"ယူဂျင်း"
"ဟုတ်ကဲ့"
"ဒီစာရွက်တွေအကုန် မိတ္တူကူးပေးနော်"
"ဟုတ် အစ်ကို"
ပထမနှစ်ထဲက လူရွေးထားတဲ့ ၅ယောက်မှာ ယူဂျင်းတစ်ယောက်ကပဲ အလုပ်တွေလုပ်လို့အဆင်ပြေတာမို့ ကျန်တဲ့သူတွေကို စာရွက်စာတမ်းကိစ္စတွေမဟုတ်ဘဲ တခြားဟာတွေပဲ လုပ်ခိုင်းလို့ရသည်။
ဒါကြောင့်လည်း တစ်နေ့တစ်နေ့ အခန်းထဲ ယူဂျင်းဆိုသည့် နာမည်မှာ အထပ်ထပ်အခါခါ ကြားရသည်အထိပင်...
"အာ ဂွန်းဝုဂ့်!"
"ဟုတ်"
"ခရစ်စမတ်ကတည်းက နေမကောင်းဖြစ်တာ သက်သာပြီလား?"
"ဟုတ် အနည်းနဲ့အများတော့"
"အဲ့ဒါကြောင့် ဂယူဘင်းကို အလိုမလိုက်ပါနဲ့ဆို"
"အာ သူတစ်ယောက်တည်း မနိုင်မနင်းနဲ့ သယ်ရမှာမို့ပါဆို, ပြီးတော့ မကြည့်ရက်ပါဘူးဗျာ"
"ဟင်း~~"
အစ်ကိုဟန်ဘင်းရဲ့ သက်ပြင်းချသံကျယ်ကျယ်ကို မကြားချင်ယောင်ဆောင်ကာ maskတပ်ပြီး အလုပ်သာဆက်လုပ်နေတော့သည်။
.
.
."စီနီယာ"
ခေါင်းမူးသလို ခံစားရတာမို့ မှောက်အိပ်နေတုန်း, အသံလုံးသေးသေးနဲ့ ခပ်တိုးတိုးအသံကို ကြားရတာမို့ ဂွန်းဝုဂ့် ခေါင်းထောင်ကြည့်လိုက်သည်။
"စီနီယာအတွက်ပါ, ဆေး"
ကမ်းပေးတဲ့လက်တွေက တုန်ရီနေပြီး, နားရွက်ဖျားတွေကပါ နီရဲနေတာမို့ ဂွန်းဝုဂ့်မှာ အားနာနာနှင့်ပင် လက်ထဲက ဆေးကိုလက်ခံလိုက်ရသည်။
"ကျွန်, ကျွန်တော် အားလုံးအတွက် နေ့လယ်စာ ဝယ်ခဲ့ပေးပါ့မယ်, သွား- သွားလိုက်ပါဦးမယ်"
စကားတွေထစ်ပြီး တစ်ကိုယ်လုံးနီရဲလျက် အခန်းပြင်ပြေးထွက်သွားတဲ့ ယူဂျင်းကိုကြည့်ရင်း ဂွန်းဝုဂ့် ခေါင်းရမ်းလိုက်မိသည်။
"ဂွန်းဝုဂီ, ငါတို့ အငယ်လေး"
အစ်ကိုဟန်ဘင်းရဲ့ ခေါ်သံကြောင့် ဂွန်းဝုဂ့် ခေါင်းမော့ကာ ကြည့်လိုက်သည်။
YOU ARE READING
~GAMBLE~
Fanfictionတစ်ခုတော့ရှိတယ်၊ ချစ်မိသွားလို့တော့ မရဘူး Gyuvin, မင်းက ငါ့တစ်ယောက်တည်းရဲ့ အပိုင်မို့လို့