့်ရဲ့အဘိုးရော ဖေဖေရောမေမေရောကဆရာဝန်တွေ ငယ်ကဆရာဝန်မလုပ်ချင်လို့သာမလုပ်တာ အကုန်ကျွမ်းနေပြီ"
"ဟုတ်ပါပြီဗျာ"
ပတ်တီးစည်းပေးပြီးတဲ့ အခါ ကျန်တဲ့လက်တဖက်နဲ့ ပါးကိုဆွဲညှစ်သည်။
"အရမ်းမလှုပ်နဲ့နော် အခုတောင်မချုပ်ရတာတောင်ကံကောင်း"
"မရဘူးကွာ လှုပ်မှာပဲ"
ပြောပြောဆိုဆိုနဲ့ နွေးကိုဆွဲနမ်းလိုက်သည်။ အဆင့်တော့တက်လို့မရသေး။
ဒီလိုနဲ့သူတို့၂ဦးပြေလည်သွားခဲ့သည်။
—————-
ညနေရောက်တော့ ထမင်းကိုယ့်ဘာသာမစားနိုင်တဲ့ သူ့ကို ရတုကခွံ့ကျွေးနေသည်။ သူတို့၂ယောက်ရဲ့ပျော်ရွှင်မှုကို ဘဲလ်သံလေးတခုကဖုံးလွှမ်းသွားသည်။
"ဟင် မေမေတို့ပါလား"
"သမီးလေး ဒီအိမ်ကိုအလည်ရောက်နေတာဆိုလို့အမေတို့လိုက်လာတာ"
"အင်းမေမေသမီးလာခဲ့မယ်နော် အိမ်ကပဲစောင့်လိုက်"
တံခါးကိုပြန်ပိတ်လိုက်ပြီး နွေးကိုနှုတ်ဆက်အနမ်းလေးပေးကာ အိမ်ပြန်သွားခဲ့လိုက်သည်။
ရောက်တာနဲ့ဖေဖေက
"သမီးလေး အိမ်မလည်စဖူးပါလား သူငယ်ချင်းလား"
"ဟုတ် ဖေဖေ ဆိုပါတော့ အိမ်လည်းနီးပြီးခင်လည်းခင်နေလို့ပါ"
"ဟုတ်လား သမီးလေးနဲ့ရွယ်တူပဲလား"
"မေမေတို့အရွယ်ပါပဲ ဒါပေမဲ့သူကနုပြီးတကိုယ်တည်းသမား သူကသမီးကြိုက်တဲ့စာရေးတဲ့သူလည်းမ်ု့လို့ပါ"
"ဟုတ်ပါပီဗျာ ကဲ သမီးလေးကိုလွမ်းလို့လာတွေ့တာ ထမင်းတူတူသွားစားရအောင်"
"ဟုတ်ပါ့ သမီးလေးကကျောင်းပိတ်းက်ကိုမေမေတို့ဆီတောင်ပြန်မလားဘူး ကျောင်းကtrip ကရောလိုက်မှာလား"
"လိုက်ချင်ပေမဲ့ သမီးကexpress မစီးနိုင်လို့မလိုက်ဖြစ်လောက်ဘူးမေမေ"
"ပြင်ဦးလွင်သွားချင်ရင်နောက်မှမေမေတို့နဲ့လေယာဉ်နဲ့မှသွားလို့ရတာပဲ"
————————-
"ဟဲလို နွေးလား"
"ဟုတ်ပါတယ်"
"ငါ မိုးပါ လင်းမိုးဆွေပါ"
"ဟင်"
နာမည်ကြားရုံနဲ့ သူရင်တွေခုန်လာသည်။ သူအရှောင်ချင်ဆုံးလူတဦးနဲ့ထိပ်တိုက်တွေ့ရလေပြီ။
"ပြောလေ မိုး"
"ငါတို့တွေ့ရအောင်လေသူငယ်ချင်း နင်ပြန်ရောက်နေပြီလို့ကြားတယ်"
"ရပါတယ်ဟာ"
"ငါတို့နင့်ကိုပြောစရာတွေလည်းရှိလို့ပါဟာ နင့်ရဲ့condo မှာပဲ ငါတို့တောင်တခန်းဝယ်ထားတယ်"
"အေးပါဟာ ကျေးဇူးပါ"
"ဒါဆို မနက်ဖန် ငါတို့တွေ့ရအောင် ညနေ lotte မှာတွေ့ရအောင်"
