"ဂယူဘင်း!! ဂယူဘင်း ထမင်းစားမယ်!!"
"ဂယူဘင်း!! အခန်းထဲက ထွက်, ထမင်းစားရမယ်လို့"
ခေါ်နေတာကြာပြီဆိုပေမဲ့ ထူးသံမကြားတာကြောင့် ရစ်ခီ သက်ပြင်းချမိတယ်၊ စာမေးပွဲကာလ ရောက်ပြီ ဖြစ်တာကြောင့် ဂယူဘင်းက အခန်းထဲမှာ နားကြပ်ကြီးတပ်ကာ စာအုပ်နဲ့မျက်လုံး မခွာဘဲ ရှိနေတာဖြစ်သည်။
စာလုပ်တာက အရေးကြီးတယ်ဆိုပေမဲ့၊ သူ့ကျန်းမာရေးက ဟိုတလောကမှ ပြန်ကောင်းခါစ ဆိုတာကို မေ့များမေ့နေသလား၊
"ကျစ်"
ရစ်ခီ စိတ်ရှုပ်စွာ ဆံပင်အဖြူရောင်တွေကြားထဲ လက်ကို ထိုးထည့်ရင်း သပ်ချမိသည်။
"တကယ်ပဲ မနေ့ညကလည်း ခေါ်မရဘူး၊ အပြင်ကနေ ဖုန်းဆက်တော့လည်း ဖုန်းမကိုင်"
"စာမေးပွဲကဖြင့် ၃ပတ်တောင်လိုသေးတာကို"
ရစ်ခီတို့မေဂျာကတော့ ပန်းချီတွေကို အဓိကထားဝာမို့၊ စိတ်ဝင်တစား ရှိတဲ့ ရစ်ခီအဖို့ စာကို အသည်းအသန် လုပ်စရာမလို၊ စာပေမေဂျာက ဂယူဘင်းကတော့ နေ့မနား ညမအိပ်ဖြင့် စာကို ကုန်းရုန်းလုပ်နေသည်။
"ဂယူဘင်း!!"
ဇွဲမလျှော့ဘဲ တံခါးကိုဆက်တိုက်ထုကာ ခေါ်မှသာ ခေါင်းစုတ်ဖွားနဲ့ လူကို ဆွေကြည့်ရင်း တံခါးဖွင့်လာသည်။
"ထမင်းစားမယ်!!"
"မစားဘူး!!"
"ကင်မ်ဂယူဘင်း!!"
"မစားဘူး သွားစမ်းပါ မင်းဘာသာ သွားစား"
"နေစမ်းပါဦး! မင်း ရေရောချိုးရဲ့လား ဟမ်?!"
ရစ်ခီက ပြောလဲပြောရင်း နှာခေါင်းကိုပါ တရှုံ့ရှုံ့လုပ်လိုက်တာကြောင့် ဂယူဘင်းက လက်သီးဆုပ်တွေနဲ့ထုကာ မောင်းထုတ်သည်။ သေချာပေါက် စာအုပ်ပုံထဲ အိပ်ပြီး စာအုပ်ပုံထဲကပဲ ထကာ စာလုပ်နေပုံရသည်။
"သွား ရေသွားချိုး"
"မချိုးဘူး ဒီဟာလေး ပြီးအောင်လုပ်မလို့၊ သွားစမ်းပါ၊ အားလုံးပြီးရင် ထမင်းလာစားမယ်"
"မရဘူး အခု-"
'ဂျိမ်း!'
ပြောချင်ရာပြောပြီး သူ့ကို အပြင်တွန်းထုတ်ကာ တံခါးကိုပါ ဂျိမ်းခနဲ ပိတ်သွားတော့သည်။ အပြင်ကခေါ်လည်းမရ၊ တံခါးထုလည်း ဂရုမစိုက်နဲ့၊ နောက်ဆုံးတော့ လက်လျှော့လိုက်ရတာ ရစ်ခီသာ...
YOU ARE READING
~GAMBLE~
Fanfictionတစ်ခုတော့ရှိတယ်၊ ချစ်မိသွားလို့တော့ မရဘူး Gyuvin, မင်းက ငါ့တစ်ယောက်တည်းရဲ့ အပိုင်မို့လို့