စက်ရုံမှာဦးလေးနဲ့အတူတူ ပဲခေါက်ဆွဲစားရင်း ပဲခေါက်ဆွဲကပါးစပ်ထဲမရောက် တူနဲ့သာပန်းကန်ထဲမှာမွှေရင်းအကြည့်ကပဲခေါက်ဆွဲပန်ကန်းထဲရောက်နေပေမယ့် အတွေးတွေက တနေရာရောက်နေတဲ့ Taehyung..
" ဦးလေး "
"လန့်လိုက်တာကွာ ဖြေးဖြေးပြောလည်းရတာကိုပြော ဘာလည်း "
" ကျွန်တော်လေ "
" ဘာစကားပြောမှာမို့ အဲ့လောက်တောင်တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေရတာလည်း "
" ကျွန်တော် Jungkook စီမွာ အလုပ်လုပ်ချင်တယ် "
" ဟေ ကောင်းတာပေါ့ ငါကအစောကြီးထဲက ပြောချင်တာ မင်းတို့ကလင်လင်တွေဖြစ်နေကြပြီလေ မင်းရဲ့ပညာနဲ့ Jungkook ရဲ့ငွေကြေးနဲ့သာပေါင်းဆက်လိုက်လို့ကတော့ကွာ Brand လောကရဲ့ ဘုရင် JK က ထပ်ဆင့် crown ပါဆောင်းသွားမှာ ငါ့တူရ ဦးလေးက ပြောချင်ပေမယ့် မင်းစိတ်မပါတာကိုအတင်းမလုပ်စေချင်ဘူးလေ ပြီးတော့ ဟိုတေလာက ဦးလေးစီ မင်းယောက္ခမ လာသွားသေးတယ် "
"omma က ဟုတ်လား "
" အေးဟုတ်တယ် မင်းတို့နှစ်ယောက်က ချစ်သူတွေသာပြောတာတဲ့ နည်းနည်းတစိမ်းဆန်နေသလိုပဲတဲ့ လက်လည်းထပ်ပြီးပြီဆိုတော့ မင်းကို Jungkook နားမှာပဲနီးနီးလေးနေစေချင်ပုံ.. အလုပ်မှာက အခြားမိန်းကလေးတွေကလည်းရှိတော့ သူ့ပုံစံက သားကိုစိတ်မပူပဲသားမက်ဖြစ်တဲ့မင်းကိုစိတ်ပူနေပုံဟ.. အဲ့တာကြောင့် အနေနီးနီးလေးနေစေချင်နေတာ ဦးလေးလည်းအသက်ကြီးပြီ ငါလည်းဆက်မလုပ်ချင်တော့ဘူး မင်းJungkook နဲ့တူတူအလုပ်လုပ်ဖြစ်ရင် ငါလည်း ခရီးလေးဘာလေးအေးဆေးထွက်ရတာပေါ့ကွာ "
" ဦးလေးဆန္ဒကလည်းအဲ့လိုဆိုရင် ကျွန်တော် Jungkook ကိုပြောကြည့်လိုက်မယ်လေ ဒါပေမယ့် သူ့အမျိုးသားဆိုပြီး နေရာပေးတာမျိုးတော့မလိုချင်ဘူး ဦးလေးရဲ့ "
" ဒါတော့မင်းတို့ညှိကြည့်ပေါ့ကွာ "
" ဟုတ်ဦးလေး "
Taehyung လည်းဦးလေးဖြစ်သူစီက ခွင့်ပြုချက်ရတော့မှပဲ ပဲခေါက်ဆွဲကိုစားနိုင်တော့သည်..စားသောက်ပြီးတော့သူတို့ရဲ့ နောက်ဆုံးဒီဇိုင်းကို သေချာလေးစီမံနေတဲ့ Taehyung..
![](https://img.wattpad.com/cover/352632744-288-k201893.jpg)