"အေးပါ ၇နာရီလောက်ဆုံကြရအောင်"
ခနနေတော့သူ့အိမ်ကိုရတုရောက်လာသည်။
"နွေး ချစ်ရဆုံးနွေးအတွက် ကိတ်မုန့်ဝယ်ခဲ့တယ်"
"နွေးက အချိုမှမစားတာ ငယ်လေးရဲ့"
"သိသားပဲ အဲ့ဒါကြောင့် နွေးအကြိုက်coconut cake အဆိမ့်လေးဝယ်ခဲ့ပါတယ်"
"ကျေးဇူးပါငယ်လေးရယ် အဲ့လိုအလိုက်သိနေလို့ချစ်နေရတာ
သူတို့၂ယောက်ကိတ်စားရင်း နေဝင်တာတူတူကြည့်နေကြသည်။
"နွေး ဒီနေ့အရမ်းတိတ်ဆိတ်နေသလိုပဲ မျက်နှာလည်းမကောင်းပါလားတမျိုးပဲ"
"ဟုတ်လား ငယ်လေးစိတ်ထင်နေလို့ပါ"
"အော် နွေးသိလား ငယ်မနက်ဖန်ကိုမအားဘူးနော် မေမေတို့ဆီပြန်ရမယ် family dinner ရှိတယ် တခါတည်း ငယ်နဲ့နွေးတို့အကြောင်းကိုမေမေတို့ကိုဖွင့်ပြောထားလိုက်တော့မယ်"
"ဟင် ငယ်လေးအိမ်ကရပါ့မလား အဆင်ပြေပါ့မလား"
"ရပါတယ် ဖေဖေနဲ့မေမေကအရမ်းလွတ်လပ်တာ အားလုံးငယ့်သဘောပဲ"
"ဝမ်းသာလိုက်တာငယ်ရယ် အခုလိုမျိုးနွေးကိုချစ်ပေးလို့"
"ချစ်တာပေါ့နွေးရယ်"
နွေးရဲ့ပေါင်ပေါ်သို့တက်ထိုင်လိုက်ရင်းဆံပင်များကိုဖွကာ အသာနမ်းလိုက်ကြသည်။
———————
နွေးအိပ်ယာနိုးတော့ကြည့်လိုက်တော့ တုတုလေးကမရှိတော့။ ညက၂ယောက်တူတူ အိပ်ပျော်သွားတာ နောက်ကျပြီး နွေးအိပ်ယာနိုးတာနောက်ကျနေလေသည်။
နွေးမျက်နှာသစ်ဖို့ထကြည့်တော့ မှန်မှာ စာရေးပြီးကပ်ထားသည်ကိုတွေ့ရသည်
"နွေး ငယ်သွားပြီနော် ညပြန်လာရင်တွေ့မယ်နော်"
စာကိုဖတ်ပြီးသူမျက်နှာသစ်လိုက်သည်။ မိုးနဲ့တွေ့ရမှာကိုသူပြန်တွေးရင်းရင်ခုန်မိသလို နာကျင်မှုကိုလည်းခံစားရသည်။
နွေးစိတ်သက်သာရာရအောင် ရေသွားကူးရန်ပြင်လိုက်သည်။ ရေကူးနေရင်းနဲ့ အရင်ချိန်များကိုတွေးနေမိသည်။
——————-
"မိုး နင်တက္ကသိုလ်တက်ဖို့မေဂျာတင်ပြီးပြီလား"
"အင်းတင်ပြီးပြီနွေးရဲ့"
"ဘာတင်မှာတဲ့လဲနွေး"
"ငါဆေးကျောင်းတော့ထည့်လိုက်တာပဲ ဒါပေမဲ့ ငါ ထင်ပါတယ်ဟာ ငါတခြားတက္ကသိုလ်တွေပဲရမှာပါ နင်ရော"
"ငါလည်းဆေးကျောင်းတော့လျှောက်ထားတာပဲ"
"နင်သိလားနွေး ငါလေနင်ရှိတာအရမ်းပျော်တာပဲ နင်တို့ဘယ်တော့ပြန်မှာလဲဟင်"
"ငါတို့မပြန်သေးပါဘူးဟ နောက်ထပ်တလထပ်တိုးထားတယ် ပြီးတော့ ငါဖေဖေနဲ့အပေးယူလုပ်ထားတယ်"
