'ဒေါက် ဒေါက်'
ဆောင်းဝင်လာလေလေ ပိုပြီး အေးတတ်လာလေလေမို့ ရစ်ခီမှာ Heater ဖွင့်ပြီး အခန်းထဲ၌ စောင်ခြုံကွေးနေတုန်း တံခါးခေါက်သံကြောင့် မျက်မှောင်ကျုံ့လိုက်မိသည်။ အပြင်သွားစရာရှိတယ်ဆိုပြီး မသွားသေးတာလား?
"ရစ်ခီ ရစ်~ခီ"
အသံတိုးတိုးလေးနဲ့ တံခါးဝမှာ တစာစာ အော်နေတဲ့ အသံပိုင်ရှင်ကြောင့် ရစ်ခီမှာ မတတ်နိုင်စွာ ကုန်းရုန်းထမိတယ်။
"အင်း လာပါပြီလို့"
"စိတ်- စိတ်ဆိုးနေတုန်းပဲလားဟင်"
မျက်လုံးကလေးကို ပြူးတူးတူးလေးလုပ်ကာ အမေးစကားပြုသည့် ထိုကောင်လေးကို ရစ်ခီ စိတ်ဆိုးမနေပါ၊ ဘာကြောင့်များ စိတ်ဆိုးနေတယ်လို့ ထင်နေမှန်းလည်း ရစ်ခီ နားမလည်...
"ငါက ဘာလို့ စိတ်ဆိုးရမှာလဲ? ဂယူ"
"နေ့လယ်က ငါမင်းကို ပြောလိုက်တာကြောင့်လေ"
ရစ်ခီမှာ ဦးနှောက်ကို ခပ်မြန်မြန် အလုပ်ပေးရသည်။ နေ့လယ်က ဘာကိစ္စများလဲ၊ ဟိုဟိုဒီဒီ လျှောက်တွေးကြည့်ရင်း သတိရလာတာက ထမင်းဝိုင်းက မဆိုသလောက်လေး စကားများသွားတဲ့ အဖြစ်အပျက်...
နေ့လယ်က ထမင်းစားရင်း ဂယူဘင်းမှာ ပထမဆုံးနှင်းကျတဲ့နေ့မှာ အပြင်ထွက်ချင်ပါတယ်လို့ ပူဆာတာကြောင့် ရစ်ခီမှာ တားမိသည်။
မတားလို့မရ သူများတွေလို အင်္ကျီအထူကြီးတွေ နှစ်ထပ်သုံးထပ်ဝတ်ပြီး နေမှာမှ မဟုတ်တာ၊ Hoodie ဝတ်ပြီး ခေါင်းစွပ်ကို ခေါင်းလုံရုံ ဆောင်းကာ အပြင်ထွက်မှာမို့ ထိုအစီအစဉ်ကို တားရင်း စကားများကြရသည်ကား....
"မထွက်ရပါဘူးကွာ အခန်းက မှန်တံခါးကနေ ကြည့်လည်း မြင်ရတာကို"
"မရပါဘူး ငါက နှင်းတွေကိုင်ချင်လို့ကို"
"ပြီးရင် နှင်းကိုက်ပြီး တဆတ်ဆတ်တုန်နေတာ ဘယ်သူလဲ? အလုပ်မဟုတ်တာကို မပူဆာနဲ့"
"ရစ်ခီ!!"
"မရဘူးလို့ ပြောနေတယ်လေ! ဘယ်လိုဖြစ်နေတာလဲ ဂယူဘင်း"
"လာမအော်နဲ့! မင်းဟာလေ တကယ်ပဲ စကားကို ဘယ်တော့မှ ချိုချိုသာသာ မပြောဘူး၊ ပြောဖို့လည်း မကြိုးစားဘူး"
YOU ARE READING
~GAMBLE~
Fanfictionတစ်ခုတော့ရှိတယ်၊ ချစ်မိသွားလို့တော့ မရဘူး Gyuvin, မင်းက ငါ့တစ်ယောက်တည်းရဲ့ အပိုင်မို့လို့