အရေးပေါ်ဌာနထဲရှိ ခုတင်တခုပေါ်တွင်လဲလျောင်းအိပ်စက်နေသော နွေး၏မျက်နှာမှာအလွန်ပင်ပန်းနေပုံရသည်။
ဒီတညတော့ဆေးရုံမှာနားဖို့လိုတာကြောင့် အခန်းရွှေ့ရန်လုပ်နေစဉ်မှာပဲ အမရာရောက်လာခဲ့သည်။
"ဖေဖေ အန်တီသက်သာလားဟင် ဘာလို့သမီးကိုမပြောတာလဲ"
"ဖေဖေကနောက်မှသိတာ သူတို့ကဆေးရုံကားခေါ်ပီးသားမို့"
————————
ဗိုက်နာထားတာရော cannula ထိုးထားတဲ့အရှိန်ရောကြောင့် နာကျင်မှုနဲ့ နွေးအိပ်ယာကနေနိုးလာခဲ့သည်။ နေ့လည်ကဗိုက်အရမ်းနာလာပြီးအန်နေလို့ ဆေးရုံကို ခေါ်လာတဲ့အထိသာမှတ်မိပြီး သူအိပ်ပျော်သွားခဲ့သည်။ ဆေးရုံခန်းထဲမှာနိုးနေမှန်းကိုသိလိုက်ရပြီး ဘေးကိုကြည့်လိုက်ချိန်မှာ ကုတင်ဘေးမှာသူ့လက်ကိုမျက်နှာအပ်ပီး အိပ်ပျော်နေတဲ့အမရာကိုတွေ့လိုက်ရသည်။
"ဟင် ဒီကလေးမလေးရောက်လာတာပဲ"
တကယ်ဆိုရင် ဒီကလေးမလေးသူ့အပေါ်မှာလေးစားရိုသေတာကိုသူသိပါသည်။ သို့သော် ပညာတတ်ဆရာဝန်မလေးတယောက်အနေနဲ့ သူ့ရဲ့ဝေယျာဝစ္စများကို အိမ်အကူများလိုလုပ်ကိုင်ပေးနေတာတွေကို သူအားနာပါသည်။ ဒါကြောင့်မို့ သူအမြဲမောင်းထုတ်ရခြင်းပင်ဖြစ်ပါသည်။ နောက်ပြီး အထူးကုစာမေးပွဲဖြေရန်စာကျက်နေရသည့်အချိန်မျိုးတွငိ သူ့အိမ်မှာအချိန်မကုန်စေချငိပါ။ သူကိုယ်တိုင်ဟင်းချက်ပေးထားမှန်းကို မချိုကပြောလို့သိရတော့ပိုအားနာရပါသည်။ သူမူးပြီးသောင်းကျန်းနေတာကို ပိုပြီးတော့မမြင်စေချင်ပါ။
သူစဉ်းစားနေတုန်းမှာပဲ အမရာကနိုးလာခဲ့သည်။
"ဟင် အန်တီ နိုးပီလား ဗိုက်နာနေသေးလားဟင်"
"မနာတော့ပါဘူး မင်းအိမ်ပြန်နားတော့လေ"
"နေပါစေအန်တီရယ်မနာတော့ပါဘူး အန်တီမှဆေးရုံမဆင်းသေးတာနော်"
"မင်းကိုငါမလိုဘူးလို့ပြောနေတယ် မချိုဘယ်မှာလဲ မချိုကိုပဲလွှတ်လိုက်"
"အန်တီ ကျန်တဲ့အချိန်မှာအန်တီကြိုက်သလိုမောင်းထုတ်ပါ အမရာထွကိသွားပေးမှာပါ ဒါပေမဲ့ အခုချိန်မှာတော့အန်တီ့နားမှာရှိနေခွငိ့ပြုပေးပါနော်"
ငိုသံနဲ့ပြောနေတာကြောင့်နွေးစိတ်အိုက်သွားသည်။
"ဟူး သဘောပဲကွာ ပြောမရလည်း"
———————
"ဆေးရုံဆင်းလို့ရပြီအန်တီ မနက်ကိုဆရာကြီးround လှည့်ပီးရင် discharge လုပ်ပေးလိမ့်မယိနော်"
နွေးကိုစမ်းသပ်ပီးတော့ အမရာကပြောနေသည်။
"လောလောဆယ် မနက်စာဆန်ပြုတ်လေးသောက်ရအောင်နော်"
အမရာကခွံ့ကျွေးမယ်ပြင်သော်လည်း
"ရတယ် ကိုယ့်ဘာသာစားလိုက်မယ် မင်းခွံ့မကျွေးနဲ့"
