"ရစ်ခီ ရစ်ခီ မြန်မြန်လုပ်ကွာ နောက်ကျနေပြီ!! ပါမောက္ခက စည်းကမ်းကြီးပါတယ်ဆိုကွာ"
"လာပါပြီကွာ"
ပထမနှစ်ဝက်တုန်းက သင်ရတာ အဆင်မပြေတဲ့ အတန်းမှ အခုအတန်းကို ပြောင်းလိုက်တာကြောင့် အတန်းချိန်တွေဟာ ကမောက်ကမဖြစ်တဲ့အပြင်၊ ဒီအတန်းရဲ့ ပါမောက္ခက သူထင်ထားတာထက် ပိုစည်းကမ်းကြီးတာကြောင့် ဂယူဘင်းလောနေရခြင်းပင်၊
ပုံမှန်ဆို ဘယ်နေရာမှာမှ ချို့ယွင်းမှုမရှိအောင် ကွက်တိပြင်ဆင်တတ်ပေမဲ့ မနေ့ညက ရစ်ခီနဲ့ ဂိမ်းအတူတူ ကစားပေးရင်း အိပ်ရာထနောက်ကျသွားတာ ဖြစ်သည်။
အခုဆို သူအိမ်ရှေ့က အော်နေပေမဲ့ ရစ်ခီဟာ မျက်လုံးကောင်းကောင်း မဖွင့်သေး၊ သူအော်နေလို့သာ အိပ်ချင်လျက်နဲ့ ကားသော့ကိုင်ကာ အိမ်ရှေ့ရောက်လာခြင်း ဖြစ်သည်၊ ဘာမှမလိမ်းထားဘဲ မျက်နှာပြောင်နဲ့ အပြင်ထွက်လေ့မရှိတဲ့ ရစ်ခီဟာ သူ့အတွက်နဲ့ တော်တော် ဒုက္ခရောက်နေပုံ....
အတန်းသာပျက်လို့ရရင် ပထမအချိန် အလွတ်ခံပြီး နေလိုက်ပါတယ်၊ ဒီလို အချိန်တွေဆို မေဂျာတူ အတန်းတူ သူငယ်ချင်း မရှိတာက ဂယူဘင်းအတွက် တော်တော် ဒုက္ခဖြစ်စေသည်။
"ငါ့ကို နောက်မှအော်၊ ဖုန်းလာနေတာ အရင်ကိုင်၊ အချိန်မီစေရမယ်"
မျက်လုံးတွေပွတ်ကာ အိမ်ရှေ့ရောက်လာတဲ့ ရစ်ခီက ဖိနပ်စီးရင်း ပြောလာတာကြောင့် ဂယူဘင်းဖုန်းကိုင်လိုက်သည်။
"ဟဲလို"
"အင်း ပြော ဂွန်းဝုဂ့်"
"ကျောင်းမှာလား?"
"မဟုတ်ဘူး အိမ်မှာပဲရှိနေသေးတာ၊ ဘာလို့လဲ?"
"အခု လောနေတာလား? ဂယူဘင်း"
"အင်း ပါမောက္ခဂျီ အတန်းကို နောက်ကျတော့မှာမို့"
"အာ ဒီနေ့ အတန်းတွေ ရှိမှာမဟုတ်ဘူး၊ ဒီနေ့က ကျောင်းကောင်စီ အဖွဲ့ဝင်တွေ ရွေးမှာလေ, အဲ့ဒါ ဆရာတွေက အတန်းဝင်မှာမဟုတ်ဘူး"
"ဟမ်?!"
"အင်း အဲ့ဒါကြောင့် မင်းအားရင် ငါ့ဆီ ခဏလောက် လာဖို့ ပြောမလို့"
YOU ARE READING
~GAMBLE~
Fanfictionတစ်ခုတော့ရှိတယ်၊ ချစ်မိသွားလို့တော့ မရဘူး Gyuvin, မင်းက ငါ့တစ်ယောက်တည်းရဲ့ အပိုင်မို့လို့