-ဂွန်းဝုဂ့်ရှီး Presentation အတွက် အပြီးလုပ်စရာလေးရှိလို့ ဒီနေ့တော့ မလာဖြစ်တော့ဘူးနော်
အတန်းပြီးပြီးချင်း ဝင်လာတဲ့ စာကြောင့် ဂွန်းဝုဂ့်မှာ ကျောင်းကောင်စီ အခန်းဘက်ကို မသွားဖြစ်တော့, ကန်တင်းကိုသာ သွားပြီး sandwich နဲ့ Mango Juice ကိုဝယ်ကာ စာကြည့်တိုက်ဘက်ကို လာလိုက်သည်...
သူနဲ့ ဂယူဘင်းနဲ့ သူငယ်ချင်းအဖြစ် ဆက်သွယ်နေတာက တစ်လလောက်တောင် ရှိတော့မည် ဖြစ်သည်။ ဒါပေမဲ့ ဂယူဘင်းဘက်က တစ်ခါမှ ဂွန်းဝုဂ့်ကို ရှီးဆိုပြီး ထည့်ခေါ်တာ မဖြုတ်သေး၊
သူလည်း ထည့်မခေါ်ဖို့ မပြောမိ၊ ဂယူဘင်း ခေါ်တာက နားထောင်လို့ ကောင်းသည်လေ၊ ပြီးတော့ ဂယူဘင်း စိတ်ရှိသလို ခေါ်ပါစေ၊ ဂယူဘင်း ကျေနပ်ရင် ပြီးတာပဲ...
စာကြည့်တိုက်ကို ရောက်သည်နှင့် ဂယူဘင်းကို ရှာရန်မလို၊ ပထမနှစ်ကတည်းက အတွင်းဘက် အကျဆုံးဖြစ်သည့် အလင်းရောင် အနည်းငယ်သာ ရသည့်နေရာတွင် ထိုင်တတ်တာကြောင့်ပင်...
ထိုနေရာကို ဂယူဘင်းကလွဲ၍ ဘယ်သူမှ မထိုင်၊ ဘာလို့ဆို စာကြည့်တိုက်လာတဲ့သူတွေက စာဖတ်ချင်လို့လေ၊ အလင်းရောင် သိပ်မရတဲ့နေရာ၊ပြီးတော့ အဝင်ပေါက်နဲ့ အဝေးဆုံးဖြစ်တဲ့ နေရာမှာ ဘယ်သူမှ မထိုင်ချင်ကြတာကြောင့်ပင်။
"ဂယူဘင်း"
I pad ပေါ်က စာတွေကို မျက်မှန်လေးပင့်တင်ရင်း ဖတ်နေတဲ့ ဂယူဘင်းက သူ့အသံကြားတော့ မော့ကြည့်လာသည်၊
"အယ် ဘယ်လိုရောက်လာတာလဲ?"
"ရှူး တိုးတိုး"
သူက လေသံဖြင့် ပြောတော့ ဂယူဘင်းက ပြုံးကာ ခေါင်းညိတ်လာသည်။
"ငါက မင်းဘာမှမစားဘဲ နေနေမှာစိုးလို့ ဒီမှာ sandwich နဲ့ Mango juice "
"ကျေးဇူးနော်"
သူပေးတဲ့ မုန့်နဲ့ အအေးကို စားရင်း presentation အတွက် ပြင်နေတဲ့ ဂယူဘင်းကို မနှောင့်ယှက်ဘဲ ထထွက်လာချင်ပေမဲ့ သူ့ခြေထောက်တွေက အချုပ်ခံထားရသလို...
Sandwich ကိုစားလိုက်တိုင်း ဖြစ်သွားတတ်တဲ့ ပါးဖောင်းဖောင်းလေးကိုလည်း အကြည့်မလွှဲနိုင်သလို၊ မျက်နှာပေါ်အုပ်နေသည့် ဆံပင်တွေကို ဖယ်ပေးချင်စိတ်ကလည်း တဖွားဖွား...
YOU ARE READING
~GAMBLE~
Fanfictionတစ်ခုတော့ရှိတယ်၊ ချစ်မိသွားလို့တော့ မရဘူး Gyuvin, မင်းက ငါ့တစ်ယောက်တည်းရဲ့ အပိုင်မို့လို့