ပြောပြောဆိုဆိုနဲ့ကိုယ့်ဘာသာအမြန်ယူစားလိုက်ရာ ပါးစပ်အပူလောင်လေသည်။
"ဟော အန်တီရယ်တွေ့လား ပူကုန်ပြီ လာပါအမရာကျွေးပါ့မယ်နော်"
အမရာကသေချာလေးမှုတ်ပေးပီး သေချာလေးခွံ့ကျွေးတော့မှ မျိုချလို့ရသည်။
အမရာဂရုစိုက်တတ်တာ အနေတည်ငြိမ်တာကိုကြည့်ရင်း တွေးမိတဲ့အတွေးက
"အော် ရတုလေးသာ ဒီလိုအေးဆေးတည်ငြိမ်တဲ့ သူတယောက်ဖြစ်ခဲ့ရင် ငါ့ဘက်ကိုသာကြည့်ပြီးကြင်နာပေးတတ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ"
——————-
ဆေးရုံကဆင်းပြီးတော့အိမ်ကိုပြန်ရောက်တာနဲ့ ရှုပ်ပွနေတဲ့သူ့အခန်းကရှင်းပီးသားဖြစ်နေသည်။
အခန်းထဲဝင်တာမကြိုက်သည့် နွေးတယောက်သောင်းကျန်းလေသည်။
"ဘာလို့ရှင်းလိုက်တာလဲ မချို မပြောဘဲဘာလို့ဝင်ရှင်းတာလည်း"
"ဟို မချိုကိုလေ ဆရာမလေးကရှင်းခိုင်းလို့ပါ"
ဘေးကနေ အမရာက
"ဟုတ် ဟုတ်ပါတယ် အန်တီ အန်တီ့အခန်းကအရမ်းရှုပ်ပွပီးညစ်ပတ်နေလို့ အမရာရှင်းခိုင်းလိုက်တာပါ"
"တောက် မင်းတော်တော်လေးကိုလျှာရှည်ပါလားကွာ"
စိတ်ရှုပ်တဲ့အမူအရာနဲ့နွေးအခန်းထဲဝင်သွားသည်။
တော်တော်ပြင်းပြင်းထန်ထန်ဆူမယ်ထင်ထားသော်လည်း နည်းနည်းပဲပြောပြီး ဝင်သွားတာကြောင့် အမရာနဲ့ဒေါ်ချို တယောက်မျကိနှာတယောက်ကြည့်ပြီး ရီနေကြသည်။
နောက်ရက်တွေမှာတော့ အမရာ့ကို သူမောင်းမထုတ်ဖြစ်တော့ပေ။ ပြဿနာတခုတော့ရှိသည်။ အရက်သောက်ချင်သည့်သူ့ကို အမရာကမသောက်ခိုင်းတဲ့ပြဿနာဖြစ်သည်။
"အန်တီရယ် ၃ရက်ပဲစောင့်ပါ ၃ရက်ပြည့်ရင်အမရာကိုယ်တိုင်အမြည်းသေချာစီစဉ်ပြီးတိုက်ပါမယိနော်"
"ဟ မင်း ငါ့ကိုအဲ့လိုချုပ်ချယ်ရအောင် မင်းကဘာလဲ"
"အမရာကဆရာဝန်တယောက်အနေနဲ့ အန်တီ့ကိုပြောနေတာ အန်တီသိရဲ့လား"
"လူနာလည်းသူနားထောင်ချင်မှနားထောင်မှာပေါ့ကွ"
"အဲ့လောက်သောက်ချင်နေရအောင် အန်တီကအရက်သမားလား ဒီလောက်လေးတောင်မစောင့်နိုင်ဘူးလား"
"ဘာ မင်းဘာစကားပြောတာလဲအမရာ ငါသောက်တယ်ဆိုတာငါ့ကိစ္စနဲ့ငါပါ မင်းနဲ့မဆိုင်ဘူး ငါ့ကိုမစော်ကားနဲ့"
ဒီလိုနဲ့ရန်ဖြစ်လိုက် အမရာကငိုလိုက်နဲ့ သူတို့၃ရက်ပြည့်သွားခဲ့ပြီ။
"ကဲ စမ်းကြည့်ရသလောက်လည်းအဆင်ပြေပြီ ဆေးပတ်လည်းပြည့်ပီဆိုတော့ နည်းနည်းဆီစသောက်လို့ရပါတယ်ရှင်"
"အိုကေ မချိုပြင်ပေးပါ"
"ဟိုးအန်တီ အခုမရဘူး ညမှသောက်ရမယ် ဘာလို့လဲဆိုတော့ညကျရင်အန်တီ့အတွကိအမြည်းကိုယ်တိုင်ချက်ထားလို့ပါ"
"ကဲပါ ကလေးမရယ် ဟုတ်ပါပီ ညကျရင်တွေ့တာပေါ့"
