"နာမည်က ပတ်ဂွန်းဝုဂ့်၊ စာသင်နှစ်ကတော့ တူတူပဲ၊ ဒါက ဓာတ်ပုံ၊ သေချာကြည့်ပြီး မှတ်ထား"
ပထမနှစ်ပြီးလို့ ကျောင်းပိတ်ရက်တွေမှာ ရစ်ခီနဲ့ ကျန်တဲ့ သူငယ်ချင်းနှစ်ယောက်ဟာ သူ့ကို ဂွန်းဝုဂ့် lecture တွေပေးနေတာ ဖြစ်သည်။
နေ့တိုင်း ဂွန်းဝုဂ့်က ဘာသောက်တတ်တယ်၊ ဘာစားတတ်တယ်၊ ဘာလုပ်တတ်တယ်ဆိုတာကို စာရင်းကောက်ထားသလိုမျိုး သူ့ခေါင်းထဲဝင်စေရန် တစ်နေ့ကို နှစ်ခေါက်လောက် ပြောတတ်သည်။
အခုဆို ရစ်ခီရဲ့ တိုက်ခန်းဟာ ဂွန်းဝုဂ့် စာသင်ခန်းကြီးကို ဖြစ်လို့နေတော့သည်...
"အာ မနက်ဖြန်ပဲ ကျောင်းဖွင့်တော့မှာကို ပြောဖို့မေ့နေတာ"
ဒီတစ်လခွဲလောက် မရပ်မနား ပြောပြီးတာတောင် မကုန်သေးဘူးလား ဆိုတဲ့ အကြည့်နဲ့ ကြည့်မိတော့ ရစ်ခီဟာ သူ့နဖူးကို လက်နဲ့ ဖွဖွကလေး တောက်သည်။
"မင်းဘာပြောချင်လဲသိပေမဲ့ မင်း သူ့မွေးနေ့ မသိသေးဘူးလေ..."
"အာ ဟုတ်တာပဲ..."
"ဇန်နဝါရီ ၁၀ရက်နေ့"
"အာ ငါ့ထက် ကြီးတာပဲ..."
သူပြောတော့ ရစ်ခီအပါအဝင် သူ့ဘေးက သုံးယောက်လုံးဟာ တဟားဟား အော်ရယ်ကြသည်။
"ဘယ့်နှယ့် ဂယူဘင်းရာ ဘာလို့လဲ မင်းထက် လူကောင်ထွားလို့ အဲ့လိုထင်တာလား?"
ယွန်းဆောစကားကြောင့် သူမျက်မှန်ကို ပင့်တင်လိုက်ရင်း ရစ်ခီ့ဆီ အကြည့်ပို့လိုက်မိသည်။
"မင်းမွေးပြီး နောက်4လနဲ့ ၁၀ရက်ကြာမှ မွေးတာလေ ဂယူဘင်းရဲ့ မင်းထက် ငယ်တယ်"
"ဟင်..."
ဂယူဘင်း၏ ပြူးကြောင်ကြောင် ပုံစံကို ကြည့်ကာ ရစ်ခီပြောလာသည်က...
"မနက်ဖြန်ပဲ စရတော့မှာ၊ ငြင်းလို့မရတော့တာ သိတယ်မလား ဂယူဘင်း"
"ဒါပေမဲ့ ငါ့ထက်ငယ်..."
"မကြားချင်ဘူး၊ မင်းရဲ့ ငယ်တဲ့သူတွေကို ညှာတာရမယ်ဆိုတာကြီးကို ငါနဲ့ လာမဆွေးနွေးနဲ့...."
"မဟုတ်ဘူးလေ ရစ်ခီ ငါ့ထက် ၁နှစ်ငယ်တယ်လေ၊ နောက်ပြီး သူက ဘာအပြစ်မှ မလုပ်ထားဘဲ ငါက..."
YOU ARE READING
~GAMBLE~
Fanfictionတစ်ခုတော့ရှိတယ်၊ ချစ်မိသွားလို့တော့ မရဘူး Gyuvin, မင်းက ငါ့တစ်ယောက်တည်းရဲ့ အပိုင်မို့လို့