အစကတော့ ရက်နည်းနည်းနေမှ တင်ပေးမလို့ပါ၊ ဒါပေမဲ့ ပြောစရာရှိတာနဲ့ ဒါလေး တင်လိုက်တာပါ၊ ရှင်းကလေ ဒီplot စရေးကတည်းက အဆူခံရမှာ သိပြီးသားပါ၊ ဒါပေမဲ့လေ ချကတော့ မတိုက်ကြပါနဲ့နော်၊ fiction ဆိုတာက ဝါသနာပါလို့ ရေးတာမို့၊ ဒီအတိုင်း fiction လိုပဲ ဖတ်ပေးကြဖို့ တောင်းဆိုပါတယ်🙏
ပြီးတော့ စာလုံးပေါင်းတွေ တစ်ခါတစ်လေ typoကြောင့် မှားတတ်တာကို ခွင့်လွှတ်ပေးပါ၊
Feedback လေးလည်း ပေးကြပါဦးနော်၊ ရှင်း ရေးဖို့ အား မရှိတော့လို့ပါ၊ ဒါကိုဖျက်ဖို့တောင် တွေးမိနေတာလေ... နှမြောတာကြောင့် ဆက်ရေးတာပါ၊
စကားများမိသွားပြီ၊ အပိုင်းလေး စဖတ်လို့ရပါပြီ✨
________________________
"ဒီနေ့ကျောင်းသွားတော့မလို့လား"
"အင်း၊ ထနိုင်နေပြီပဲဟာ..."
"ဒါပေမဲ့ ချောင်းက..."
"ရတယ် ကျွန်တော် mask တပ်သွားလိုက်မယ်"
အခန်းမှာ အတူနေတဲ့ စီနီယာက သူ့ကို စိတ်ပူလို့ ပြောတာသိပေမဲ့၊ သူတကယ် မသွားလို့ မဖြစ်တော့၊ ကျောင်းကောင်စီ အဖွဲ့ဝင် ဖြစ်တဲ့သူက ကျောင်းပျက်နေတယ် ဆိုတာ မဖြစ်သင့်ဘူးလေ...
"ဒါပေမဲ့ အရှင်းမှမပျောက်သေးတာ, ဂွန်းဝုဂ့်"
"ရတယ် ကျွန်တော်သွားပြီနော် စီနီယာ"
"ပြောမရလည်း သွား"
စီနီယာအစ်ကိုကတော့ သူ့ကို လက်လျှော့လိုက်ကာ စောင်ထဲ ပြန်ဝင်ကွေးနေပြီ ဖြစ်သည်။
ဂယူဘင်းကို ထီးပေးပြီး သူကတော့ မိုးရေထဲမှာ mart သွားလိုက်၊ ကျောင်းပြန်လာပြီး ပစ္စည်းတွေ လာပြန်ထားလိုက်နဲ့ ရေစိုစိုနဲ့ ကြာကြာနေလိုက်မိတော့ နောက်နေ့ကျ ဖျားသွားတာဖြစ်သည်။
ပုံမှန်ဆို မိုးရေစိုရုံလောက်နဲ့ မဖျားမနာတတ်ပေမဲ့၊ ထိုနေ့က မိုးရေထဲ ပြေးလွှားနေသည်မှာ ၃နာရီလောက်ပင် ကြာသွားသည်မို့ ကျောင်းပါပျက်ရသည်၊ အစ်ကို ဟန်ဘင်းနဲ့ ထယ်ရယ်ကတော့ ဖုန်းဆက်ပြီး ဆူကြပေမဲ့ နားနေဖို့နှင့် သေချာကောင်းမှ ကျောင်းလာရန် ပြောသည်။
YOU ARE READING
~GAMBLE~
Fanfictionတစ်ခုတော့ရှိတယ်၊ ချစ်မိသွားလို့တော့ မရဘူး Gyuvin, မင်းက ငါ့တစ်ယောက်တည်းရဲ့ အပိုင်မို့လို့