"ဟင် ဟုတ်လား ဘာကြီးလဲ"
"ပြင်ဦးလွင်မှာငါတို့အခုနေနေတဲ့တိုက်နဲ့ခြံကို ငါဆေးကျောင်းရရင်ဝယ်ပေးဖို့ ဖေ့ဖေ့ကိုဝယ်ပေးဖို့ပြောထားတယ်"
"ဟယ် နင်တကယ်ပြောနေတာလားနွေး ဒါဆိုငါတို့ခနခနတွေ့ရတော့မှာပေါ့နော်"
"အေးပေါ့ဟ"
"ဝမ်းသာလိုက်တာနွေးရယ် ငါလေနင်နဲ့ခွဲရမှာကိုစိုးရိမ်နေခဲ့မိတာ"
မိုးသူရဲ့လက်မောင်းကိုဖက်ရင်းပြောလိုက်တဲ့စကားကြောင့် နွေးနှလုံးသားလေးနွေးထွေးခဲ့ရသည်။
နောက်ပိုင်း ၂ယောက်သား အပြန်အလှန်စာတွေပို့နေခဲ့ပြီး ဒီဇင်ဘာကျောင်းစတက်ရချိန်မှာတော့ မိုးက မန်းလေးဆေးကျောင်း၊ နွေးက ရန်ကုန်ဆေးကျောင်းမှာ တက်ရောက်ခွင့်ရခဲ့ကြသည်။
နွေးဖေဖေကလည်း ကတိအတိုင်း မေမြို့ကအိမ်လေးဝယ်ပေးလေသည်။ တရက်ကျတော့ နွေးဆီကိုစာလေးရောက်လာသည်။
"ကျောင်းတက်ရတာ နင်မရှိတော့ အရမ်းပျင်းတာပဲ ငါနင့်ကိုလွမ်းတယ် နွေး"
ဒီစာလေးတကြောင်းက နွေးကိုဘယ်လောက်ထိ ရိုက်ခတ်သွားခဲ့စေသလဲမိုးမသိပါ။
နွေးအိမ်ကမိဘများကိုခွင့်ပန်ပြီး မန်းလေးရှိ အမေဘက်ကအဘိုးအဘွားများထံသွားရောက်နေထိုင်ပြီး ဆေးကျောင်းတက်ရန် ကြိုးစားလေတော့သည်။ ထမင်းမစား ဟင်းမစားဘဲ ဆန္ဒပြနေတဲ့သူ့ကို ကိုကိုကသနားလေတော့သည်။
"ညီမလေး ကိုကိုနဲ့နန္ဒာပါ"
"မတွေ့ချင်ဘူး ဘာမှလာမပြောကြနဲ့ ကျောင်းလည်းမတက်တော့ဘူး"
"ကိုကို့ကိုခနပေးဝင်ပါညီမလေးရယ်နော်"
ကိုကို နဲ့မမနန္ဒာဝင်လာပြီး သူ့ဘေးမှာလာထိုင်သည်။
"ညီမလေး ကိုကိုတို့နဲ့ထမင်းလာစားနော် လိမ်မာတယ်"
"မစားဘူး နွေးချစ်တဲ့သူနဲ့နွေးမခွဲချင်ဘူး"
"အေးပါ ကိုကိုကတိပေးတယ် ဟိုကိုလည်းနောက်တဖြတ်ဆိုတာနဲ့သွားရစေမယ်။ ဟိုမှာကိုကို့သူငယ်ချင်းတွေဆေးကျောင်းတက်နေတဲ့ကောင်တွေရှိတယ်။ အဲ့ဒါအပြင် ကိုကိုက ညီမလေးကို ဟိုမှာသုံးဖို့ ကားတစီးဝယ်ပေးဦးမယ်လေ ဘယ်လိုလဲ"
"ဟမ် ကိုကိုတကယ်ပြောတာနော်"
"တကယ်ပေါ့ ငါ့ညီမလေးရဲ့ ကိုကိုတာဝန်ယူတယ်နော်"
