"ဂယူဘင်း, ဂယူဘင်း"
အခန်းရှေ့ကအော်ခေါ်တာ အခေါက်၂၀လောက်ရှိတော့မည် ဖြစ်သော်လည်း တစ်ခွန်းမှ ပြန်မထူးလာတာကြောင့် စိတ်ပူလာရသည်။
"နေမကောင်းများ ဖြစ်နေလား, မနေ့ကလည်း မျက်နှာ မကောင်းဘူး"
"ဂယူ! ဂယူ"
"ဘာလဲကွာ ဘာလဲ ရေချိုးနေတာတောင် ကောင်းကောင်းမချိုးရဘူး"
အပေါ်ဗလာနှင့် သူ့ရှေ့မှာ မှုန်ကုပ်ကုပ်လာရပ်တဲ့ ဂယူဘင်းက မျက်မှန်မပါတာကြောင့်လား၊ ရေချိုးပြီးကာစမို့လား မပြောတတ် အရမ်းကို ကြည့်လို့ကောင်းနေသည်။
ဆံပင်၌ ဖွဲ့သီနေတဲ့ ရေသီးလေးတွေနှင့် သံပုရာနံ့ သင်းသင်းကြောင့် ဂယူဘင်း ခေါင်းလျှော်ထားမှန်း သိရသည်။
"အဟမ်း ငါက မင်း တစ်ခုခုဖြစ်နေတယ် ထင်လို့လေ၊ ခေါ်တာမှ မကြားတာ"
"ငါထူးတယ် ရေချိုးနေတယ်လည်း ပြောတယ်၊ မင်းဘာသာ မကြားတာ"
"စောစောစီးစီး ရေချိုးနေတာ သွားစရာရှိလို့လား?"
ပုံမှန်ဆို ကျောင်းပိတ်ရက်တွေကို အိပ်ရာထဲမှာသာနေပြီး ဟိုလှိမ့်ဒီလှိမ့်ဖြင့် ၁၀နာရီလောက်မှ ထတတ်သည့်သူက မနက်၈နာရီကတည်းကပင် ရေမိုးချိုး ခေါင်းလျှော်ထားတာကြောင့် မေးလိုက်မိခြင်း...
"အင်း စာအုပ်သွားဝယ်မလို့"
အမေးစကားအား ပြန်ဖြေပြီးသည်နှင့် အခန်းထဲပြန်ဝင်ကာ ဆံပင်တွေကို တဘက်ဖြင့် သုတ်နေသည်၊
"မနက်စာရော"
"မစားတော့ဘူး နို့ဘူးပဲ သောက်သွားတော့မယ်"
"မင်းသဘောပဲ"
ကြိုးကြိုးစားစား ပြင်ထားတဲ့ ကော်ဖီနဲ့ ကြက်ဥပေါင်မုန့်ကြော်ကတော့ အမှိုက်ပုံးထဲပဲ ရောက်တော့မှာပေါ့....
"အာ ရစ်ခီ ငါ့ကို မျက်ကပ်မှန်လေး ကူတပ်ပေးပါလား"
"မျက်ကပ်မှန်!"
"အင်း ဟိုနေ့က ပါဝါကိုက်တာ တစ်ခု လုပ်ထားတာ မတပ်ကြည့်ရသေးလို့ တပ်ပေးပါလား ငါ့ကို"
မျက်လုံးဝိုင်းဝိုင်းကြီးတွေဖြင့် ကြည့်ကာ တောင်းဆိုလာတော့ ရစ်ခီက ငြင်းရက်မတဲ့လား၊ အနားသွားကာ မျက်ကပ်မှန်ကို မနာစေရန် သေချာထည့်ပေးပြီး မျက်ဝန်းတွေကို အနီးကပ်ရှုစားတော့ ရစ်ခီ့ ရင်ခုန်သံတွေဟာ လှုပ်ခါသည်။
YOU ARE READING
~GAMBLE~
Fanfictionတစ်ခုတော့ရှိတယ်၊ ချစ်မိသွားလို့တော့ မရဘူး Gyuvin, မင်းက ငါ့တစ်ယောက်တည်းရဲ့ အပိုင်မို့လို့