"ကျစ် အသက်ပြည့်လို့ ဆေးလိပ်သောက်တာပဲကို ဘာလို့ အဲ့ဒီကောင်ကို ရှောင်နေရတာလဲ အရေးကိုမပါဘူး..."
Ricky စကားကို Yunseo နဲ့ Seongeon တို့က ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံကြသည်၊
"ကျောင်းထဲမှာ ပေးမသောက်တာ ဘာညာဆိုလည်း စာဖြစ်ဖြစ် လိုက်ကပ်ထားပေါ့ အခုက..."
"ဟျောင့် ပါးစပ်ပိတ်ထားစမ်း နေရာတိုင်း ကပ်ထားတယ် မင်းဘာသာ မတွေ့ဘဲ"
သူငယ်ချင်းဘက်က နေမပေးဘဲ အမှန်တရား ဘက်တော်သားလုပ်နေကြတဲ့ နှစ်ကောင်အား စီးကရက်ဖွာနေရင်းပင် မျက်စောင်းထိုးလိုက်သည်။
"ကျောင်းထဲ ဆေးလိပ်ပေးမသောက်တာ ထားပါတော့၊ အဆောင်ထဲ ည၁၀နာရီဆို ပြန်ရောက်ရမှာကြီးက မမိုက်ပါဘူး"
Ricky ပြောရင်းပင် စိတ်ရှုပ်လာတာကြောင့် သူ့ဆံပင် အဖြူရောင်တွေကို ဆွဲဖွလိုက်သည်။
"မနေနိုင်ရင် ကျောင်းအဆောင်မှာ မနေနဲ့ပေါ့ကွာ၊"
"ငါကရော နေချင်တယ်ထင်နေလား၊ Kim Gyuvin ကြောင့်လေ၊ အပြင်အဆောင်မှာ နေဆိုလည်း မနေဘူး"
သူပြောတော့ သူ့ သူငယ်ချင်း နှစ်ယောက်က နှာခေါင်းရှုံ့သည်။
"အာ ဒါနဲ့ ဒီတလော မင်းတို့ လောင်းကစားပွဲတွေ မတွေ့ရသလိုပဲ...."
Yunseo စကားကို သူထောက်ခံသည့် အနေဖြင့် ပြုံးပြလိုက်သည်။
"အင်း စာမေးပွဲရှိနေလို့၊ အခုစာမေးပွဲလည်း ပြီးပြီဆိုတော့ ကစားပွဲ အသစ်လေး ဘာလေး ဖန်တီးရမှာပေါ့"
"တမင် ရှုံးအောင်လုပ်တဲ့ ကစားပွဲတွေတော့ ကြည့်ရမပျော်ဘူးနော် Ricky"
Seongeon စကားကြောင့် Ricky နဲ့ Yunseo မှာ အသံကျယ်ကျယ်ပင် အော်ရယ်မိကြသည်။
"ငါက တမင်ရှုံးအောင် လုပ်တာလား Gyuvin က အရှုံးပေးတာလားဆိုတာ ဘယ်သူက သိမှာလဲ?"
Ricky ၏ ပေါ့ပျက်ပျက်စကားကို နှစ်ယောက်သား မကြားချင်ယောင်သာ ဆောင်လိုက်ကြသည်၊ မဟုတ်လျှင် Gyuvin ဟာ သူ့လက်ခုပ်ထဲကရေ ဖြစ်သည်ဆိုတဲ့ အကြောင်းကို ရေပက်မဝင်အောင် ပြောလာတော့မည်ပင်။
YOU ARE READING
~GAMBLE~
Fanfictionတစ်ခုတော့ရှိတယ်၊ ချစ်မိသွားလို့တော့ မရဘူး Gyuvin, မင်းက ငါ့တစ်ယောက်တည်းရဲ့ အပိုင်မို့လို့