———————
ညဘက်ဖြစ်တာကြောင့် ရာသီဥတုကပိုပြီးအေးနေလေသည်။
မချိုအပါအဝင်အိမ်ရှိဝန်ထမ်းများအားလုံးနဲ့ နေကောင်းတဲ့အထိမ်းအမှတ်အနေနဲ့ စားသောက်ပွဲလေးအမရာကစီစဉ်ထားခြင်းဖြစ်သည်။
ခြံဝန်းထဲတွင်အားလုံးကပျော်ပျော်ပါးပါးစားသောက်နေစဉ် အိမ်အပေါ်ထပ်ဝရံတာမှာ နွေးအတွက်သီးသန့်ပြင်ပေးထားလေသည်။
သူတို့ကိုကြည့်နေတဲ့နွေးကိုကြည့်ရင်း အမရာက အပေါ်ထပ်ကိုတက်၍သွားခေါ်လေသည်။
"အန်တီ အောက်ကိုခဏဖြစ်ဖြစ်လာခဲ့ပါလား အန်တီပါတော့အားလုံးကပိုပျော်တာပေါ့"
"အာ နေပါစေ အေးဆေးပျောါကြပါ"
"လာပါအန်တီရဲ့ တခါတလေပဲ"
နွေးရောက်လာတဲ့အခါမှာ အားလုံးကဝမ်းပန်းတသာနေရာပေးကြိုဆိုကြပြီး စကားများဝိုင်းပြောကြလေသည်။
"မမလေးက ငယ်ကတည်းကချောတာဗျာ ကြီးတော့ပိုကျက်သရေရှိ"
"ဟုတ်ပါ့ ငယ်ငယ်ကဆို ဆေးကျောင်းတက်လို့ပိတ်တုန်းဒီမှာလာအနားယူနေကြ"
အားလုံးရဲ့တရင်းတနှိးဆက်ဆံမှုတွေကြောင့် နွေးပါပျော်လာသည်။ သူတို့တွေစားသောက်ပီးတဲ့အခါ မနက်အလုပ်ရှိသေးတာကြောင့် အသီးသီးသိမ်းဆည်းပြီး အနားယူကြလေသည်။
နွေနဲ့အမရာ၂ယောက်သာ ခြံဝိုင်းထဲတွင်ကျန်ခဲ့လေသည်။ အမရာကအရက်မသောက်ဘဲ အဖော်လုပ်ပေးနေလေသည်။
"အမရာ မသောက်တတ်ဘူးလား"
"အင်း ဟုတ်တယ် အမရာက မသောက်နိုင်တာ သောက်ရင်အရမ်းသတိလက်လွတ်ဖြစ်တတ်လို့ တမင်ထိန်းတာ အန်တီ"
"ဟင် ဘယ်လိုကြီးလဲ"
"အမရာ ၁၀တန်းအောင်စာရင်းထွက်တုန်းကသူငယ်ချငိးတွေနဲ့တခါသောက်ဖူးတယ် အဲ့တုန်းကဆိုအမရာ ဝိုင်လေးပဲသောက်တာ သောက်ပြီး ရေကူးကန်ထဲခုန်ဆင်းလို့"
"ဟားဟား အမရာကဒီလိုကျတော့လည်းဆိုးတာပဲ"
ရယ်မောနေတဲ့အန်တီ့ကိုကြည့်ရင်း အမရာမေးခွန်းမေးရန်ပြင်လိုက်သည်။
"အန်တီ ဒီနောက်ပိုင်း အမရာကို အမရာလို့ချိုချိုသာသာခေါ်တယိနော် အရင်ကလို မင်းနဲ့ငါနဲ့မပြောတော့ဘူး"
"ဟင် ဟုတ်လား တို့တောင်ကိုယ့်ဘာသာသတိမထားမိဘူး"
"အင်း အန်တီကသာ သတိမထားမိတာ အမရာကတော့အန်တီနဲ့ပတ်သက်လာရင် အရာအားလုံးကိုသတိထားမိတယ်"
"ဟာ ကောင်းလှချည်လား"
"မနောက်ပါနဲ့အန်တီရယ် အမရာအတည်ပြောနေတာ အန်တီဒီကိုရောက်ခါစတုန်းကလေအမြဲစိတ်ဆိုးဒေါသထွက်နေတော့အမရာကကြောက်နေတာ"
"အော် အဲ့ရက်တွေတုန်းက တို့မှာစိတ်ဒေါသဖြစ်စရာလေးတွေရှိနေလို့ပါ"
"ဘာဖြစ်တာလဲအန်တီ အမရာ့ကိုပြောပြလို့ရမလား တခုခုဆို အန်တီအမရာ့ကိုရင်ဖွင့်လို့ရပါတယ်"
"ထားလိုက်ပါတော့ကွာ တို့ဒီကိစ္စတွေဘယ်သူကိုမှမပြောချင်ဘူး"
