" ပြန်ရအောင် Tae "
Jungkook ဟာ Taehyung ရဲ့ လက်ကလေးကိုဆုတ်ကိုင်လိုက်ပြီး လက်တွဲကာသွားဖို့လုပ်ပေ
မယ့် သူကသာဆုတ်ကိုင်ထားတာ Taehyung ဘက်က လက်ဝါးဖြန့်လျက်သားလေးအတိုင်း သူဆွဲခေါ်ပြန်တော့လည်း ပါမလာရပ်လို့နေတုန်း သူလှည့်ကြည့်တော့ သူ့ကိုပြန်ကြည့်နေတဲ့ Taehyung." Tae "
Taehyung ဟာ Jungkook ရဲ့လက်ကိုပြန်လည်ဆုတ်ကိုင်လိုက်ပြီး သူ့ကိုလှည့်ကြည့်နေတဲ့ Jungkook ကိုပြုံးပြလိုက်သည်..နှစ်ယောက်သား အရေးပေါ်လှေကားကနေလက်ကလေးဆွဲလို့ထွက်လာတာကို အဝေးက ဆေးကောင်တာကနေလှမ်းကြည့်နေတဲ့ အမေဖြစ်သူရဲ့မျက်နှာကအပြုံးတွေနဲ့သာ..
" ရော့ သား Tae လေး "
အမေဖြစ်သူက ဆေးထုတ်ပေးလို့ Taehyung လက်နှစ်ဖက်နဲ့ ယူမလို့လုပ်ပေးမယ့် တွဲထားတဲ့လက်ကိုဖြုတ်မပေးတဲ့ Jungkook..
Taehyung ဟာ သူလက်ကိုဆွဲလို့ထားတဲ့ Jungkook ကိုမော့ကြည့်ပြီး မျက်မှောင်လေးကျူတ်ပြလိုက်မှ လွှတ်လို့ပေးသည်..
" ဟုတ်ကဲ့ အမေ "
" အဲ့ထဲမှာ ဆေးသောက်ရမယ့်အချိန်တွေရေးထားတယ်သား "
" ဟုတ်ကဲ့ အမေ "
" ဒါဆို အမေတို့ပြန်တော့မယ် "
Tae Jk " ဟုတ်ကဲ့ ကောင်းကောင်းသွားပါ အဖေ အမေ "
အမေဖြစ်သူဟာ Taehyung နားသို့လာကာ Taehyung ကိုဖတ်ကာ ကျောပြင်လေးကိုပုတ်ပြီး နားနားတိုးကပ်လို့တိုးတိုးလေးပြောသွားသည်..
" omma သား လေးကို ဂရုစိုက်ပေးပါအုံးနော် သားTae လေး "
အမေဖြစ်သူဟာTaehyung ကိုပြုံးပြကာနှုတ်ဆက်လို့ထွက်သွားသည်..Taehyung လည်း အဖေနဲ့ အမေကို အရိုအသေပေးရင်း လက်ကလေးပြကာနှုတ်ဆက်လို့ကျန်ခဲ့သည်..
လက်ကလေးပြကာနှုတ်ဆက်နေတဲ့ ထိုလက်ချောင်းလေးတွေအား သူရဲ့လက်ကိုယှက်နွယ်ကာ ဆုတ်ကိုင်လိုက်တဲ့ Jungkook ကြောင့် နှုတ်ဆက်နေရင်း Taehyung မှာ Jungkook ကိုလှည့်ကြည့်လိုက်တော့ ဘေးကနေပြုံးပြလို့နေသည်..
" ပြန်ရအောင် Tae "
" အင်း "
.....🐰🐯
![](https://img.wattpad.com/cover/352632744-288-k201893.jpg)