"ဂွန်းဝုဂ့် ထွက်မတွေ့တော့ဘူးလား?"
"ဟင့်အင်း"
"ဘာတွေဖြစ်ထားမှန်း အစ်ကိုတို့မသိပေမဲ့ ဟိုကလေးလည်း လာလာစောင့်နေတာ တစ်ပတ်ရှိနေပြီကို၊ သူ့ကို တစ်ခုခု ထွက်ပြောတာက ပိုမကောင်းဘူးလား?"
"ဟင့်အင်း ကျွန်တော် စကားအကုန် ပြောထားပြီးသား၊ သူဒီရှေ့က ထွက်သွားမှပဲ ကျွန်တော်ပြန်လိုက်မယ်၊ အစ်ကိုတို့ ပြန်ရင် ပြန်တော့လေ"
ပြောမရတဲ့အဆုံး ဟန်ဘင်းတို့မှာ သက်ပြင်းလေးချပြီး အခန်းထဲက ထွက်သွားလိုက်တော့သည်၊ အခန်းဝ၌ ဆောင့်ကြောင့်ကလေးထိုင်ကာ တစ်ကိုယ်လုံး ကျုံ့ဝင်သွားမတတ် ကိုယ်ကို ကွေးထားပြီး ဒူးနှစ်ခုကြားထဲ ခေါင်းကို ထည့်ထားသည့် ဂယူဘင်းက ခြေသံကြားသည်နှင့် မော့ကြည့်လာသည်။
"ဂွန်းဝုဂ့် ပြန်သွားပြီလား အစ်ကိုတို့!"
ထယ်ရယ်နဲ့ ဟန်ဘင်းမှာ ဘာကိစ္စမှန်းလည်း မသိတာကြောင့် ဘာမှလည်း ဖြေရှင်းပေးဖို့ မတတ်နိုင်ပေ၊
"တစ်ချက်ကလေး အိပ်ပျော်သွားတာကို၊ ပြန်သွားပြီ ထင်တယ်၊ ကျွန်တော် ပြန်တော့မယ်နော်"
သူ့အတွေးနဲ့သူ သူ့ဘာသာမေးပြီး ပြန်ဖြေသွားတဲ့ ကောင်လေးက ဟန်ဘင်းနဲ့ထယ်ရယ်ကို ခေါင်းလေးညွှတ်ကာ အားမရှိတဲ့ ခြေလှမ်းတွေဖြင့် ထွက်သွားတော့သည်။
"ဂွန်းဝုဂီ ဂွန်းဝုဂီ ပြန်ဖို့လုပ်တော့၊ ဂယူဘင်း သွားပြီ!"
သူတို့လှမ်းအော်တော့ ဂွန်းဝုဂ့်က အခန်းထဲက အပြေးလေးထွက်လာကာ ကျောခိုင်းသွားသည့် ဂယူဘင်းကို မျက်စိတစ်ဆုံး လိုက်ကြည့်သည်။ ပြီးကာမှ ကျောပိုးအိတ်ကို ပုခုံးတစ်ဖက်၌ တင်လွယ်လိုက်ပြီး ထွက်လာတော့သည်။
"ကျစ် နေနိုင်တာလည်း မဟုတ်ဘဲ-"
ထယ်ရယ့်စကားကို ဟန်ဘင်းမှာ ပါးစပ်အား လက်နှင့် ပိတ်ကာ တားတော့ ထယ်ရယ်မှာ ဝူးဝူးဝါးဝါးသာ အော်လာသည်။
ဘေးကနေ အတူလျှောက်လာတဲ့ ဂွန်းဝုဂ့်မှာတော့ သူတို့ ဘာပြောပြော ဘာလုပ်လုပ် စိတ်မဝင်စားသလို၊ ဝိဉာဉ်မဲ့နေသည့်အတိုင်း လမ်းလျှောက်နေတဲ့ ဂွန်းဝုဂ့်အား ကြည့်ရင်း ဟန်ဘင်း သက်ပြင်းချလိုက်မိသည်။
YOU ARE READING
~GAMBLE~
Fanfictionတစ်ခုတော့ရှိတယ်၊ ချစ်မိသွားလို့တော့ မရဘူး Gyuvin, မင်းက ငါ့တစ်ယောက်တည်းရဲ့ အပိုင်မို့လို့