ကိုကို့ဖျောင်းဖျမှုကြောင့် ဆေးကျောင်းပထမနှစ်လက်ကျန်ကို မန်းလေးဆေးသို့သွားရောက်တက်ခွငိ့ရခဲ့သည်။ ဆိုင်ကယ်အသုံးများတဲ့မန်းလေးမှာ သူရဲ့ကားလေးက သူ့ကိုလူသိပိုများစေခဲ့သလို သူ့ရဲ့အဘိုးကလည်း မြို့မျက်နှာဖုံးများဖြစ်တဲ့အချက်ကြောင့် ကျောင်းမှာ ပေါ်ပြူလာဖြစ်ခဲ့သည်။
သူကျောင်းစတက်တဲ့နေ့ကိုမှတ်မိနေသေးသည်။ ဆေးကျောင်းတွေမှာ အတန်းကိုနာမည်နဲ့ခွဲတာကြောင့် သူနဲ့ မိုးအတန်းမတူမှာကိုစိုးရိမ်ခဲ့သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့်ရန်ကုန်ကပြောင်းတဲ့သူမို့ ခုံနံပါတ်နောက်ဆုံးကျပြီး အတန်းတူခဲ့သည်။ အတန်းထဲသို့ရောက်တာနဲ့ သူ့ကိုမြင်လိုက်ရတာကြောင့် မိုးထခုန်ခဲ့သည်။
"ဟယ် မိုး နင်ရောက်လာတယ်"
"ဝမ်းသာလိုက်တာမိုးရယ်"
နွေးကိုဖက်ထားပြီး အရူးတယောက်လိုအော်နေတာကြောင့် theater ထဲရှိကျောင်းသားများအားလုံးလန့်သွားသည်။ အဲ့နောက်မှစပြီး သူနဲ့မိုးရဲ့ ပျော်ရွှင်စရာများစတင်ခဲ့သည်။ ဆေးကျောင်းနားမှာအအေးသောက်လိုက်၊ ညစားသွားလိုက်၊ ကျုံးဘက်ကားပတ်မောင်းလိုက်နှင့် သာယာဖွယ်အတိဖြစ်သည်။ တခါတရံပိတ်ရက်ရှည်များတွင် ပြင်ဦးလွင်ရှိသူ့ခြံကို ၂ယောက်အတူ သွားပြီးအနားယူပျော်ပါးတတ်ကြသည်။
သို့သော် ပျော်စရာနေ့ရက်များကို ပြဿဒါးနေ့များကစောင့်ကြိုခဲ့သည်။
ပထမနှစ်အပြီးကျောင်းပိတ်တော့ ရန်ကုန်ရှိမိဘများထံသို့ နွေးပြန်ခဲ့သည်။ ကိုကိုတို့မင်္ဂလာဆောင်ရှိတာကြောင့်လည်းပါသည်။
ရန်ကုန်ရောက်တဲ့အထိGSM ဖုန်းလေးနဲ့အမြဲဖုန်းဆက်ပြီး နွေး က မိုးရဲ့အိမ်ဖုန်းကိုအမြဲဆက်သည်။ သို့သော် တလလောက်နေပီးတော့ သူ့ဖုန်းကိုလုံးဝမကိုင်တော့ချေ။ နွေးစိတ်ပူနေခဲ့သည်။ မိုးက စာလည်းပြန်မရေးတော့။ နွေးလိုက်သွားချင်ပေမဲ့ ကိုကို့မင်္ဂလာဆောင်ကြောင့်စောင့်ဆိုင်းနေခဲ့ရသည်။ အဲ့အခါများတုန်းက ရန်ကုန်မန်းလေးပင်သွားရန် တော်တော်ကြာမြင့်သည်မဟုတ်လား။ ကိုကို့မင်္ဂလာဆောင်ပြီးတော့ နောက်နေ့ချက်ချင်း ပြင်ဦးလွင်သွားရန် လေယာဉ်လက်မှတ်ဝယ်သည်။ အဲ့တုန်းက air bagan လေကြောင်းလိုင်းရှိသေးသည်။ သူ။ သူ့ဘဝမှာဘယ်တော့မှမေ့မရတဲ့နေ့ပေါ့။ မနက်အစောကြီး သူလေဆိပ်ဆင်းခါနီးဖြစ်သည်။ ကိုကိုတို့မေမေတို့နဲ့ဧည့်ခန်းထဲတွင်စကားပြောနေကြသည်။ မေမေတို့ကလည်းနိုင်ငံခြားကိုအလုပ်ကိစ္စနဲ့သွားမှာမို့ လေဆိပ်တူတူဆင်းရန်ပြောနေကြသည်။ အိမ်ရှေ့မှ
