မနက်ခင်းလေးဟာ အခြားသူတွေအတွက်တော့ ပုံမှန်တိုင်းလည်ပက်နေတယ်ဆိုပေမယ့် သူတို့နှစ်ယောက်အတွက်တော့ခုထိ အဆင်မပြေသေး..
ခုလည်းအိမ်ပေါ်ကနေ ဝုန်းဒိုင်းပြေးဆင်းလာတဲ့ Taehyung..အနောက်ခန်းမှာ မနက်စာပြင်နေတဲ့ Jungkook ဟာ Taehyung ပြေးဆင်းလာတာကို
ကြည့်လိုက်တော့ သူ့စီတန်းတန်းမက်မက်က်ိုလာနေတာ သေချာတာကတော့မနက်စာ လာစားတာပဲ ဖြစ်သည်.." Taehyung ဗိုက်ဆာလို့လား "
" မဟုတ်ဘူး သွားစရာရှိလို့ အဲ့တာ ငါသွားတော့မယ် "
" မနက်စာရော "
"ဒါငါ့အတွက်လား "
ပန်းကန်ထဲမှာထည့်လို့ထားတဲ့ ပေါင်မုန့်အသားညှပ် ကိုလက်ညိုးထိုးပြကာ သူအတွက်လားမေးတော့ Jungkook က ခေါင်းလေးညိတ်ပြလိုက်တာနဲ့ ပန်းကန်ထဲက မုန့်ကိုကောက်ယူကာ တကိုက်ကိုက်ပြီးပြေးထွက်သွားတော့သည်..
ပလုပ်ပလောင်းစားရင် Jungkook ကို လှမ်းအော်ကာပြောသွားသေးတာက မသိရင် အမေဖြစ်သူကို အပြင်သွားခါနီး နှုတ်ဆက်သွားတဲ့ သားကျနေတော့တာပဲ
" Jungkook ရေ မနက်စာအတွက်ကျေးဇူးပါနော် ညနေကျမှတွေ့မယ်နော် "
Bus ကားဂိတ်ကို ရေးကြီးသုတ်ဖြာပြေးထွက်လာတဲ့ Taehyung..Jungkook ကရော Jungkook မိဘတွေကပါ ကားဝယ်ပေးကြပေမယ့် သူ့တို့နှစ်ယောက်ရဲ့ ပက်သက်မှုကြောင့် Taehyung ဟာ Jungkook စီကနေ ဘာပစ္စည်းမှ လက်မခံပဲနေသည်..
မနက်ခင်းပိုင်းက အလုပ်သွားသူကျောင်းသွားသူတွေကြောင့် ကားက မနည်းတိုးစီရတဲ့ အခြေအနေ..
ပိတ်စ စက်ရုံကိုသွားပြီးနောက်ထွက်မယ် ဒီဇိုင်းအတွက် ပိတ်စအကျန်လေးတွေကို သူများထက်ဦးအောင်လုရမှာကြောင့် အစောကြီးအသဲအသန်ဖြစ်နေခြင်းဖြစ်သည်..
ပိတ်စအကျန်ဆိုတာကလည်း Jungkook တို့လိုနာမည်ကြီး Brand ကုမ္မဏီကြီးတွေရဲ့ ဒီဇိုင်းအသစ်ပေါ်ပြီးတိုင်း မသုံးတော့တဲ့ ပိတ်စအကျန်တွေကို သူတို့လို Brand သေးသေးလေးတွေက အပြိုင်အဆိုင်လုကြရတာဖြစ်သည်..
ဒါမှလည်း အသားလည်းကောင်းပြီး ဒီဇိုင်းလည်းမိုက်ရင် ရောင်းအားကသူများတွေထက်ပိုကောင်းပြီး နာမည်ပိုရတာကြောင့်ဖြစ်သည်..
![](https://img.wattpad.com/cover/352632744-288-k201893.jpg)