"အာ မပြောဘဲထားရင် အန်တီစိတ်ထဲမှာပိုမွန်းကြပ်နေရမှာပေါ့ ပြောပြပါအန်တီရဲ့ အမရာ့ကိုပြောလိုက်ရင် အန်တီစိတ်ပေါ့သွားမှာ"
"ဟူး တို့ရဲ့ချစ်သူနဲ့ပြဿနာတက်လာလို့"
"ရှင်"အာမေဋိတ်သံတို့နဲ့ အလန့်တကြားဖြစ်သလို ရင်ထဲဟာတာတာဖြစ်သွားသူကတော့ အမရာပင်ဖြစ်သည်။ သို့သော် ဟန်ဆောင်ထိန်းထားပြီးဆကိမေးလိုက်သည်။
"အမရာက အန်တီ့ကိုအပျိုကြီးပဲထင်နေတာ အန်တီကစွံတာပဲ"
"အင်း ဆိုကြပါတော့ အပျိုကြီးတော့လည်းမဟုတ်ပါဖူး ရည်းစားတွေတော့လည်းထားပါတယ်"
"အန်တီ့ချစ်သူနဲ့ အန်တီကဘာဖြစ်ကြလို့လဲဟင်အန်တီ။ အမရာသာ အန်တီ့ချစ်သူနေရာမှာဆိုရင် အန်တီ့ကိုတုန်တတ်နေအောင်ချစ်မှာ"
"ကိစ္စတွေကရှုပ်ထွေးတယ် အမရာရဲ့ အမရာထင်သလောက်မရိုးရှငိးဘူး"
"ယောကျာ်းတွေကမကောင်းဘူး အန်တီရဲ့ ယောကျာ်းတွေကစိတ်ဒုက္ခတွေပဲပေးတာ"
"အန်တီ့ချစ်သူကလည်းမိန်းကလေးပဲလေ အမရာရဲ့"
အမရာထိုစကားကိုကြားလိုက်ရတော့ အံ့လည်းဩသလိုဝမ်းလည်းနည်းသွားသည်။ သူနှစိပေါင်းများစွာချစ်ခဲ့ရတဲ့သူမှာ ချစ်ရတဲ့မိန်းကလေးတဦးရှိနေပြီးသားဆိုတဲ့အတွေးက ပိုခြောက်ခြားစေသည်။
အမရာစိတ်ပျက်လက်ပျက်နဲ့ အရက်ခွက်ကိုကောက်ကိုင်ကာ သောက်ပစ်လိုက်သည်။
"ဟေ့ ကလေးမလေး မသောက်နိုင်ဘူးဆို ရရဲ့လား"
"ရပါတယ် အမရာကလူကြီးဖြစ်နေပြီပဲကို ထိန်းနိုင်ပါတယ်"
"အေးပါကွာ အန်တီလည်းအဖော်ရတာပေါ့"
"အန်တီအဖော်ရအောင်အများကြီးသောက်ပေးမယ်နော်"
သူတို့၂ယောက်စကားတပြောပြောနဲ့သောက်လာရင်း တဖြေးဖြေးများလာသည်။
"အန်တီနဲ့အန်တီကောင်မလေးကဘာဖြစ်ကြတာလဲဟင်"
"ပြောရခက်ပါတယ်အမရာရယ် သူကငယ်သေးတာကို"
"အမရာကတော့အန်တီ့ကိုအရမ်းချစ်တာပဲသိလား"
"ချစ်ပေးတာကျေးဇူးပါ"
"အမရာလေ အန်တီ့ရဲ့မျက်လုံးတွေကိုလည်းချစ်တယ် အန်တီ့ရဲ့အပြုံးတွေကိုလည်းချစိတယ် အထူးသဖြင့် ဒီနှုတ်ခမ်းလေးတွေကိုချစ်တယ်"
ပြောပြောဆိုဆိုနဲ့အမရာ နွေးနှုတ်ခမ်းကိုအနားကပ်ကာဆွဲပီးနမ်းလိုက်သည်။
YOU ARE READING
Love Aunty (ချစ်သောအန်တီ)
General Fiction"၁၈နှစ်အောက်များဖတ်ရှုရန်မသင့်တော်ပါ" "အန်တီ့ရဲ့အပြုံးလှလှလေးတွေရဲ့နွေးထွေးမှုမှာ ထာဝရမဟုတ်တောင် ဒီတညတော့အိပ်ခွင့်ပေးလှည့်ပါ" ဆိုတဲ့ ရတု ဆိုတဲ့ကောင်မလေးဟာ သူ့အမေနဲ့ရွယ်တူဖြစ်တဲ့ နွေး ဆိုတဲ့ အန်တီ့ကိုချစ်မိသွားတယ်။ သူ့မိဘတွေကတော့ အပြင်းအထန်ငြင်းဆန်ခ...