"စာလာတယ်ဗျို့" ဟူသောအသံကြားပြီးမကြာ အိမ်အကူကောင်မလေးကစာလေးတစောင်နဲ့ အိမ်ထဲပြန်ဝင်လာသည်။
"မမလေး မမလေးရဲ့စာဗျ"
"ဟေ ပြစမ်း"
ပို့တဲ့သူနာမည်ကမိုးနာမည်ဖြစ်တာကြောင့် သူအငမ်းမရဖောက်ဖက်လိုက်မိသည်။
စာအိတ်ထဲမှာတွေ့ရတဲ့ စာလေးတစောင်ကြောင့် သူ့ကမ္ဘာလည်သွားခဲ့သည်။
ဒေါက်တာသီဟမိုးမြင့် နှင့် မလင်းမိုးဆွေ တို့ရဲ့ မင်္ဂလာဧည့်ခံပွဲတဲ့ နေ့ရက်ကတော့ ဒီနေ့ပဲ
နေရာမှာပင်သူပုံလျက်လဲကျသွားခဲ့သည်။
"မဖြစ်နိုင်ဘူး ဒါမိုးငါ့ကိုနောက်နေတာပဲဖြစ်မှာပါ"
သူကားကိုအပြေးမောင်းပြီး လေဆိပ်ကိုအပြေးသွားခဲ့သည်။ လေဆိပ်ရောက်တာနဲ့ လေယာဉ်မထွကိမချင်း သူတောက်လျှောက်မိုးကိုဖုန်းခေါ်နေခဲ့သည်။ သူ့ကိုစိတ်ပူတဲ့ကိုကိုနဲ့နန္ဒာတို့ကhoneymoon ခရီးစဉ်ကိုခဏထားကာ ပြင်ဦးလွငိကိုgo show လက်မှတ်ဝယ်ပြီးလိုက်ခဲ့ကြသည်။
"စိတ်အေးအေးထားပါညီမလေး တခုခုဆိုလည်းအကောင်းဆုံးရင်ဆိုင်ပါ ကိုကို့ညီမလေးကိုအထိခိုက်မခံနိုင်ဘူး"
"မိန်းကလေးချင်းဆိုတာသူ့အတွက်လည်းခက်ခဲမှာပဲလေညီမလေးရဲ့ မမနန္ဒာစကားကိုနားထောင်ပါ သူ့မှာလည်းခံနိုင်ရည်မရှိတာရော သေချာတဲ့အနာဂတ်တခုကိုရွေးချယ်သွားတာရောဖြစ်မှာပါ ပတ်ဝန်းကျင်ဆိုတာလည်းရှိသေးတယ်"
အနီးစခန်းလေဆိပ်ရောက်တာနဲ့ ကားတစီးငှါးပြီး သူဧည့်ခံပွဲရှိရာကိုအပြေးသွားခဲ့သည်။
မင်္ဂလာခန်းမကိုသူရောက်တော့သတို့သားသတို့သမီးက ပြန်တဲ့သူတွေကိုတောင် နှုတ်ဆက်နေပြီဖြစ်သည်။ အခုမှဝင်လာတဲ့နွေးကိုတော့ မိုးမနှုတ်ဆက်လိုက်ပါနဲ့ကွာ။ သတို့သမီးကသတို့သားကိုလက်ချင်းချိတ်ထားပြီး မိုးကိုတွေ့တော့ မျက်နှာလေးပျက်နေခဲ့သည်။ မျက်ရည်တွေနဲ့ ရောက်လာတဲ့မိုးနားကိုသူရောက်လာပီး လူရှင်းရာနေရာသို့ခေါ်သွားသည်။
"နွေး ဘာလို့ဒီလိုပုံစံနဲ့ရောက်လာတာလဲဟာ နင်ဘယ်လိုရောက်လာတာလဲ ငါတမင်နောက်ကျပီးမှဖိတ်တာလေ"
"နင်ငါ့ကိုလိမ်ခဲ့တယ် ငါမရှိရင်မနေနိုင်ဘူးဆိုဟာ"
"ငါတောင်းပန်ပါတယ်နွေးရာ ငါ့မှာလည်း၊....."
