"ဟျောင့် ရစ်ခီ မင်းသောက်နေတာ နေ့လယ်ကတည်းကနော် တော်လိုက်တော့"
"နေ့လယ်ကတည်းက သောက်နေပေမဲ့ မူးမှမမူးသေးတာ၊ မူးအောင်သောက်ချင်တာ"
မမူးသေးဘူးဆိုပေမဲ့ အရမ်းမမူးသေးတာ ဖြစ်သည်၊ ပုံမှန် ရစ်ခီထက် လေးလံနေတဲ့ စကားပြောပုံတွေအရ ဒီကောင် မဆိုသလောက်လေးတော့ မူးနေပြီ...
"မူးချင်ရင် ဆိုဂျူသောက်လေ၊ ကိုယ့်ခံနိုင်ရည်အား ကိုယ်သိရက်နဲ့ ပျော့တာတွေ သောက်နေပြီးတော့"
"ဆိုဂျူ မကြိုက်လို့ကွာ!"
ယွန်းဆော နေ့လယ်ကတည်းက ရစ်ခီနဲ့ ထိုင်ပေးနေတာ အခုဆိုရင် ညနေတောင်စောင်းနေပြီ၊ သကောင့်သားက အခုထိ သောက်လို့ မပြီးသေး...
"ယွန်းဆော မပြီးသေးဘူးလား အဲ့ဒီကောင်ဇာတ်လမ်း"
ဒီအတိုင်းဆို သူရော ရစ်ခီရော မှောက်သွားနိုင်တာမို့ ဆွန်းအွန်းကို ခေါ်ထားလိုက်တာ ဖြစ်သည်၊ ဒါမှ သူလည်း စိတ်ချလက်ချ သောက်လို့ရမှာ၊ မဟုတ်ရင် ရစ်ခီနဲ့ မဖြစ်တော့...
"မပြီးသေးဘူး ဒီဆိုင်ကလည်း တခြားဆိုင်သာဆို ငါတို့ အပြင်ကို ကန်ထုတ်ခံနေရလောက်ပြီ..."
"တမင် အမူးသောက်ချင်လို့ မားမားပိုင်တဲ့ဆိုင်လာခဲ့တာလေ"
"အေး သောက်သောက် သေအောင်သောက်"
မူးသလိုလို မမူးသလိုလို ဖြစ်နေပြီဖြစ်တဲ့ ရစ်ခီအား ဆွန်းအွန်းက မဲ့ကာရွဲ့ကာပြောသည်။
"ဆွန်းအွန်း ယွန်းဆော မင်းတို့ပဲပြောတယ်လေ၊ ဂယူဘင်း အပေါ်ကောင်းပေးရင် သူက ငါ့ကို ပိုချစ်လာမှာဆို..."
ယွန်းဆော ထိုအမူးသမားကို ကြည့်ကာ လက်ထဲက ခွက်ကို မော့လိုက်သည်။
"ငါကကောင်းပေးချင်ပေမဲ့ သူက ငါ့ကို မုန်းချင်ပြီတဲ့၊ စိတ်ကုန်ချင်ပြီတဲ့"
"ရစ်ခီ ငါမင်းတို့ကြားထဲ ဝင်မပါခဲ့ဖူးဘူးနော်၊ ဒါပေမဲ့ ငါ မင်းကို ပြောချင်တာကလေ ဂယူဘင်းအပေါ် မင်းအရမ်း အနိုင်မကျင့်လို့ မရဘူးလား"
ယွန်းဆောစကားကို ရစ်ခီက ဘာမှ တုံ့ပြန်မလာ၊ အရှေ့က မက်ဂျူဘူးကိုသာ ကိုင်ပြီး တစ်ငုံပြီး တစ်ငုံ သောက်နေသည်။
YOU ARE READING
~GAMBLE~
Fanfictionတစ်ခုတော့ရှိတယ်၊ ချစ်မိသွားလို့တော့ မရဘူး Gyuvin, မင်းက ငါ့တစ်ယောက်တည်းရဲ့ အပိုင်မို့လို့