သူရဲ့ ဒီဇိုင်းရွေးခံထားရတာကြောင့် ဒီနှစ်ဆောင်းတွင်းကတော့ Taehyung ရဲ့ဒီဇိုင်းနဲ့ အရင်စံချိန်တွေကို ချိုးနိုင်ပါ့မလားလို့အားလုံးကစိတ်ဝင်စားနေကြသလို Taehyung မှာလည်း ဒီဇိုင်းအတွက် စက်ရုံနဲ့ ကုမ္မဏီကိုချောင်းပေါက်လုမတက်သွားနေရသည်..
Jungkook ကလည်း လစ်ရင်လစ်သလိုခိုးပြီးလိုက်ပို့ပေးတက်ပေမယ့် Jungkook ကလည်း CEO ဖြစ်နေတာကြောင့် ဒီနှစ်ဒီဇိုင်းအတွက်သူ့မှာလည်း အလုပ်အားတယ်လို့ကိုမရှိ..
နှစ်ယောက်သား တွေ့ချ်ိန်ကလည်း အရင်လိုကုမ္မဏီရုံးခန်းမှာတောင်တွေ့ဖို့မလွယ် အိမ်ပြန်ရောက်မှာသာအတိုးတွေရောအရင်းတွေရောပေါင်းပြီး တွေ့ကျမယ်ကြံသော်လည်း နှစ်ယောက်စလုံးအလုပ်ထဲခေါင်းစိုက်နေကြရင်း အိမ်ရှေ့ဆိုဖာမှာသာအိမ်ပျော်သွားတဲ့ရက်တွေမနည်း..
ဒီဇိုင်းထွက်မယ်ရက်ကနီးလာလေ ဒီဇိုင်းနာဖြစ်တဲ့ Taehyung မှာ ရင်တွေခုန်လာသလို မလိုတဲ့သူကလည်းရှိနေတာကြောင့်အမြဲသတိနဲ့သာနေနေရသိ..
ကမ်းခြေသွားတုန်းက တယောက်နဲ့တယောက်နားလည်မှုတွေယူထားခဲ့ကြသည်မို့ Taehyung က အရင်လောက်စိတ်မဆက်တော့သလို Jungkook က သူ့အပေါ်ဘယ်လောက်ချစ်လည်းဆိုတာကိုလည်းသူယုံကြည်တာကြောင့် wooyoung ဘယ်လောက် Jungkook နားကပ်ကပ် သူစိတ်ထဲဘယ်လိုမှမနေတော့..အဲ့လိုဘယ်လိုမှမနေအောင်လည်း တဖတ်က တုန်နေအောင်ချစ်ပေးသည်..
ဘယ်လောက်ပဲပင်ပန်းနေသည်ဖြစ်ဖြစ် Taehyung က သူထက်ပိုပင်ပန်းတယ်ဟုဆိုကာ အိမ်ပြန်ရောက်တိုင်း စားကောင်းသောက်ဖွယ်တွေချက်ကျွေးတက်သလို အနားယူချိန် အလုပ်လုပ်နေချ်ိန်မှာလည်း လက်ကလေးတွေ ခြေထောက်လေးတွေကိုနိုပ်ပေးတက်သေးသည်..အလိုလုပ်ပေးတိုင်း Taehyung ဘက်က မပျက်မကွက် အနမ်းလေးပေးကာ ကျေးဇူးတင်စကားပြောတက်သည်..
Impersonator Lover
ဒီနေ့တော့ နောက်နှစ်ရက်နေရင် ဒီဇိုင်းစတင်ဖြန့်ချီတော့မှာကြောင့် Taehyung မှာ တနေကုန်အလုပ်မအားကာ နေ့လည်စာတောင်အပြင်မထွက်စားနိုင် ဒါကိုအလိုက်သိတဲ့ Jungkook က Taehyung သူဘာသာ မှာတဲ့ပုံစံနေလည်စာကိုလှမ်းမှာပေးကာ Deli နဲ့ပို့ခိုင်းလိုက်သည်..