"ဟိုလူနင့်ကိုတမင်လက်ထပ်ယူတာမဟုတ်လား လူယုတ်မာကြီးငါနဲ့တွေ့မယ်"
"မဟုတ်ဖူး နွေး နင်လွန်မယ် မောင် က လူကောင်းတယောက်ပါဟာ"
"ဘာ မောင် ဟုတ်လား နင် နင်ဟာ"
အသံကျယ်နဲ့အော်ဟစ်လိုက်တဲ့ နွေးကြောင့် လူတွေသူတို့ရှိရာကိုရောက်လာသည်။
"နင်ပြောတော့ ငါ့ကိုချစ်တယ် လွမ်းတယ်ဆို ငါနဲ့နေရတာပျော်တယ်ဆိုဟာ"
သတို့သမီးသူ့ကို လူတွေတီးတိုးလက်ညှိုးထိုးနေကြသည်။
လျှောက်အော်နေသည့် နွေးကိုမိုးပူထူစိတ်နဲ့ပါးရိုက်လိုက်သည်
"နင်ငါ့ကိုမေ့လိုက်ပါတော့ဟာ ငါ့ကိုမိဘတွေရှေ့မှာအရှက်မခွဲပါနဲ့တော့ သွားပါတော့"
တွန်းထုတ်ပြီး ပြေးထွကိသွားခဲ့သည်။
အဲ့နေ့ကတည်းကသူတို့တွေဝေးခဲ့ကြတာ ဒီနေ့ဒီအခြေနေအထိပါပဲ။
နွေးလည်း နိုင်ငံခြားမှာပဲကျောင်းတက်ပြီးအလုပ်လုပ်ရင်း နေဖြစ်ခဲ့တာ ကိုကိုနဲ့ မမနန္ဒာတို့ယဉ်တိုက်မှုကြောင့်ဆုံးပါးမှသာ သူပြန်ရောက်ခဲ့တော့တာပါပဲ။
ဒီနေ့တော့ ဘဝမှာဘယ်တော့မှမေ့မရနိုင်ခဲ့တဲ့ အချစ်ခဲ့ရဆုံးမိန်းမတဦးရဲ့မျက်နှာကိုကြည့်ဖို့ သူ့အတွက်အကြောင်းပြန်ဖန်လာခဲ့တော့သည်။
YOU ARE READING
Love Aunty (ချစ်သောအန်တီ)
Fiction générale"၁၈နှစ်အောက်များဖတ်ရှုရန်မသင့်တော်ပါ" "အန်တီ့ရဲ့အပြုံးလှလှလေးတွေရဲ့နွေးထွေးမှုမှာ ထာဝရမဟုတ်တောင် ဒီတညတော့အိပ်ခွင့်ပေးလှည့်ပါ" ဆိုတဲ့ ရတု ဆိုတဲ့ကောင်မလေးဟာ သူ့အမေနဲ့ရွယ်တူဖြစ်တဲ့ နွေး ဆိုတဲ့ အန်တီ့ကိုချစ်မိသွားတယ်။ သူ့မိဘတွေကတော့ အပြင်းအထန်ငြင်းဆန်ခ...