-မနက်ဖြန် တွေ့လို့ရမလား?
စားပွဲပေါ် ချထားသည့် ဂယူဘင်း လက်ကိုင်ဖုန်းမှ ဂွန်းဝုဂ့်ဆိုသည့် နာမည်နှင့် ရောက်လာတဲ့စာကို Noti Bar ကတစ်ဆင့် တွေ့လိုက်ရတာမို့ ရစ်ခီ့မျက်နှာဟာ မဲမှောင်သွားရသည်။
"ဂယူဘင်း! ဖုန်းထဲ စာဝင်နေတယ်!"
ဂယူဘင်းက မီးဖိုထဲကနေ ပြေးထွက်လာကာ ဖုန်းကို ကောက်ကိုင်ပြီး ဆိုဖာပေါ်ထိုင်နေတဲ့ ရစ်ခီကို လှမ်းကြည့်လာသည်။
နောက်တော့ ဖုန်းနံပါတ်တစ်ခုကို နှိပ်ကာ ဖုန်းကို နားနှင့်ကပ်ပြီး ရစ်ခီ့အနားက ထွက်သွားတာကြောင့် ရစ်ခီမှာ ထိုင်မရ၊ထမရ နှင့် ဂယူဘင်းပြန်အလာကို ချောင်းချောင်းကြည့်မိသည်။
"ဘာဖြစ်နေတာလဲ?!"
အနားရောက်ရောက်ချင်း ဖုန်းကို ဆိုဖာပေါ်ပစ်ချကာ သူ့ကို ဂျစ်ကန်ကန် ပြောလာသည့်စကားကြောင့် ရစ်ခီ့ မျက်ခုံးတွေဟာ ထိကပ်မတတ်...
"ငါ့ရည်းစားလေးက တခြားသူနဲ့ ဖုန်းပြောနေလို့လေ!"
"ဟ တခြားသူလည်း မဟုတ်ဘူး၊ ဂွန်းဝုဂ့်ပဲကို"
"သူမို့လို့လေ!"
"ဥစ္စာခြောက်မနေစမ်းနဲ့!"
"ဂယူဘင်း"
"...."
"မနက်ဖြန် သူနဲ့သွားတွေ့မှာလား?"
"အင်း"
ဂယူဘင်းအဖြေကြောင့် ရစ်ခီ မျက်နှာဟာ ညှိုးကျသွားပြန်သည်။
"ဘယ်အချိန်သွားမှာလဲ?"
"ညနေဘက်"
"ညနေဘက်?! ညမိုးချုပ်တဲ့အထိ သူနဲ့မနေရပါဘူး"
"စလာပြီ စလာပြီ၊ ရှန်ချွမ်ရွေ့တို့ကလေ၊ ရည်းစားဖြစ်တာမှ နှစ်ရက်နဲ့တစ်ပိုင်း!"
"အင်း အင်း မပြောတော့ဘူး၊ ဘယ်ချိန်ပြန်လာမှာလဲ?"
"မင်းလာကြိုလိုက်လေ၊ ငါဖုန်းဆက်လိုက်မယ်"
ခဏက မှိန်နေတဲ့ မျက်နှာဟာ အခုမှ လင်းလက်လာသည်။
"တကယ်နော်"
"အင်း, ဘာမှန်းကို မသိဘူး၊ ငါက ကလေးလည်း မဟုတ်တော့တာကို"
ပါးစပ်က ပွစိပွစိပြောရင်း သူ့ရင်ခွင်ထဲ ခေါင်းတိုးဝင်လာတဲ့ ဂယူဘင်းအား ရစ်ခီ သိမ်းကြုံးကာ ဖက်ပစ်လိုက်ပြီး ပါးနီနီလေးတွေကို အသံထွက်သည်အထိ ရွှတ်ခနဲ ရွှတ်ခနဲ နမ်းပစ်တော့သည်။
YOU ARE READING
~GAMBLE~
Fanfictionတစ်ခုတော့ရှိတယ်၊ ချစ်မိသွားလို့တော့ မရဘူး Gyuvin, မင်းက ငါ့တစ်ယောက်တည်းရဲ့ အပိုင်မို့လို့